SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

Samsung Galaxy A6+ စမတ်ဖုန်းသစ် စတင်မိတ်ဆက်

Monday, 28 May 2018 09:51 font size decrease font size decrease font size increase font size increase font size

အဆင့်မြင့်ကင်မရာနဲ့ စတိုင်ကျတဲ့ ဒီဇိုင်းကို ပေါင်းစပ်ထားတဲ့ Samsung Galaxy A6+ စမတ်ဖုန်းသစ်ကို ပြည်တွင်းဈေးကွက်မှာ စတင်မိတ်ဆက်လိုက်ပါပြီ။ Samsung Galaxy A6+ ရဲ့ စွမ်းဆောင်ရည်မြင့် နောက်ကင်မရာနဲ့အတူ ချိန်ညှိနိုင်တဲ့ LED Flash ပါဝင်ပါတယ်။ Galaxy A6+ rSm 6" FHD Super AMOLED ကိုသုံးထားပြီး RAM 3 GB + Rom 32 GB ပါဝင်တယ်။ Android OS 8.0ကို သုံးပေးထားပြီး ကင်မရာပိုင်းမှာလည်း ရှေ့ကင်မရာ 16 MP + 5MP နဲ့ နောက်ကင်မရာ 24 MP သုံးထားပါတယ်။ ကင်မရာမှာ Live Focus Mode ကို အသုံးပြုထားပြီး ဓာတ်ပုံတွေကို လိုသလို ချိန်ညှိနိုင်တဲ့အတွက် နောက်ခံမှုန်ဝါးတဲ့ ဒီဇိုင်းတွေကိုတောင် ပြင်ဆင်ဖန်တီးနိုင်ပါတယ်။ ဘက်ထရီပိုင်းကို 3500 mAh ကိုသုံးထားပြီး Dolby Atoms Optimized Audio ပါရှိလို့ ပြတ်သားတဲ့ အသံထွက်နှုန်းကိုလည်း နားဆင်နိုင်မှာပါ။ ပြည်တွင်း ဈေးကွက်မှာတော့ အမည်းရောင်၊ ရွှေရောင်နဲ့ အပြာရောင် သုံးမျိုးရရှိနိုင်ပြီး ငွေကျပ် ၄၉၉ဝဝဝ နဲ့ ရောင်းချပေးလျက်ရှိပါတယ်။

Read 288 times Last modified on Monday, 28 May 2018 09:51