SJ WorldNews - шаблон joomla Авто

Galaxy မျိုးဆက်သစ် စမတ်ဖုန်းများ ဖြစ်သည့် Galaxy J4 နှင့် Galaxy J6 ကို ပြည်တွင်းဈေးကွက်၌ မိတ်ဆက်

Wednesday, 20 June 2018 10:19 font size decrease font size decrease font size increase font size increase font size

Galaxy မျိုးဆက်သစ် စမတ်ဖုန်းများဖြစ်သည့် Galaxy J4 နှင့် Galaxy J6 ကို ယခု လဆန်းပိုင်းမှစ၍ ပြည်တွင်းဈေးကွက်အတွင်း မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းသစ်များတွင် Samsung ၏မူပိုင် Super AMOLED မျက်နှာပြင်ကို အသုံးပြု ထားသောကြောင့် ကြည်လင်ပြတ်သား၍ တောက်ပသော အရည်အသွေးမြင့် ရုပ်ပုံများ ကြည့်ရှုနိုင်မည်ဖြစ်သည်။ Galaxy J4 ၏ ဖုန်းမျက်နှာပြင်မှာ 5.5 အရွယ်အစား HD (720 _ 1280) Super AMOLED မျက်နှာပြင်ဖြစ်ပြီး Galaxy J6 ၏ ဖုန်းမျက်နှာပြင်မှာ 5.6" အရွယ်အစား HD+ (720 _1480) Super AMOLED မျက်နှာပြင်ကို အသုံးပြုထားခြင်း ဖြစ်သည်။ Galaxy J4 နှင့် J6 ဖုန်းနှစ်မျိုးစလုံး၌ ခေတ်မီဆန်းသစ်သော ဒီဇိုင်းများဖြင့် ဖွဲ့စည်းထားကာ အနက်ရောင်၊ ရွှေရောင်နှင့် ခရမ်းရောင်ဟူ၍ အရောင်သုံးမျိုး ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့ပြင် Low Aperture ပါဝင်သော ရှေ့၊ နောက်ကင်မရာများသည် အမှတ်တရ အခိုက်အတန့်များအား နေ့၊ ညအချိန်မရွေး အရောင်အသွေး စုံလင်သည့် ပုံရိပ်များအဖြစ် မှတ်တမ်းတင်ပေးနိုင်မည် ဖြစ်သည်။ Galaxy J4 နှင့် J6 တွင် 15GB သိုလှောင်နိုင်သော Samsung Cloud Storage ပါရှိသောကြောင့် အသုံးပြုသူများ အနေဖြင့် ၎င်းတို့၏ဓာတ်ပုံများ၊ ကိုယ်ရေး အချက်အလက်များနှင့် တခြားအချက်အလက် များကို လုံခြုံစွာ အလွယ်တကူ သိမ်းဆည်း ထားနိုင်မည်ဖြစ်ပြီး အသုံးပြုလိုသည့် အချိန်တွင် အချိန်၊ နေရာမရွေး ဆက်လက် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် Galaxy J4 နှင့် J6 နှစ်မျိုးစလုံးတွင် Slot သုံးခုပါရှိသည့် Dual-SIM စနစ် ထည့်သွင်း ပေးထားသောကြောင့် သုံးစွဲသူများ အနေဖြင့် MicroSD တစ်ကတ်နှင့် SIM ကတ်နှစ်ခုကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဘက်ထရီပိုင်းတွင် 3000 mAh ကို အသုံးပြု ထားခြင်းဖြစ်သည်။ Galaxy J4 နှင့် Galaxy J6 စမတ်ဖုန်း သစ်များကို ပြည်တွင်းဈေးကွက်၌ ဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းများမှာ Galaxy J4 ကို ငွေကျပ် ၂၁၉ဝဝဝ၊ Galaxy J6 ကို ငွေကျပ် ၃၁၅ဝဝဝ ဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 213 times Last modified on Wednesday, 20 June 2018 10:20