SJ WorldNews - шаблон joomla Авто

လူသားတို့၏ စိတ်အပြောင်းအလဲကို စောင့်ကြည့်နိုင်သည့် စိတ်ဖတ်ကိရိယာ တီထွင်

Monday, 04 June 2018 10:22 font size decrease font size decrease font size increase font size increase font size

နော်တင်ဟမ် တက္ကသိုလ်မှ သုတေသီ ရစ်ချက်ရမ်ချန်သည် လူသားတို့၏ စိတ်အခြေအနေ စောင့်ကြည့်နိုင်သည့် စိတ်ဖတ်ကိရိယာ တီထွင်နိုင်ခဲ့ကြောင်း သိရသည်။ ရစ်ချက်ရမ်ချန်၏ စိတ်အပြောင်းအလဲကို တိုင်းတာနိုင်သည့် အဆိုပါ ကိရိယာသည် လူသားတို့၏ ဦးနှောက် အတွင်းရှိ လျှပ်စစ်သံလိုက် လှိုင်းများ၏ ပြောင်းလဲမှုကို စောင့်ကြည့်နိုင်ပြီး အနီးရှိ ကွန်ပျူတာသို့ ယင်းအချက်အလက် များကို ပေးပို့လေ့ရှိသည်။ ယင်းကိရိယာကို ရုပ်ရှင်ကြည့်ရာတွင် ဖြစ်ပေါ်လာသည့် လူသားတို့၏ စိတ်ခံစားမှု အခြေအနေကို အကဲခတ်နိုင်ရန် တီထွင်ခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်ကြည့်နေသူ၏ ပျင်းရိလာသည်ဟု ယူဆရသည့် လျှပ်စစ်သံလိုက်လှိုင်း အနိမ့်အမြင့်ကို သတင်းပို့ခဲ့ပါက ကွန်ပျူတာသည် စိတ်ဝင်စားမှုကို မြင့်တက်နိုင်သည့် ဇာတ်လမ်း ဇာတ်ကွက်များကို ချက်ချင်းပြောင်းလဲ ပေးလိမ့်မည် ဖြစ်ကြောင်း သိရသည်။ လူတစ်ဦး၏ ဦးနှောက်မှ ထုတ်လွှတ်သည့် လျှပ်စစ်လှိုင်းများကို ယင်းစိတ်ဖတ် ကိရိယာက တိုင်းတာပြီးနောက် Bluetooth မှတစ်ဆင့် ကွန်ပျူတာသို့ အချက်အလက်များ ပြန်လည်ပေးပို့မည် ဖြစ်ကြောင်း သိရသည်။

Read 97 times Last modified on Monday, 04 June 2018 10:22