SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မိုးပျံတက္ကစီ ပုံစံသစ် တစ်မျိုးကို Uber မိတ်ဆက်

Thursday, 24 May 2018 09:38 font size decrease font size decrease font size increase font size increase font size

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသည့် Elevate Summit တွင် Uber သည် မိုးပျံတက္ကစီပုံစံသစ် တစ်မျိုးကို မိတ်ဆက်ခဲ့သည်။ အဆိုပါယာဉ်သည် ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်ပြီး လူဦးရေ ထူထပ်သည့်မြို့ကြီးများ၌ မိုးပျံတက္ကစီ ဝန်ဆောင်မှုကို လာမည့်နှစ်နှစ်အတွင်း စတင်နိုင်သည်ဟု Uber က ကြေညာထားသည်။ Uber မှ မိတ်ဆက်သည့် မိုးပျံတက္ကစီတွင် ခရီးသည်လေးဦးခန့် စီးနင်းလိုက်ပါနိုင်ကြောင်း၊ မိုးပျံတက္ကစီ ဝန်ဆောင်မှုကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်မိတ်ဆက်ရန် စီစဉ်ထားကြောင်း၊ ထို့ပြင် ခရီးသည် ကိုယ်တိုင်မောင်းနှင်နိုင်မည့် ဝန်ဆောင်မှုကို လာမည့်ငါးနှစ်မှ ၁ဝ နှစ်ခန့်အတွင်း စတင်ရန် စီစဉ်ထားကြောင်း သိရသည်။ မြို့ကြီးများ၌ ဒေါင်လိုက်ဆင်းသက်နိုင်မည့် မိုးပျံတက္ကစီ ဝန်ဆောင်မှုကို မကြာမီနှစ်များအတွင်း ကုမ္ပဏီများက စတင်မည်ဟု ယူဆကြောင်း၊ မိမိတို့ ကုမ္ပဏီသည်လည်း အဆိုပါ ဝန်ဆောင်မှုကို လက်တွေ့ အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိကြောင်း Uber မှ အမှုဆောင် အရာရှိချုပ် ဒါရာခိုရိုရှာဟီကပြောသည်။ မိုးပျံတက္ကစီ ကွန်ရက်ကို အကောင်အထည် ဖော်လိုကြောင်း၊ သို့မှသာ ပုံမှန်ခရီးသည် များသည် မိုးပျံတက္ကစီများကို စီးနင်းခ သက်သက်သာသာဖြင့် စီးနင်းနိုင်မည်ဖြစ်ပြီး ယာဉ်ကြော ကျပ်တည်းမှု ကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 294 times Last modified on Thursday, 24 May 2018 09:40