SJ WorldNews - шаблон joomla Авто

ပုံရိုက်နှုန်းကောင်းမွန်တဲ့ Sony Alpha a7R III Digital Camera

Monday, 16 July 2018 09:19 font size decrease font size decrease font size increase font size increase font size

42.4 MP BSI CMOS Sensor သုံးထားတဲ့ Full-Frame Mirrorless ကင်မရာ တစ်လုံးဖြစ်တဲ့ Sony Alpha a7 R III ကို a7R II ထက် ပိုပြီးအဆင့်မြှင့် ထားပါတယ်။ a9 မှာသုံးထားတဲ့ Feature တော်တော်များများကို သုံးထားပြီး Processing လုပ်တာမြန်ဆန်သလို ပုံရိုက်နှုန်းက 10fps ရှိပါတယ်။ ISO ကို 100 ကနေ 32000 အထိတင်ရိုက်နိုင်ပြီး 50 ကနေ 102400 အထိ ထပ်တိုးနိုင်ပါတယ်။ 5-Axis Steady Shot Inside Sensor-Shift Image Stabilization နစ်ပါဝင်တာကြောင့် လက်မငြိမ်လို့ဖြစ်တဲ့ ပုံဝါးမှုကို လျှော့ချပေးနိုင်ပါတယ်။ Tru-Finder OLED Electronic View-finder သုံးနိုင်ပြီး လှည့်စောင်းနိုင်တဲ့ သုံးလက်မအရွယ် Touchscreen LCD ပါရှိပါတယ်။ SD Card နှစ်ကတ်သုံးနိုင်ပြီး Viewfinder သုံးပါက ပုံ ၅၃၀ နီးပါးရိုက်နိုင်ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုဒဏ် ခံနိုင်ဖို့ မဂ္ဂနီဆီယမ် သတ္တုစပ် ကိုယ်ထည်နဲ့ ထုတ်လုပ်ထားပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၁၉၈ ဒေါ်လာဖြစ်ပါတယ်။

Read 294 times Last modified on Monday, 16 July 2018 09:19