SJ WorldNews - шаблон joomla Авто

MSI ၏ ဆန်းသစ်ထားသော ဒီဇိုင်းဖြစ်သည် GE63 Raider RGB 8RE Gaming Laptop

Wednesday, 20 June 2018 10:20 font size decrease font size decrease font size increase font size increase font size

MSI ၏ ဆန်းသစ်ထားသော RGB Edition ဒီဇိုင်းနှင့် ကမ္ဘာ့ပထမဆုံး Per-Key RGB Gaming ကီးဘုတ်ပါဝင်သော GE63 Raider RGB 8RE Gaming Laptop ကိုပြည်တွင်းဈေးကွက် အတွင်း မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်း Laptop သည် 8th Generation Coffee Lake ဖြစ်ပြီး Processor intel core i7 (8750H? Memory DDR4 16GB) 1TB HDD (7200 RPM) နှင့် 256GB SSD ပါဝင်ပြီး Graphic အနေဖြင့် Nvidia Geforce GTX 1060 6GB အမျိုးအစားကို အသုံးပြုထားသောကြောင့် Gaming Performance ကို အကောင်းဆုံး ရရှိနိုင်သည်။ Anti-glare (Wide-viewing angle) ဖြစ်သည့် 15.6" LED Display က အကောင်းဆုံး ပုံထွက်များကို ပေးစွမ်းနိုင်မည်ဖြစ်ပြီး Full HD udk Resolution (1920 _1080) ဖြင့် လုပ်ဆောင်ပေးမည်ဖြစ်သည်။ ကမ္ဘာ့ပထမဆုံး 120Hz 3ms ဂိမ်းအမြန်နှုန်း ဖြစ်သည့် Display Support ပေးသကဲ့သို့ Game Sense ရသည့် SteelSeries Engine 3 Gaming ကီးဘုတ်ပါဝင်သော ကမ္ဘာ့ ပထမဆုံး Per-Key RGB Laptop တစ်ခုလည်းဖြစ်သည်။ ဘက်ထရီမှာ 6 cells ဖြစ်သော်လည်းတခြား Model များထက်ပိုပြီး တာရှည်ခံနိုင်သော ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး Windows 10 Home License ပါရှိကြောင်း သိရသည်။ ယင်း Laptop မှာ ဂိမ်းကစားသူများ အတွက် သင့်လျော်သည်။ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၇၉၀ သတ်မှတ်ထားပြီး ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Read 237 times Last modified on Wednesday, 20 June 2018 10:21