SJ WorldNews - шаблон joomla Авто

Logitech C615 Webcam

Wednesday, 04 July 2018 09:39 font size decrease font size decrease font size increase font size increase font size

မိမိချစ်ခင် ရသူများနှင့် Video Call ပြောရာတွင် ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်စေရန် Logitech Webcam ကို အသုံးပြုနိုင်ပြီဖြစ်သည်။ Full HD Resolution ဖြစ်သဖြင့် Skype၊ Facebook တို့နှင့် Video Call ပြောရာတွင် အပြင်မှာ တွေ့မြင်ရ သကဲ့သို့ ကြည်လင် ပြတ်သားသော ပုံရိပ်ကို ခံစားနိုင်မည်ဖြစ်သည်။ ထို့ပြင် 360 Degree လိုသလို လှည့်နိုင်ပြီး Autofocus နည်းပညာများကြောင့် ရုပ်ထွက်ပိုင်းကို အနီးအဝေး ချိန်ဆနိုင်ပြီး 10 cm အကွာအဝေး အထိ အနီးကပ် တွေ့မြင်နိုင်မည်ဖြစ်သည်။ Built In Microphone ပါဝင်ပြီး ပြင်ပမှ ဆူညံသံများကို အလိုအလျောက် လျှော့ချပေးသဖြင့် Video Call ပြောရာတွင် အသံဆူညံခြင်းမှ ကင်းဝေးစေမည်ဖြစ်သည်။ ခေါက်၍ရသည့် ပုံစံပြုလုပ်ထားပြီး USB ကြိုးနှင့် ချိတ်ဆက်ရာတွင် လွယ်ကူသည်။ ထူးခြားချက် အနေဖြင့် Tripod နှင့်ပါချိတ်ဆက်၍ Video ရိုက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း များကို ပြုလုပ်နိုင်သည်။ ထို့ပြင် နှစ်နှစ်အာမခံ ပါဝင်ပြီး Windows၊ Mac OS များနှင့်ပါ တွဲဖက် အသုံးပြုနိုင်သည်။ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၃ ဒေါ်လာ ရှိကြောင်း သိရသည်။

Read 32 times Last modified on Wednesday, 04 July 2018 09:40