SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

Honor 7A နဲ့ Honor 7C စတင်မိတ်ဆက်

Tuesday, 26 June 2018 10:03 font size decrease font size decrease font size increase font size increase font size

Honor 7A နဲ့ Honor 7C စမတ်ဖုန်းတွေကို ဇွန် ၂၃ ရက်က ပြည်တွင်းဈေးကွက်မှာ စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Honor 7A စမတ်ဖုန်းက မျက်နှာပြင် ၅ ဒသမ ၇ လက်မရှိပြီး Resolution 1440×720 Pixels IPS LCD Capacitive Touchscreen 16 M Color ပါဝင်ပါတယ်။ မြန်နှုန်းမြင့် Octa Core 1.4 GHz သုံးထားပြီး Ram 3 GB နဲ့ 32 GB ပါဝင်ပါတယ်။ ကျောဘက်မှာ 13 MP+2 MP Dual ကင်မရာ ပါဝင်ပြီး ရှေ့ဘက်မှာတော့ 8 MP ကင်မရာ သုံးထားပါတယ်။ ဘက်ထရီ ပိုင်းမှာလည်း 3000 mAh ကို သုံးပေးထားပြီး Android 8.0(Oreo) စနစ်အခြေခံ EMUI Version 8.0 ပါဝင်ပါတယ်။ အချက်အလက် လုံခြုံရေးအတွက် လက်ဗွေလုံခြုံရေး စနစ်နဲ့ Face Unlock စနစ်တို့လည်း ပါဝင်ပါတယ်။ Honor 7C စမတ်ဖုန်းကတော့ မျက်နှာပြင် ၅ ဒသမ ၉၉ လက်မရှိပြီး Resolution 1440×720 Pixels IPS LCD Capacitive Touchscreen 16 M Color ပါဝင်ပါတယ်။ မြန်နှုန်းမြင့် Octa Core 1.8 GHz ကိုသုံးထားပြီး Ram 4 GB နဲ့ 64 GB တို့ ပါဝင်ပါတယ်။ ကျောဘက်မှာ 13 MP+2 MP f^2.2 Dual ကင်မရာ သုံးပေးထားပြီး ရှေ့ဘက်မှာတော့ 8 MP ကင်မရာ သုံးထားပါတယ်။ Android OS 8.0 (Oreo) စနစ်အခြေခံ EMUI Version 8.0 ပါဝင်ပြီး Face Unlock နဲ့ လက်ဗွေလုံခြုံရေး စနစ်တို့ ပါဝင်ပါတယ်။ ဘက်ထရီကို 3000 mAh သုံးထားပါတယ်။ Honor 7A နဲ့ Honor 7C နှစ်မျိုးစလုံး အတွက် အမည်းရောင်၊ ရွှေရောင်နဲ့ အပြာရောင်တို့ ရွေးချယ် ဝယ်ယူနိုင်ပြီး Honor 7A ကို ငွေကျပ် ၁၇၉ဝဝဝ၊ Honor 7C ကို ငွေကျပ် ၂၅၉ဝဝဝ ဈေးနှုန်း သတ်မှတ်ထားပါတယ်။

Read 298 times Last modified on Tuesday, 26 June 2018 10:04