×

Warning

JUser: :_load: Unable to load user with ID: 107
Print this page

ဆွဲဆောင်မှု ရှိ မရှိ သိရှိရန် Dating ApplicationApplication များကို အမျိုးသမီးများ အသုံးပြု

Thursday, 24 May 2018 09:52 font size decrease font size decrease font size increase font size increase font size

အမျိုးသမီးများသည် အွန်လိုင်းပေါ်ရှိ Tinder နှင့် Bumble ကဲ့သို့သော Dating Application များကို အမှန်တကယ် ဘဝလက်တွဲဖော်ရှာရန် အတွက်မဟုတ်ဘဲ ၎င်းတို့၏ အလှအပနှင့် ဆွဲဆောင်မှု ရှိ၊ မရှိသိရှိနိုင်ရန် အသုံးပြုခြင်းသာ ဖြစ်ကြောင်း နော်ဝေတက္ကသိုလ် တစ်ခုမှ ပြုလုပ်သည့် လေ့လာမှုတစ်ခုအရ သိရသည်။ ထို့ပြင် အမျိုးသားများသည် Dating Application များကို ခေတ္တလိင်ပိုင်းဆိုင်ရာ သာယာမှုရရှိရန် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။ အမျိုးသမီးများသည် Dating Application များအား ၎င်းတို့၏ အလှအပကို အများက စိတ်ဝင်စားမှု ရှိ၊ မရှိ သိရှိနိုင်ရန် အသုံးပြုခြင်း ဖြစ်ကြောင်း နော်ဝေနိုင်ငံရှိ သိပံ္ပနှင့် နည်းပညာ တက္ကသိုလ်မှ ဒေါက်တာ မွန်ဘန်ဒီဇန်ကပြောသည်။ သုတေသီများသည် နော်ဝေ တက္ကသိုလ်မှ အသက် ၁၉ နှစ်နှင့် ၂၉ နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူ ၆၄၁ ဦးကို Dating Application အသုံးပြုမှုနှင့် ပတ်သက်၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြသည်။ အမျိုးသား၊ အမျိုးသမီးများသည် Dating Application များကို အသုံးပြုသည့် အချိန်ပမာဏ တူညီကြကြောင်း၊ သို့ရာတွင် အသုံးပြုသည့် ရည်ရွယ်ချက် ကွဲပြားခြားနားကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

Read 326 times Last modified on Thursday, 24 May 2018 09:53