SJ WorldNews - шаблон joomla Авто

Mytel နှင့် နည်းပညာ ကုမ္ပဏီတို့ ပူးပေါင်း၍ SME Ecosystem ဝန်ဆောင်မှု ပေးရန်စီစဉ်

Thursday, 04 April 2019 09:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊  နည်းပညာ

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် Telecom  ကုမ္ပဏီဖြစ်သည့် Telecom International Myanmar  Company Limited  (Mytel) နှင့် နည်းပညာကုမ္ပဏီဖြစ်သည့် Blue Ocean Business Service ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ အတွက် SME Ecosystem ဝန်ဆောင်မှုပေးရန် စီစဉ်ထားကြောင်း Blue Ocean Business Service မှ Chairman & CEO ဦးထွန်းထွန်းနိုင်၏ ပြောပြချက်အရ သိရသည်။

အသေးစားနှင့် အလတ်စား (SME) စီးပွားရေး လုပ်ငန်းများ အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်၍ ဒစ်ဂျစ်တယ်နှင့် အိုင်စီတီများ ပါဝင်သော SME  Ecosystem ကို နိုင်ငံတွင်း  စီးပွားရေး လုပ်ဆောင်နေသော SME ကုမ္ပဏီများ အတွက် ဝန်ဆောင်မှု ပေးမည်ဖြစ်သည်။

'' SME  ဌာနမှာ မှတ်ပုံတင်ထားတဲ့ SME  လုပ်ငန်းပေါင်း  ၇ဝဝဝဝ ကျော်ရှိပြီး  တခြား SME လုပ်ငန်းတွေလည်း ရှိတယ်။ အရင်ဆုံး ကျွန်တော်တို့ဆီမှာ မှတ်ပုံတင်ထားတဲ့ SME လုပ်ငန်းတွေကို လုပ်ပေးမယ်။ နောက်တစ်ခုက မှတ်ပုံမတင်ထားတာတွေကိုလည်း လုပ်ပေး မှာပါ။ အဓိကက ဒီနှစ်အတွင်းမှာ  SME   လုပ်ငန်း အရေအတွက်   ၃ဝဝဝဝ  လောက်ရအောင် လုပ်ဆောင်ပေးမှာပါ'' ဟု ဦးထွန်းထွန်းနိုင် ကပြောသည်။

ယင်းကဲ့သို့ ဝန်ဆောင်မှုများ ပေးနိုင်ရန်  Mytel နှင့် Blue Ocean Business Service ကုမ္ပဏီတို့  ဧပြီ  ၂ ရက်က  ရန်ကုန်မြို့ရှိ  Mytel  ရုံးချုပ်၌   သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

''ကုန်ကျစရိတ် နည်းနည်းနဲ့ SME လုပ်ငန်းတွေ တတ်နိုင်အောင်    လုပ်ပေးလိုက်တဲ့ သဘောပါ။  သူတို့ဘာသာ လုပ်မယ်ဆိုရင် အချိန်ကုန်မယ်၊  လူပင်ပန်းမယ်၊  ပိုက်ဆံ အများကြီးကုန်မယ်။ အဓိကကတော့ သူတို့ ရင်းနှီးမြှုပ်နှံမှု မတတ်နိုင်ဘူး။ဒီအစီအစဉ် အသုံးပြုဖို့ SME လုပ်ငန်းတွေ လစဉ်ကြေးပေးရုံနဲ့  အသုံးပြုနိုင်မှာပါ'' ဟု Mytel  မှ Chief  External  Relation  Officer ဦးဇော်မင်းဦး ကပြောသည်။

SME Ecosystem အသုံးပြုမည့် SME  စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင် နိုင်စွမ်း တိုးတက်လာခြင်း၊ တခြားသောစီးပွားရေး အဖွဲ့အစည်းများနှင့် ယှဉ်ပြိုင်၍ လုပ်ဆောင် လာနိုင်ခြင်း  စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။

SME Ecosystem တွင်  လုပ်ငန်းသုံး B2B Sim များ၊  ဒေတာဝန်ဆောင်မှုများ၊ Star Phone ဝန်ဆောင်မှုများ စသည့် Pro-duct ၁၃ ခုပါဝင်ပြီး ယင်း Product ၁၃ ခုမှ ငါးခုကို ဧပြီလတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကာ ကျန် Product များကို ဇွန်လအတွင်း ထပ်မံမိတ်ဆက် ပေးမည်ဖြစ်သည်။

ယင်းကဲ့သို့  ဝန်ဆောင်မှုများကို SME စီးပွားရေး လုပ်ငန်းများ ရယူနိုင်စေရန် ဒစ်ဂျစ် တယ်ဖြန့်ဖြူးပေးရေးနှင့် ဈေးကွက်ထိုးဖောက်ရေးတို့ကို ပူးပေါင်း လုပ်ဆောင်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

Read 186 times Last modified on Thursday, 04 April 2019 09:39