SJ WorldNews - шаблон joomla Авто

Myanmar National Portal Launching Ceremony အခမ်းအနား ကျင်းပ

Friday, 28 September 2018 09:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၂၇

Myanmar National Portal Launching Ceremony ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ  Hilton  Hotel ၌ ကျင်းပသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က   အဖွင့်အမှာစကား ပြောကြားပြီး ဗီယက်နမ်နိုင်ငံ  FPT Information System Board of  members ၏ Chairman ဖြစ်သူ  Mr. Trieu Duong Dungက နှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ e-Government ဌာနမှ  ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က Myanmar National  Portal၏ လုပ်ဆောင်ချက်များနှင့် ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ  မြန်မာနိုင်ငံ၏  e-Government လုပ်ငန်းစဉ်များ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အစိုးရအဖွဲ့အစည်း အသီးသီးမှ လွှင့်တင်ထားသော Website များ၊ e-Service များကို    တစ်နေရာတည်းတွင် စုစည်း၍ ပြည်သူလူထုသို့   လွယ်ကူလျင်မြန်သော၊ ကောင်းမွန်ထိရောက်သော Single Window Public Service ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အလားတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် Telecommunications Sector Reform Project ကို ကမ္ဘာ့ဘဏ်၏ ချေးငွေအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့ပြီး  Myanmar National Portal စီမံကိန်းအား ဗီယက်နမ်နိုင်ငံ FPT  Information System နှင့်  ပူးပေါင်း အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း၊  Myanmar National Portal အား  https//myanmar.gov.mm တွင် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့်  ဝင်ရောက်ကြည့်ရှုနိုင်ပြီး Devices  မျိုးစုံမှဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ကြည့်ရှုရယူနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 36 times Last modified on Friday, 28 September 2018 09:15