SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

F-16 တိုက်လေယာဉ်ထက် ပိုမြန်တဲ့ လျှပ်စစ်ကား

Monday, 22 April 2019 09:35 font size decrease font size decrease font size increase font size increase font size

မြင်းကောင်ရေ ၁၉ဝဝ အားရှိသည့် လျှပ်စစ်ကားတစ်စီးက နယူးယောက်မြို့ပေါ်ရှိ လမ်းမများထက်တွင် ပြေးလွှားနေသည်။ ထိုလျှပ်စစ်ကား၏ အမည်မှာ ပီနင်ဖာရီနာဘတ်တစစတာ ဖြစ်သည်။

ထိုကားသည် ဖော်မြူလာဝမ်း ကားတစ်စီးထက် ပိုမြန်သည့်နှုန်းဖြင့် တစ်နာရီမိုင် ၆ဝ နှုန်းသို့ ရောက်ရှိပြီး F-16 တိုက်လေယာဉ်ထက် ပိုမြန်သည့်နှုန်းဖြင့် တစ်နာရီမိုင် ၁၈ဝ နှုန်းသို့ ရောက်ရှိနိုင်သည်။ ၎င်း၏အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီ ၂၁၇ မိုင်နှုန်းဖြစ်သည်။ ထိုကားအတွက် အသုံးပြုထားသည့် ဘက်ထရီမှာ ၁၂ဝ ကီလိုဝပ် ပမာဏ ရှိသည်။

ပီနင်ဖာရီနာ ဘတ်တစ်စတာ၏ ရှေ့ပြေးပုံစံကို ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပြီး နယူးယောက်မြို့၌ ယခုသီတင်းပတ်တွင် ကျင်းပသည့် နယူးယောက် အပြည်ပြည်ဆိုင်ရာ ကားပြပွဲတွင် ထပ်မံထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုကားသည် ကမ္ဘာ့ပထမဆုံး ဇိမ်ခံလျှပ်စစ်ပြိုင်ကား ဖြစ်ပြီး အီတလီနိုင်ငံမှ ဒီဇိုင်းရေးဆွဲ ဖန်တီးသည့် စွမ်းဆောင်ရည် အမြင့်ဆုံးသော ကားတစ်စီးဖြစ်လာမည် ဖြစ်ကြောင်းနှင့် အမြန်နှုန်း မိုင် ၂၈ဝ အထိ မောင်းနှင်နိုင်စေမည်ဟု ပီနင်ဖာရီနာဘတ် တစ်စတာကို ဖန်တီးသူများက ပြောသည်။

ယနေ့အချိန်တွင် ကမ္ဘာပေါ်၌ ဒီဇယ်နှင့် ဓာတ်ဆီအင်ဂျင်များကို အသုံးပြုနေခြင်းကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပွားနေသည့်အချိန် ဖြစ်သည်။ ထိုအချိန်သည် ငွေကြေးချမ်းသာပြီး ပြိုင်ကားကိုသာ စီးလိုသူများအတွက် စိတ်ညစ်ရသည့် အချိန်လည်း ဖြစ်သည်။ သို့သော် ပီနင်ဖာရီနာဘတ်တစ်စတာသည် ထိုအခက်အခဲကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။ ထိုကားကို လာမည့်နှစ်မှစ၍ ထုတ်လုပ်သွားမည် ဖြစ်ပြီး အစီးရေ ၁၅ဝ အထိသာ ထုတ်လုပ်မည် ဖြစ်သည်။ အစီးရေ ၁၅ဝ အနက် အမေရိကန်နိုင်ငံသို့ အစီးရေ ၅ဝ၊ ဥရောပသို့ အစီးရေ ၅ဝ နှင့် အာရှသို့အစီးရေ ၅ဝ သာ ရောင်းချ ပေးသွားမည် ဖြစ်သည်။

အဆိုပါကားကို မျိုးကွဲသုံးမျိုးဖြင့် ထုတ်လုပ်သွားမည်ဖြစ်ပြီး ကားတံခါးပုံစံမှာ လိပ်ပြာတောင်ပံပုံစံ တံခါးများ ဖြစ်သည်။ ကားတစ်စီးလုံးကို ကာဗွန်ဖိုက်ဘာဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည့်အတွက် ပေါ့ပါးကာ အလေးဆုံး အရာဝတ္ထုမှာ တီပုံသဏ္ဌာန်ဘက်ထရီ ဖြစ်သည်။

ထိုဘက်ထရီကို လစ်သီယံ၊ မဂ္ဂနိ၊ နီကယ်တို့နှင့် ပေါင်းစပ်ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုကားကို မိမိအိမ်၌ပင် အလွယ်တကူ အားသွင်းနိုင်မည် ဖြစ်သည်။ အားသွင်းသည့် ကြာမြင့်ချိန်မှာလည်း ဘက်ထရီအား ၈ဝ ရာခိုင်နှုန်းအထိကို မိနစ် ၄ဝ အောက်အတွင်း သွင်းနိုင်သည်။

ကားထုတ်လုပ်ရာတွင်လည်း ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူကာ လုပ်ဆောင်ထားခြင်း ဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုကိုတော့ အိန္ဒိယနိုင်ငံမှ ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် မဟင်ဒရာကုမ္ပဏီက မတည်ထားခြင်းဖြစ်သည်။ သူဌေးများ အကြိုက်တွေ့မည့် ပီနင်ဖာရီနာဘတ်တစ်စတာကို တစ်စီးလျှင် အမေရိကန် ဒေါ်လာနှစ်သန်းဖြင့် ရောင်းချသွားမည် ဖြစ်သည်။

ထက်မြတ်

Ref: Mail Online

Read 332 times Last modified on Monday, 22 April 2019 10:58