SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အနာဂတ်တွင် စက်ရုပ်များသည် လူသားတို့၏ မိသားစုဝင်များ ဖြစ်လာနိုင်

Monday, 04 June 2018 10:20 font size decrease font size decrease font size increase font size increase font size

AI နည်းပညာသုံး စက်ရုပ်များသည် အနာဂတ်တွင် လူသားတို့၏ မိသားစုဝင်များ သဖွယ် ဖြစ်လာနိုင်ကြောင်း အောက်စဖို့ဒ် တက္ကသိုလ်မှ ပညာရှင် နီဂယ်ရှက်ဘော့က ပြောသည်။ အနာဂတ်တွင် သက်ကြီးရွယ်အိုများ အတွက် AI နည်းပညာသုံး စက်ရုပ်များက ကူညီစောင့်ရှောက်မည့် သူများ ဖြစ်လာနိုင်သည့် အပြင် အထီးကျန်သော ကလေးငယ်များ အတွက်လည်း သူငယ်ချင်း ဖြစ်လာနိုင်ခြင်းကြောင့် လူသားတို့သည် စက်ရုပ်များကို မိသားစုဝင်အဖြစ် သတ်မှတ်လာမည် ဖြစ်ကြောင်း နီဂယ်ရှက်ဘော့က ပြောသည်။ AI နည်းပညာသည် လူသားမျိုးနွယ်ကို ခြိမ်းခြောက်လိမ့်မည်ဟု တချို့သော သိပ္ပံပညာရှင်များက ယူဆလျက်ရှိသည်။ Hollywood ၏ ရုပ်ရှင်ဇာတ်လမ်းများ၌ ၎င်း၏အယူအဆကို ပုံဖော်ကာ ဇာတ်လမ်းများ ရိုက်ကူးတင်ဆက်လျက် ရှိပြီး ၎င်း၏ အယူအဆများသည် မှားယွင်းမှု တစ်ခုသာဖြစ်ကြောင်း နီဂယ်ရှက်ဘော့က ပြောသည်။

Read 375 times Last modified on Monday, 04 June 2018 10:22