SJ WorldNews - шаблон joomla Авто

မားစ်ဂြိုဟ်၌ ရဟတ်ယာဉ် ပျံသန်းရန် နာဆာစီစဉ်

Tuesday, 15 May 2018 09:27 font size decrease font size decrease font size increase font size increase font size

နာဆာက ၂ဝ၂ဝ ပြည့်နှစ်မှာ မားစ်ဂြိုဟ်သို့ သွားရောက်မယ့် အာကာသအစီအစဉ်မှာ ရဟတ်ယာဉ် အသေးစားတစ်စင်း ပါဝင်လာမယ်လို့ ကြေညာထားပါတယ်။ ရဟတ်ယာဉ် တည်ဆောက်ဖို့ အချိန်လေးနှစ်ကျော်ခန့် ကြာမြင့်ခဲ့ပြီး အလေးချိန် ၁ ဒသမ ၈ ကီလိုဂရမ်ခန့် ရှိတယ်လို့ သိရပါတယ်။ ရဟတ်ယာဉ်မှာ ပန်ကာဒလက် လေးခုတပ်ဆင်ထားပြီး တစ်မိနစ်ကို အကြိမ်ရေ ၃ဝဝဝ ခန့် လည်ပတ်နိုင်တာမို့ သာမန် ရဟတ်ယာဉ်တွေထက် ၁ဝ ဆခန့်ပိုမြန်တယ်လို့ နာဆာက ပြောကြားထားပါတယ်။ တခြားဂြိုဟ်တစ်ခုမှာ ရဟတ်ယာဉ် တစ်စင်း ပျံသန်းနိုင်ဖို့ စီစဉ်မှုက အလွန်စိတ်လှုပ်ရှားဖွယ် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခြင်းကြောင့် မားစ်ဂြိုဟ်မှာ သုတေသန လုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်း နာဆာရဲ့ အုပ်ချုပ်ရေးမှူး ဂျင်ဘရိုက်ဒန်စတိုင်းက ပြောကြားထားပါတယ်။ ဒီအသေးစား ရဟတ်ယာဉ်ငယ်က မောင်းသူမဲ့ ယာဉ်ငယ်တစ်ခုဖြစ်ပြီး အဝေးကနေ ထိန်းချုပ်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ မားစ်ဂြိုဟ်ပေါ်မှာ ရဟတ်ယာဉ် ပျံသန်းမယ့် အစီအစဉ်ကို မြန်မာနွယ်ဖွား ဒေါ်မီမီအောင်က ပရောဂျက် ဒါရိုက်တာအဖြစ် ဦးစီးဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

Read 119 times Last modified on Tuesday, 15 May 2018 09:37