SJ WorldNews - шаблон joomla Авто

ငါးစက္ကန့်အတွင်း အားသွင်းနိုင်မည့် နာနိုဘက်ထရီတီထွင်

Thursday, 24 May 2018 09:42 font size decrease font size decrease font size increase font size increase font size

အီလက်ထရွန်နစ် ပစ္စည်းများတွင် တပ်ဆင်ထားသည့် ဘက်ထရီအား ငါးစက္ကန့်အတွင်း အားသွင်းနိုင်မည့် နာနိုနည်းပညာကို အမေရိကန် ပြည်ထောင်စု နယူးယောက်ရှိ ကော်နဲ တက္ကသိုလ်မှ သိပ္ပံပညာရှင် များက တီထွင်နိုင်ခဲ့ကြသည်။ သိပ္ပံညာရှင်များသည် ပုံမှန် ဘက်ထရီတွင် အသုံးပြုသည့် Anode နှင့် Cathode အစား နာနိုဘက်ထရီတွင် 3-D Gyroidal Structure ဖြင့် အစားထိုး တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် Nanoscale Pore များသည် စွမ်းအင်သိုလှောင်ရန်နှင့် ဖြန့်ဝေရန် လျင်မြန်စွာ လုပ်ဆောင်နိုင်သည်ကို သိပံ္ပပညာရှင်များက ဖော်ထုတ်တွေ့ရှိ ခဲ့ကြသည်။ ယခုကဲ့သို့ နာနိုဘက်ထရီကို တီထွင်နိုင်မှုသည် နည်းပညာ တော်လှန်ရေး တစ်ခုဟု ပြောနိုင်ကြောင်း၊ သမားဘက်ထရီများထက် စွမ်းအင်ကို လျင်မြန်စွာသိုလှောင် သိမ်းဆည်းနိုင်ကြောင်း အဆိုပါ တက္ကသိုလ်မှ ပါမောက္ခ အယ်ရစ်ခ်ျဝီနာက ပြောသည်။ လက်ရှိတွင် အဆိုပါ တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် နာနိုဘက်ထရီကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Read 103 times Last modified on Thursday, 24 May 2018 09:52