စိန်လိုအရောင်တောက်ပတဲ့ 2.5D ဖန်သားနောက်ကျောပြင်နဲ့ တည်ဆောက်ထားတဲ့ Honor 9 Lite ကို ပြည်တွင်းဈေးကွက်မှာပင် ဝယ်ယူရရှိနိုင်ပါတယ်။
ရှေ့နှင့်နောက် နှစ်ဖက်စလုံးမှာ Dual-Lens 13MP+ 2MP ကင်မရာပါရှိပါတယ်။ အဆင့်မြှင့်တင်ထားပြီး ချိန်ညှိပြင်ဆင်နိုင်တဲ့ အသေးစိတ် Beautification လုပ်ဆောင်ချက်တွေကို ထပ်မံပေါင်းထည့် ပေးထားတဲ့အပြင် နောက်ဆုံးပေါ် EMUI 8.0 Update ပါဝင်လို့ Face Unlock လုပ်ဆောင်ချက်နဲ့ လက်ဗွေရာဖတ်စနစ်လည်း ပါရှိပါတယ်။ မျက်နှာပြင် အရွယ်အစားအနေနဲ့ ၅ ဒသမ ၆၅ လက်မ Full HD + ဖန်သားပြင် ဖြစ်ပါတယ်။ အနက်ရောင်၊ အပြာရောင်နဲ့ ခဲရောင်ဆိုပြီး အရောင်သုံးမျိုး ရနိုင်ပါတယ်။ဈေးနှုန်း ငွေကျပ် ၁၉၉ဝဝဝ နဲ့ ဝယ်ယူနိုင်ပါပြီ။