SJ WorldNews - шаблон joomla Авто

နောက်ဆုံးပေါ် နည်းပညာနဲ့ ဖက်ရှင်ကျတဲ့ Maxell Wireless Mouse

Thursday, 07 June 2018 11:39 font size decrease font size decrease font size increase font size increase font size

Maxell Japan က ဖက်ရှင်ကျကျဒီဇိုင်းနဲ့ Latest Japanese Technology အသုံးပြုထားတဲ့ Wireless Mouse ကို အသစ်ထပ်မံ ထုတ်လုပ်လိုက်ပါပြီ။ Mouse ရဲ့ Optical မီးအရောင်ကို တခြား Mouse တွေနဲ့မတူဘဲ အပြာရောင် LED ကို အသုံးပြုထားတာကြောင့် Mouse Pad ခံပြီး အသုံးပြုစရာမလိုဘဲ နေရာမရွေး ပိုမိုမြန်ဆန် သွက်လက်စွာ အသုံးပြုနိုင်ပါတယ်။ Nano USB Receiver ပါဝင်ပြီး Computer ရဲ့ USB ပေါက်မှာ တပ်လိုက်တာနဲ့ အဆင်သင့် အသုံးပြုနိုင်တဲ့ Plug & Play System နဲ့ ထုတ်လုပ်ထားပြီး Forward နဲ့ Backward ခလုတ်တွေ ပါဝင်ပါတယ်။ Mouse ရဲ့ Speed ကို မြန်ဆန်စွာ အသုံးပြုနိုင်မယ့် 800 DPI rS 1600 DPI သို့ ပြောင်းလဲပေးနိုင်တဲ့ DPI ခလုတ်ပါဝင်ပြီး Window & Mac OS တို့နဲ့လည်း တွဲဖက် အသုံးပြုနိုင်ပါတယ်။ Rubber Click Wheel ကို အသုံးပြုထားတာကြောင့် File တွေကို အထက်အောက် အလွယ်တကူဆွဲပြီး ကြည့်နိုင်တဲ့အပြင် LED Indicator လည်း ပါဝင်ပါတယ်။ ဈေးနှုန်းကို ငွေကျပ် နှစ်သောင်းဝန်းကျင် သတ်မှတ်ထားပြီး ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

Read 99 times Last modified on Thursday, 07 June 2018 11:40