SJ WorldNews - шаблон joomla Авто

Samsung၏ ၂ဝ၁၈ ခုနှစ်ထုတ် QLED TV အမျိုးအစားသစ်များ ပြည်တွင်း၌ စတင်မိတ်ဆက်

Monday, 12 November 2018 11:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ  ၁၁

၂ဝ၁၈ ခုနှစ်ထုတ် Samsung  ၏ QLED TV အမျိုးအစားသစ်များ မိတ်ဆက်ခြင်း အခမ်းအနားကို  ယမန်နေ့က ရန်ကုန်မြို့ Junction City ၌ ကျင်းပသည်။

အဆိုပါ QLED  TV များကို အရည် အသွေးပိုမို ကောင်းမွန်ကာ ရုပ်ထွက်ကြည်လင် ပြတ်သားသည့် လုပ်ဆောင်မှုအသစ်များဖြင့်  ထည့်သွင်းဖန်တီးပေးထားသည်။ ထို့ပြင်လှပသေသပ်သည့် မျက်နှာပြင်ဒီဇိုင်း၊  ပြတ်သားသော အဖြူရောင်နှင့် အနက်ရောင် ထွက်ပေါ်လာစေရန်  အလိုအလျောက် ထိန်းညှိပေးနိုင်မည့် Direct  Full  Array စနစ်၊ ခေတ်မီလုပ်ဆောင်ချက် အသစ်များဖြစ်သည့် Bixbyနှင့်  ကြိုးများရှုပ်ထွေးခြင်း မရှိအောင်  ကြိုးတစ်ချောင်း တည်းဖြင့်  ဖန်တီးထားသော One Invisible Connection တို့ပါဝင်ပြီး  တစ်မူထူးခြား ဆန်းသစ်သော လုပ်ဆောင်ချက် မှာ Magic Screen ဟုခေါ်သည့် TV ထားရှိရာ  နောက်ခံနံရံ၏ ဒီဇိုင်းနှင့်  အရောင်အတိုင်း ပြောင်းလဲပေးနိုင် မည့် စွမ်းဆောင် ရည်ပါရှိခြင်းဖြစ်သည်။

လက်ရှိတွင်  ပြည်တွင်း၌ Samsung Q6F ၊ Q7Fနှင့် Q8C ဟူ၍ သုံးမျိုးရရှိ မည်ဖြစ်ပြီး  Q6F ကို ၅၅ လက်မနှင့် ၆၅ လက်မဖြင့် လည်းကောင်း၊  Q7F ကို  ၅၅ လက်မ၊  ၆၅  လက်မနှင့်  ၇၅  လက်မဖြင့် လည်းကောင်း၊ Q8C  ကို ၅၅ လက်မနှင့် ၆၅ လက်မဖြင့် လည်းကောင်း ရရှိနိုင်မည် ဖြစ်သည်။

အဆိုပါ TV အမျိုးအစားအားလုံးတွင် အဆင့်မြှင့်ထားသည့် အရောင်နှင့် အလင်း အမှောင် ထိန်းညှိပေးနိုင်မည့် လုပ်ဆောင်ချက် အလင်းအမှောင်ကြား ရုပ်ထွက်များကို ကြည်လင်ပြတ်သားစေသည့် HDR10+ ထောက်ပံ့ပေးနိုင်မှု Magic  Screen နှင့် TV နှင့်ချိတ်ဆက်ထားသော ကိရိယာများကို  Remote  တစ်ခုတည်းဖြင့် ထိန်းချုပ် အသုံးပြုနိုင်မည့် One Remote Control နှင့် Q7နှင့် အထက်စီးရီးများတွင်သာ အသုံးပြု နိုင်မည့်  One  Invisible  Connection စသည့် လုပ်ဆောင်ချက်တို့ ပါဝင်သည်။

 Q8C ၅၅ လက်မကို ငွေကျပ် ၃၇၉၉ဝဝဝ၊ ၆၅ လက်မကို ငွေကျပ် ၄၈၉၉ဝဝဝ၊ Q7F  ၅၅ လက်မကို ငွေကျပ် ၃၄၉၉ဝဝဝ၊ ၆၅ လက်မကို ငွေကျပ် ၄၄၉၉ဝဝဝ၊ ၇၅ လက်မ ကို ငွေကျပ် ၈၆၉၉ဝဝဝ၊ Q6F  ၅၅ လက်မ ကို ငွေကျပ် ၂ဝ၉၉ဝဝဝ၊ ၆၅ လက်မကို ငွေကျပ် ၃၂၉၉ဝဝဝ ဖြင့် နိုဝင်ဘာ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် Juncity City ရှိ Samsung Electronic Showroom တို့၌ ဝယ်ယူပါက အထူးပရိုမိုးရှင်း အနေဖြင့် TV တစ်လုံးဝယ်ယူရုံဖြင့်  တစ်လုံးလက်ဆောင် ရရှိမည်ဖြစ်ကြောင်း သိရသည်။

Read 254 times Last modified on Monday, 12 November 2018 11:41