SJ WorldNews - шаблон joomla Авто

ဘယ်လိုနေရာကိုမဆိုသွားနိုင်မယ့် ခြေထောက်ပါတဲ့ကား

Monday, 07 January 2019 09:39 font size decrease font size decrease font size increase font size increase font size

ဟွန်ဒိုင်း ကုမ္ပဏီက ၂ဝ၁၉ ခုနှစ်အတွက် ရူးလောက်ဖွယ်ကောင်းသည့် ကားအမျိုးအစား အသစ်ဖြစ်သော Elevate ကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်သည်။ ထိုယာဉ်ကို ဇန်နဝါရီ ၇ ရက် တွင် လက်စဗီးဂက်မြို့၌ ကျင်းပမည့် ဃသညျကာနမ Consumer Electronics Show ပွဲ၌ ထုတ် ဖော်ပြသမည်ဖြစ်သည်။

ဟွန်ဒိုင်း၏ Elevate က တခြားကားများနှင့်မတူဘဲ ကွဲထွက်နေသည့်အတွက် လူအများ အပြား၏ စိတ်ဝင်စားမှုကို ရရှိခြင်း ဖြစ်သည်။ ထိုကွဲထွက်နေသည့် အချက်မှာ ခက်ခဲကြမ်းတမ်း သော မြေမျက်နှာပြင်မျိုးတွင်သာမက ယာဉ်ကြောပိတ်ဆို့နေသည့် အချိန်များတွင်ပါ အလွယ် တကူသွားလာနိုင်စေရန်အတွက် ခြေထောက်များ တပ်ဆင်ပေးထားခြင်းကြောင့် ဖြစ်သည်။

ထိုခြေထောက်များက တခြားမဟုတ်ပေ။ ကားဘီးများကို ဟိုက်ဒရောလစ်စနစ်သုံး စက်ရုပ်ပုံစံ ခြေတံ၊ လက်တံများ တပ်ဆင်ပေးထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လိုအပ်သည့်အချိန်တွင် ထိုခြေထောက်များက ဆန့်ထွက်လာကာ သွားလိုသည့်နေရာသို့ အခက်အခဲမရှိ သွားလာ နိုင်ခြင်းဖြစ်သည်။

ဘီးတစ်ဘီးစီတွင် အဆစ်လေးခု စီပါဝင်သောကြောင့် ခက်ခဲကြမ်းတမ်းသော မြေမျက်နှာပြင် များကို အလွယ်တကူ ကျော်ဖြတ်နိုင်ရန် ရည်ရွယ်သည့် ဒူးခေါင်းများနှင့် တင်ပါးများ ပါဝင် သော ပထမဆုံး ကားပုံစံဖြစ်လာသည်။ ထို့ပြင် အသုံးပြုသူသည် ယာဉ်ကို မောင်းနှင်ခြင်း သို့မဟုတ် ယာဉ်ကို လမ်းလျှောက်စေခြင်း သို့မဟုတ် ခက်ခဲသောနေရာများသို့ တက်စေခြင်း တို့ကိုပါ လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။

ထိုခြေထောက်များ တပ်ဆင်ထားရခြင်း၏ ရည်ရွယ်ချက်က မည်သည့်ယာဉ်မျှ မရောက်ဖူး သောနေရာသို့ လူများကို ခေါ်ဆောင်သွားနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဟွန်ဒိုင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Elevate သည် စက်ရုပ်စွမ်းအင်နှင့် အီလက်ထရွန်နစ် စွမ်းအင်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ယာဉ်များ သွားလာမှုနှင့် ပတ်သက်သည့်အမြင်ကို ဆန်းသစ်စေမည်ဖြစ်ကြောင်း ဟွန်ဒိုင်း ကုမ္ပဏီ၏ အွန်လိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Elevate ကို အသုံးချနိုင်သည့် နေရာများက ကျောက်တုံးကြီးများဖြင့် ပြည့်နှက်နေသည့် ညီညာပြေပြစ်မှု မရှိသောနေရာများ၊ သဘာဝ ဘေးအန္တရာယ် ခံစားနေရသည့်ဒေသများ ဖြစ်နိုင်သည်။ ထို့ပြင် ဟွန်ဒိုင်း ကုမ္ပဏီက ဖော်ပြထားသော ဓာတ်ပုံအရ ယာဉ်၏ဘေးဘက် တွင် ကြက်ခြေနီ ပုံစံပါသည့်အတွက် ဒုက္ခရောက်နေသူများထံသို့ အရောက်သွားကာ လူနာ တင်ယာဉ် တစ်စီးကဲ့သို့လည်း ဆောင်ရွက်နိုင်မည်ဟု ယူဆရသည်။

Ref: Mail Online

Read 257 times Last modified on Monday, 07 January 2019 09:40