SJ WorldNews - шаблон joomla Авто

နည်းပညာနှင့် အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင် ပြပွဲနှင့် ဆွေးနွေးပွဲ ကျင်းပမည်

Wednesday, 25 July 2018 21:20 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၂၄

နည်းပညာနှင့်   အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲကို သြဂုတ် ၁၂ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ  ရန်ကုန်မြို့ရှိ  ဆီဒိုးနားဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း Jobnet.com.mm၏  အုပ်ချုပ်မှု ဒါရိုက်တာ  Mr. Matt De Luca ထံမှ သိရသည်။

အဆိုပါ  နည်းပညာနှင့်  အင်ဂျင်နီယာဆိုင်ရာ  အလုပ်အကိုင်ပြပွဲနှင့် ဆွေးနွေးပွဲတွင် နည်းပညာနှင့် အင်ဂျင်နီယာနယ်ပယ်မှ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများစွာက ဟောပြောဆွေးနွေးမည် ဖြစ်ကြောင်း  Mr. Matt De Luca ကပြောသည်။

''ပြီးခဲ့တဲ့ ၁၂ လလောက်ကိုပဲ ကြည့်မယ်ဆိုရင် နည်းပညာနှင့် အင်ဂျင်နီယာ ကဏ္ဍနဲ့ပတ်သက်တဲ့  ကုမ္ပဏီ အရေအတွက်ရော အမျိုးအစားပါ   တိုးတက်လာတဲ့ သက်သေတွေရှိပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့စီးပွားရေး ဆက်လက်ဖွံ့ဖြိုး တိုးတက်ဦးမယ့် လက္ခဏာလည်း ဖြစ်ပါတယ်''ဟု  Mr. Matt De Luca ကပြောသည်။

မြန်မာနိုင်ငံ အခြေစိုက် စီးပွားရေးလုပ်ငန်းကြီး များစွာက  နယ်ပယ်စုံမှ  နည်းပညာ ကျွမ်းကျင်လုပ်သားများစွာကို ရှာဖွေလျက်ရှိပြီး   ယင်းစီးပွားရေး လုပ်ငန်းများစွာက ယခုပြပွဲနှင့်  ဆွေးနွေးပွဲတွင် ဆော့ဖ်ဝဲလ်၊ ဟာ့ဒ်ဝဲလ်နှင့် နက်ဝက်ကင်း အင်ဂျင်နီယာများ၊ ပရိုဂရမ်ရေးဆွဲသူများ၊ ဝက်ဘ်ဆိုက်နှင့် မိုဘိုင်းလ်အပ် ရေးသားသူများ၊    ဆိုက်ဘာလုံခြုံရေး  စသည့်  နည်းပညာရှင် များစွာ ရှာဖွေမည်ဖြစ်သည်။

ထို့ပြင်  JobNet နှင့် ချိတ်ဆက်ထားသည့် မြန်မာ့ထိပ်တန်း ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာ ကုမ္ပဏီကြီးများကလည်း အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ လုပ်သားများစွာကို ရှာဖွေလျက်ရှိပြီး QS, QA နှင့် စီမံကိန်း စီမံခန့်ခွဲသူများ၊ လျှပ်စစ်နှင့်  စက်မှုအင်ဂျင်နီယာများ၊ ဓာတုဗေဒ၊ မက်ကယ်ထရွန်နစ်၊ အီလက်ထရွန်နစ် အင်ဂျင်နီယာများ၊ ဒီဇိုင်းအင်ဂျင်နီယာများစသည့် အင်ဂျင်နီယာပေါင်း များစွာ ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။       

Read 66 times Last modified on Wednesday, 25 July 2018 21:21