SJ WorldNews - шаблон joomla Авто

သုံးမိနစ်အတွင်း အလုံးရေ တစ်သိန်းခွဲ ရောင်းရသည့် Redmi Y1

Sunday, 12 November 2017 11:17 font size decrease font size decrease font size increase font size increase font size

Xiaomi  ကုမ္ပဏီက ၄င်းတို့၏ Redmi Y1 နှင့် Redmi Y1 Lite   တို့ကို ထုတ်ဖော်ကြေညာပြီးနောက်တစ်နေ့တွင် စတင်ရောင်းချရာ သုံးမိနစ်အတွင်းမှာပင် ဖုန်းအလုံးရေ တစ်သိန်းခွဲရောင်း ထွက်ကြောင်းXiaomi ၏ အိန္ဒိယနိုင်ငံဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး မာနူးကူမားဂျိန်းက အတည်ပြုပြောကြားသည်။

ဈေးနှုန်းသင့်တင့်ပြီး သုံးစွဲရအဆင်ပြေစေသည့် ယင်းစမတ်ဖုန်းများကို Xiaomi က နယူးဒေလီမြို့၌ စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။Redmi Y1 ၏ ရှေ့ကင်မရာသည် Redmi Y1  ရှိသည့်အပြင်ခြားချက်အနေဖြင့် LED Flash ပါဝင်သောကြောင့် ဆယ်ဖီချစ်သူများအကြိုက်တွေ့စေမည့်ဖုန်းဖြစ်သည်။

ထို့ပြင် ဆင်းကတ်နှစ်ကတ်အပြင် LED Flash ကတ်တစ်ကတ်ကိုပါတစ်ခါတည်းစိုက်၍ အသုံးပြုနိုင်မည်ဖြစ်သည်။RAM 3GBပါဝင်သောဖုန်းအတွက် အမေရိကန်ဒေါ်လာ ၁၄၀နှင့် RAM 3GB အတွက် အမေရိကန်ဒေါ်လာ  ၁၇၀ကျသင့်မည်ဖြစ်သည်။ Y1 Lite က ဆယ်ဖီကင်မရာ5MP သာပါရှိသောကြောင့် အမေရိကန်ဒေါ်လာ ၁၁၀ သာကျသင့်မည်ဖြစ်သည်။

Ref: GSMArena

Read 29 times Last modified on Sunday, 12 November 2017 11:58