SJ WorldNews - шаблон joomla Авто

Lenovo Yoga 520(14) နှင့် Lenovo Ideapad 330 စတင်မိတ်ဆက်

Sunday, 01 July 2018 09:40 font size decrease font size decrease font size increase font size increase font size

ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ် ထုတ်လုပ်ထားသည့် ပစ္စည်းသစ် နှစ်မျိုးဖြစ်သော Lenovo Yoga 520(14) နှင့် Lenovo Ideapad 330 တို့ကို ပြည်တွင်း၌ စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

အသစ်ထုတ်လုပ်လိုက်သည့် Lenovo Yoga 520(14) တွင် Video နှင့် Audio နှစ်မျိုးစလုံးအတွက် ထူးခြား ကောင်းမွန်သော အရည်အသွေးကို တွေ့မြင်နိုင်မည့် အပြင် Video Chat အတွက်လည်း သင့်လျော်သလို ပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်သည်။

ထို့ပြင် 8th Generation Intel® Core i5 အထိ အမြင့်ဆုံး ရရှိနိုင်မည်ဖြစ်ပြီး ဘက်ထရီကိုလည်း ၁ဝ နာရီနှင့် အထက် သုံးစွဲ နိုင်မည်ဖြစ်သည်။ ပုံဆွဲရာတွင် အထောက်အကူပြုမည့်ူနညသလသ Lenovo Active Pen ၊ Data လုံခြုံရေးအတွက်  Finger Print Reader စသည့် နောက်ဆုံးပေါ်နည်းပညာများပါဝင်သဖြင့် လုံခြုံမှုကို ယခုထက် တိုးမြှင့်နိုင်မည် ဖြစ်သည်။ Tablet တစ်ခုအဖြစ် သုံးနိုင်စေရန် ၃၆ဝ ဒီဂရီလှည့် Hinge တပ်ဆင်ထားသည့် Lenovo Yoga 520(14) ကို မီးခိုးရောင် တစ်မျိုးတည်းသာ ရရှိနိုင်မည်ဖြစ်သည်။

Lenovo Ideapad 330 သည် မီးခိုးရောင်၊ အပြာရောင်နှင့် အမည်းရောင်များ ရရှိနိုင်ပြီး မျက်နှာပြင် အရွယ်အစားမှာလည်း ၁၄လက်မနှင့် ၁၅ဒသမ ၆လက်မအထိ ရရှိမည်ဖြစ်သည်။ Dolby Audio သုံးထားသလို Intel® Quad Core Processor သုံးထားပြီး NVIDIA® ၏ပေါင်းစပ်မှုကြောင့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များနှင့် ပါဝါဖွင့်ချိန် လျင်မြန်မှု တို့ကို ရရှိနိုင်မည်ဖြစ်သည်။

ပစ္စည်းသစ်နှစ်မျိုးဖြစ်သော Lenovo Yoga 520(14) ကို အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာ၊ Lenovo Ideapad 330 ကို အမေရိကန် ဒေါ်လာ ၃၀၉ ဒေါ်လာဖြင့် ရောင်းချပေးမည် ဖြစ်သည်။

 

Read 252 times Last modified on Sunday, 01 July 2018 09:59