SJ WorldNews - шаблон joomla Авто

ရေနှင့်ရေသန့်စင်မှု လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ စက်မှုလုပ်ငန်းသုံး နည်းပညာပြပွဲ ကျင်းပ

Friday, 30 November 2018 12:02 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ  ၂၉

ရေသန့်စင်ရေး စက်မှုလုပ်ငန်းနှင့် ဆေးဘက်ဆိုင်ရာသုံး၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ နယ်ပယ်နှစ်ခုမှ (၆)   ကြိမ်မြောက်  ပူးပေါင်း ကျင်းပသော  ukefpnfjyyGJESifhtwl ကုန်စည်ပြပွဲနှင့်အတူ Myan Energy 2018 ကုန်စည်ပြပွဲကို ယနေ့တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myan- mar Event Park ၌ ကျင်းပသည်။

ရှေးဦးစွာ ပြပွဲကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့်ဌာန ဒုတိယ ဌာနမှူး ဦးမြင့်ဇော်သန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြပွဲအတွင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါပြပွဲကို မြန်မာနိုင်ငံ ရေသန့်လုပ်ငန်းရှင်များ အသင်းမှ အဓိကပံ့ပိုးကူညီထားပြီး တရုတ်၊ တရုတ် (တိုင်ပေ)၊ အီတလီ၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊  စင်ကာပူ၊  ထိုင်း စသည့် နိုင်ငံ ၁၈ နိုင်ငံမှ ပြခန်းပေါင်း ၂၅ဝ ကျော် ပါဝင်ပြသ ထားသည်။

ယင်းပြပွဲတွင်   ရေသန့်စင်ရေးဆိုင်ရာ ပစ္စည်းများ၊ လျှပ်စစ်ဆိုင်ရာ ပစ္စည်းများကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီခွဲ အတွင်း ပြသလျက်ရှိကြောင်း သိရသည်။

Read 169 times Last modified on Friday, 30 November 2018 12:03