SJ WorldNews - шаблон joomla Авто

HP Chromebook X2 12 Tablet ကို HP စတင်မိတ်ဆက်

Thursday, 12 April 2018 13:11 font size decrease font size decrease font size increase font size increase font size

HP က Tablet အဖြစ်သာမက Laptop အဖြစ်ပါ အသုံးပြုနိုင်တဲ့ HP Chromebppk X2 12 ကို ဒီလထဲမှာ ဈေးကွက်ထဲကို စတင်မိတ်ဆက်ခဲ့ပါတယ်။

ဒီ Tablet ကို ကွန်ပျူတာ တစ်ခုအနေနဲ့ အသုံးပြုနိုင်ဖို့ ကီးဘုတ်တစ်ခုကိုပါ ထည့်သွင်းထားပါတယ်။ စာစီ၊ စာရိုက်၊ ဓါတ်ပုံပြင်တာတွေ လုပ်တဲ့အခါမှာ Tablet ကို ကီးဘုတ်နဲ့ ချိန်ပြီး အသုံးပြုလိုက် ရုံဖြစ်ပါတယ်။ Tablet မှာ နောက်ကင်မရာ 13 MP နဲ့ ရှေ့ကင်မရာ 5 MP တို့ ပါဝင်ပါတယ်။ ဒါ့အပြင် စတီရီယို စပီကာ၊ မိုက်ခရိုဖုန်းတို့လည်း ပါဝင်ပါတယ်။ တခြားပါဝင်တဲ့ Function တွေက 82.11 ac Wi-Fi? Bluetooth 4.2 နဲ့ 48 Whr Battery တို့ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ကြေညာချက်အရ ဘက်ထရီ သက်တမ်းက ၁ဝ နာရီခွဲအထိ ခံပါတယ်။ Tablet ရဲ့ အလေးချိန်က ၁ ဒသမ ၆ ပေါင်လောက်ရှိပါတယ်။ Tablet ရဲ့ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၆ဝဝ ဖြစ်ပြီး HP.com မှာ ဝယ်ယူနိုင်ပါတယ်။

Read 102 times Last modified on Thursday, 12 April 2018 13:12