SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သေးငယ်ပေါ့ပါးတဲ့ Fujifilm X-A5 ကင်မရာ

Tuesday, 26 June 2018 10:03 font size decrease font size decrease font size increase font size increase font size

Dark Silver Color နဲ့ထွက်ရှိလာတဲ့ Fujifilm X-A5 Limited Edition ကင်မရာက X series ကင်မရာတွေထဲမှာ အသေးငယ်ဆုံးနဲ့ အပေါ့ပါးဆုံး ကင်မရာ ဖြစ်ပါတယ်။ Retro အသွင်အပြင် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပြန်လည်မွမ်းမံထားတဲ့ ISO စွမ်းဆောင်ရည်က 200-12800 အထိ ပါဝင်လာပြီး 51200 အထိ တိုးချဲ့ရိုက်ကူးနိုင်ပါတယ်။ အပေါ်အောက် ရွေ့လျားနိုင်တဲ့ 180 Degree လှည့်လို့ရတဲ့ Touchscreen Display နဲ့အတူ Microphone Jack Pin လည်း ပါဝင်လာပါတယ်။ ကင်မရာနဲ့ စမတ်ဖုန်းကြား ဆက်သွယ်ပေးမယ့် Wi-Fi စွမ်းဆောင်ရည်အပြင် Bluetooth စွမ်းဆောင်ရည်ပါ ပါဝင်ပါတယ်။ ဒါ့ပြင် 4K Video ရိုက်ကူးနိုင်ပြီး Full HD 1920 x 1080 ရိုက်ကူးမယ်ဆိုရင် 6050^24 fps တွေနဲ့ စုံလင်စွာ ရိုက်ကူးနိုင်ပါတယ်။ ဈေးနှုန်းကို ငွေကျပ် ၈၂ဝဝဝဝ သတ်မှတ်ထားပါတယ်။

Read 262 times Last modified on Tuesday, 26 June 2018 10:03