SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

စင်ကာပူ အလုပ်အကိုင်ပြပွဲတွင် အလုပ်အကိုင်နေရာပေါင်း ၂ဝဝဝ ကျော်ခေါ်ယူမည်

Sunday, 01 July 2018 10:00 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇွန် ၃ဝ

မြန်မာ - စင်ကာပူ အလုပ်အကိုင်ပြပွဲ တွင် မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီများမှ အလုပ်အကိုင် နေရာပေါင်း ၂ဝဝဝ ကျော် ခေါ်ယူရန် ရှိကြောင်း  JobNet.com.mm အမှုဆောင် အရာရှိချုပ် Mr. Justin Sway ထံမှ သိရသည်။ အဆိုပါ အလုပ်အကိုင်ပြပွဲကို စင်ကာပူ နိုင်ငံရှိ Raffles City Convention Centre ၌ ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာသို့ ရောက်ရှိ နေသော ကျွမ်းကျင် လုပ်သားများ ပြည်တွင်း သို့ ပြန်လာစေရန် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုနိုင်စေရေး အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရဲ့ အခြေခံက လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ တိုက်ရိုက် အချိုးကျနေတယ်ဆိုတာကို ယုံကြည်ထားပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ကျွမ်းကျင် လုပ်သားတွေ ပြန်လည် ရောက်ရှိလာပြီး နိုင်ငံ စီးပွားရေးတိုးတက်ရာမှာ အထောက် အကူပြုဖို့ ဒီလိုအလုပ်အကိုင်ပြပွဲမျိုးကို ကျင်းပတာပါ။ ပြည်တွင်း ကုမ္ပဏီတွေက နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုနဲ့အတူ သူတို့လုပ်ငန်းတွေကို တိုးချဲ့ဖို့ ကျွမ်းကျင် ထက်မြက်တဲ့ လုပ်သား အရင်းအမြစ်တွေ လိုအပ်နေပါတယ်'' ဟု Mr. Justin Sway ကပြောသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်တွင်း ပြည်ပ ကုမ္ပဏီကြီး များမှ အလုပ်အကိုင်နေရာပေါင်း ၂ဝဝဝ ကျော် ခေါ်ယူမည်ဖြစ်သည်။ ပြပွဲတွင် စက်မှုကုန်ထုတ်၊ အုပ်ချုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု၊ စာရင်းအင်း ပညာ၊ အင်ဂျင်နီယာ၊ သတင်း အချက်အလက်နည်းပညာ၊ ဈေးကွက် စီမံခန့်ခွဲခြင်း၊ လူထုဆက်ဆံရေး၊ ဈေးကွက် အရောင်းကျွမ်းကျင် စသည့်ကဏ္ဍများ အတွက် အလုပ်အကိုင်များ ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲသို့ CB Bank၊ CDSG၊ MPT၊ Myanmar Net၊ MPRL၊ RMA နှင့် Oway တို့ အပါအဝင် ကုမ္ပဏီပေါင်း ၂ဝ ခန့်က ၎င်းတို့ ကုမ္ပဏီအတွက် အလုပ်အကိုင်များကို လာရောက် ခေါ်ယူမည်ဖြစ်ပြီး ပြပွဲလာရောက် သူများ အနေဖြင့်  JobNet.com.mm မှ အလုပ်အကိုင် များကိုလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

Read 320 times Last modified on Sunday, 01 July 2018 10:07