SJ WorldNews - шаблон joomla Авто

OPPO ၏ F7 နှင့် F7 Youth ကို ပြည်တွင်း၌ စတင်မိတ်ဆက်

Thursday, 07 June 2018 11:40 font size decrease font size decrease font size increase font size increase font size

Selfie Expert and Leader အဖြစ် သတ်မှတ်ထားတဲ့ Oppo F7 eJY OPPO F7 Youth ကို ပြည်တွင်းဈေးကွက်အတွင်း စတင်မိတ်ဆက်လိုက်ပါပြီ။ AI နည်းပညာကို အသုံးပြုထားတဲ့ Oppo F7 က စမတ်ဖုန်း နည်းပညာ အဆင့်ကို တိုးမြှင့်ပေးထားသလို Multi-tasking Software ပါဝင်တာကြောင့် အတွေ့အကြုံသစ်တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ 25 MP X Real-Time HDR Sens ပါဝင်တာကြောင့် အလင်းအမှောင်တွေကို သဘာဝအတိုင်း ချိန်ညှိပေးနိုင်မှာ ဖြစ်ပါတယ်။ Operation System နဲ့ နောက်ဆုံးပေါ် 64 bit 4 GB Octa-Core Processor ကို အသုံးပြုထားသလို Android Version 8.1 ကို သုံးထားတဲ့အတွက် ၈ဝ ရာခိုင်နှုန်း ပိုမိုမြန်ဆန်အောင် စွမ်းဆောင်ပေးမှာပါ။ OPPO F7 Youth က AI 2.0 Beauty Technology နည်းပညာကို ထည့်သွင်းထားတာကြောင့် မျက်နှာသွင်ပြင်ကို လိုက်ပြီး အလှဖန်တီးရှင် တစ်ယောက်လို လုပ်ဆောင်နိုင်မှာပါ။ Facial Recognition အမှတ်ပေါင်း ၂၉၆ ခုကို ဖတ်ယူနိုင်တဲ့စနစ် ထည့်သွင်းထားတာကြောင့် သဘာဝဆန်တဲ့ ဖန်တီးမှုတွေ ကိုလည်း ပြုလုပ်နိုင်မှာပါ။ မျက်နှာပြင် အရွယ်အစားက 6" Full HD Display ဖြစ်ပြီး စွဲမက်ဖွယ်ရာ ရုပ်ထွက်ကောင်းတွေ ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ Memory RAM 4 GB၊ ROM 64 GB နဲ့ ၁၅ နာရီအထိ ဆက်တိုက် အသုံးပြုနိုင်တဲ့ 3410 mAh ဘက်ထရီ တပ်ဆင်ထားတာကြောင့် ဘက်ထရီအားကုန်တဲ့ ပြဿနာကို လျော့နည်းစေမှာပါ။ ဒါ့ပြင် လျှို့ဝှက်ထားလိုတဲ့ ဖိုင်တွေ၊ သီးသန့်ထားလိုတဲ့ Application တွေကို တခြားသူတွေ မကြည့်နိုင်အောင် ကာကွယ်ထားနိုင်သလို ကိုယ်ရေး အချက်အလက်တွေကို Thirdparty app တွေကနေ ရယူတာကိုပါ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ OPPO F7 ရဲ့အရောင်တွေက Solar Red၊ Moonlight Silver နဲ့ Diamond Black ဆိုပြီး သုံးမျိုးရွေးချယ်နိုင် ပါတယ်။ ဈေးနှုန်းကတော့ ငွေကျပ် ၃၈၉ဝဝဝ သတ်မှတ်ထားပါတယ်။ F7 Youth ကို အရောင်သုံးမျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီးငွေကျပ် ၃၁၉ဝဝဝ နဲ့ ဈေးကွက်အတွင်း ရရှိနိုင်မယ်လို့ သိရပါတယ်။

Read 85 times Last modified on Thursday, 07 June 2018 11:40