SJ WorldNews - шаблон joomla Авто

ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ တစ်နေရာတည်း လေ့လာနိုင်မည့် Yangon ICT Fair ပြပွဲကျင်းပ

Saturday, 04 May 2019 11:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်း  ရှင်အသင်းနှင့်  ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်း၍  ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ တစ်နေရာ တည်း၌ လေ့လာကြည့်ရှုနိုင်မည့်  Yangon ICT Fair (May-2019)  ပြပွဲကို မေ ၃ ရက်မှ  စ၍ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပလျက်ရှိကြောင်း  သိရသည်။

ယင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို  ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်  ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊   ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နာယက ဦးသိန်းဦး၊ မြန်မာနိုင်ငံ   ကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်၊ မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးထင်အောင်ခိုင် တို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး  ပြခန်းများအတွင်း လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

Yangon ICT Fair (May-2019) ပြပွဲ တွင်  ကုမ္ပဏီ ၅၄ ခုမှ ပြခန်းပေါင်း ၁၃၇ခန်းဖြင့်  မိုဘိုင်းလ်နှင့်  အိုင်တီနယ်ပယ်မှအီလက် ထရွန်နစ် ကုမ္ပဏီများ၊  ကွန်ပျူတာနှင့်   ဆက်စပ်ပစ္စည်း အရောင်းဆိုင်များ၊ Scanner၊ Copier၊ Camera၊ Projector  အရောင်းဆိုင်များ၊ Software & Training ဆိုင်များ၊ Website၊ SMS Solution၊ Wimax၊ Wi-fi၊ Networking Product၊ Mobile & Mobile Software၊ Virus သတ်သည့် Software အရောင်းဆိုင်များ ပါဝင်ပြသ ကြသည်။

အဆိုပါပြပွဲ၌ ကွန်ပျူတာ ပစ္စည်းများနှင့် ဆက်စပ်အပိုပစ္စည်းများ၊ နောက်ဆုံးပေါ် အီလက်ထရွန်နစ် ပစ္စည်းများ၊ ဆက် သွယ်ရေး ကိရိယာများ၊ မိုဘိုင်းလ် နည်းပညာနှင့် ပစ္စည်းများ၊ ကွန်ပျူတာ အသုံးချ ဆော့ဖ်ဝဲလ်နည်း ပညာများကို  တစ်နေရာ တည်း၌  ကြည့်ရှု လေ့လာနိုင်မည်ဖြစ်သည်။

ယနေ့ပြုလုပ်သည့် Yangon ICT Fair (May-2019) ပြပွဲသည် ရန်ကုန်တိုင်း ဒေသကြီး   ကွန်ပျူတာအသင်းမှ ၂ဝ၁၉ ခုနှစ် အတွင်း ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး  မေ ၅ ရက်အထိ  ခင်းကျင်း ပြသမည်ဖြစ်သည်။ ပြပွဲရက်များအတွင်း နေ့စဉ် နံနက် ၉နာရီမှ ညနေ ၆နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။            

ဝန်းရံခ

 

Read 157 times Last modified on Thursday, 04 July 2019 10:34