SJ WorldNews - шаблон joomla Авто

Android 4.4 Versionနှင့် အထက်မှစ၍ အသုံးပြုနိုင်တဲ့ မျိုးဆက်သစ် Fossil Q Gen 4 စမတ်နာရီ

Tuesday, 14 August 2018 09:46 font size decrease font size decrease font size increase font size increase font size

Google Wear OS နှင့် Snapdragon 2100 Chipset အသုံးပြုထားတဲ့ Fossil Q Venture HR နဲ့   Q Explorist HR  တို့က လေးခုမြောက်  စမတ်နာရီ စီးရီးဖြစ်ပါတယ်။

Q Gen 4 စမတ်နာရီတွေမှာ အသုံးပြုနိုင်မယ့် စနစ်တွေများစွာ ထည့်သွင်းထားပါတယ်။ Q Gen 4 စမတ်နာရီတွေမှာ နှလုံးခုန်နှုန်း စောင့်ကြည့်စနစ်၊  NFC ၊ Untethered GPS ၊ Swim Proof Functionality တို့ ပါဝင်တဲ့အပြင်   ထူးခြားချက်အနေနဲ့ တစ်နာရီခန့် အားသွင်းရုံနဲ့ တစ်နေကုန် အသုံးပြုနိုင်တဲ့ ဘက်ထရီ ထည့်သွင်းထားပါတယ်။ ဒါ့ပြင် ဒီဇိုင်း ၃၆ မျိုးအထိ စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်တဲ့အပြင် Third-Party Application တွေ   ထည့်သွင်း အသုံးပြုနိုင်သလို Social Media ဓာတ်ပုံကိုလည်း Watch  Face Background အဖြစ် အသုံးပြုနိုင်ပါတယ်။

စမတ်နာရီတွေကို iOS 9.3မှစတင်ပြီး တွဲဖက်သုံးနိုင်သလို Android 4.4 Version မှ လည်း  စတင်တွဲဖက် အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ၂၅၅ ဒေါ်လာ မှ ၂၇၅  ဒေါ်လာရှိပြီး  သြဂုတ် ၂၆ ရက်တွင် စတင် ရောင်းချသွားမှာဖြစ်ပါတယ်။

Read 110 times Last modified on Tuesday, 14 August 2018 09:46