SJ WorldNews - шаблон joomla Авто

နိုင်ငံတကာမှ နည်းပညာနှင့် စက်မှုပြပွဲကြီး ရန်ကုန်မြို့၌ ကျင်းပမည်

Thursday, 10 January 2019 10:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်နဝါရီ  

နိုင်ငံတော်၏စက်မှုနှင့် နည်းပညာကဏ္ဍ တိုးတက်ဖြစ်ထွန်းလာစေရန် စက်မှုဝန်ကြီးဌာနက ကြီးမှူးပြီး Myanmar Engineering Society(MES)မှ ပံ့ပိုးကူညီကာ စီစဉ်ကျင်းပလျက်ရှိသည့် နိုင်ငံတကာမှ နည်းပညာနှင့် စက်မှုပြပွဲကြီး "6th International Industrial Technology & Machinery Show 2019" ကို (၆)ကြိမ်မြောက်အဖြစ် ရန်ကုန်မြို့တပ်မတော် ခန်းမ၌ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

6th International Industrial Technology & Machinery Show    ပွဲကြီးများကို စက်မှုဝန်ကြီးဌာနက ကြီးမှူးပြီး Myanmar Engi-neering Society (MES) က ပံ့ပိုးကူညီပေး၍ Myanmar Promotional Services Co., Ltd.မှ စီစဉ် ကျင်းပလာသည်မှာ နေပြည်တော် MICC -II  ၌ သုံးကြိမ်၊ ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ နှစ်ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။

ယခု (၆)ကြိမ်မြောက်ပြပွဲကြီးတွင် နိုင်ငံတကာမှ နည်းပညာနှင့် စက်မှုကုမ္ပဏီကြီးများမှ ထုတ်ကုန်များနှင့်အတူ စက်မှုဝန်ကြီးဌာန လက်အောက်မှ ဌာနများဖြစ်သော DIC, DISI အကြီးစား စက်မှုလုပ်ငန်း ၁၊ ၂၊ ၃ နှင့်  မြန်မာ့ဆေးဝါး လုပ်ငန်းများမှ ထုတ်ကုန်များနှင့် လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့်ပြည်သူများ လေ့လာဝယ်ယူနိုင်ရန် ခင်းကျင်းပြသသွားမည် ဖြစ်သည်။ အဆိုပါပြပွဲကို အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ အပြန်အလှန် ချိတ်ဆက်ပူးပေါင်းမှုများရရှိပြီး အဆင့်မြင့်နည်းပညာများ၊ စက်ပစ္စည်းများကို မြန်မာနိုင်ငံ၏ အနာဂတ် စီမံကိန်းများတွင် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာစေရန် ရည်ရွယ်၍  ကျင်းပခြင်းဖြစ်သည်။

ပြပွဲကြီးတွင် စက်ပစ္စည်းများနှင့် နည်းပညာ အသစ်အဆန်းများကို တီထွင်ဖန်တီးနိုင်သည့်  မြန်မာလူငယ်များ၏  အရည်အသွေး စွမ်းရည်များကို နှစ်စဉ်ဖော်ထုတ်ပေးလျက် ရှိသော Inventor Award Competition (ကနောင်ဆု) ပြိုင်ပွဲကြီးကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။   

ယခု  6th International Industrial Technology & Machinery Show 2019 ပြပွဲကြီးတွင် ဝင်ရောက်ပြသလိုသော လုပ်ငန်းရှင်များနှင့် Official Media Partner များအဖြစ်   ပူးပေါင်းဆောင်ရွက်လိုသော သတင်းမီဒီယာများကို ဖိတ်ခေါ်ကြိုဆိုထားကြောင်း သိရသည်။

Read 197 times Last modified on Thursday, 10 January 2019 10:04