SJ WorldNews - шаблон joomla Авто

Galaxy A8 Star ပြည်တွင်း၌ မိတ်ဆက်

Sunday, 01 July 2018 09:29 font size decrease font size decrease font size increase font size increase font size

Full HD + sAMOLED ဖုန်းမျက်နှာပြင်နှင့် စွမ်းဆောင် ရည်မြင့်  Dual Camera ပါဝင်သည့် နောက်ဆုံးပေါ်  Galaxy A8 Star စမတ်ဖုန်း အသစ်ကို ဇူလိုင် ၁ဝ ရက်တွင် ပြည်တွင်း ဈေးကွက်၌ စတင် မိတ်ဆက်မည်ဖြစ်သည်။

Galaxy A8 Star တွင် ၆ ဒသမ ၃ လက်မရှိသည့် Full HD+ sAMOLED မျက်နှာပြင် ပါရှိရာ သုံးစွဲသူများ အနေဖြင့် ကောင်းမွန်သည့် အတွေ့အကြုံကို ခံစားနိုင်မည်ဖြစ်သည်။ f 1.7 အသုံးပြုထား သည့် 24MP ရှေ့ကင်မရာနှင့် f 2.0 အသုံးပြုထားသည့် 16MP + 24MP နောက် ကင်မရာများက အလင်းရောင်အားနည်းသည့် အချိန်တွင် ကြည်လင်ပြတ်သားသည့် အရည်အသွေးမြင့် ဓာတ်ပုံများကို ရိုက်ကူးနိုင်မည် ဖြစ်သည်။

စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များ ပါဝင်သော  Galaxy A8 Star တွင် အဆုံးအစမဲ့ ဖန်သားမျက်နှာပြင်နှင့် ကင်မရာတို့ကို ထည့်သွင်းထားပြီး Display ပိုင်း တွင်လည်း  Infinity Display ကို အသုံးပြုထားကြောင်း သိရသည်။ ဘက်ထရီပိုင်းတွင်လည်း 3700 mAh ကို သုံးထားသဖြင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး Android Version 5.1.1 ကို သုံးထားသည်။

အရောင်အနေဖြင့် အဖြူရောင်နှင့် အနက်ရောင်တို့ကို ရွေးချယ်ဝယ်ယူနိုင်ပြီး ဈေးနှုန်းကိုလည်း ငွေကျပ် ၇၈၉ဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။ Samsung Myanmar အနေဖြင့် မြန်မာနိုင်ငံမှ သုံးစွဲသူအားလုံး အတွက် မြန်မာနိုင်ငံသားများ ဘဏ်နှင့် ပူးပေါင်း၍  Galaxy A8 Star စမတ်ဖုန်းသစ်အပြင် တခြားသော Samsung စမတ်ဖုန်းများကိုလည်း အရစ်ကျ ငွေပေးချေစနစ်ဖြင့် အလွယ်တကူဝယ်ယူနိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။

မင်းသော်တာလွင်

Read 270 times Last modified on Sunday, 01 July 2018 09:40