SJ WorldNews - шаблон joomla Авто

ကင်မရာမှန်ဘီလူး f/1.6 ပါဝင်သော ပထမဆုံး စမတ်ဖုန်း ဖြစ်လာမည့် LG V30

Saturday, 12 August 2017 13:42 font size decrease font size decrease font size increase font size increase font size

LG V30 စမတ်ဖုန်းသည် ကင်မရာမှန် ဘီလူး f/1.6 ပါဝင်မည့် ပထမဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပြီး အဆိုပါ မှန်ဘီလူးကြောင့် f/1.8 ရှိသည့် iPhone 7 ကဲ့သို့သော စမတ်ဖုန်း များတွင် ပါဝင်သည့်

ကင်မရာများထက် အလင်းတောက်ပမှု ၂၅ ရာခိုင်နှုန်း ပိုများမည် ဖြစ်သည်။

ထို့ပြင် ပို၍ ကျယ်သော အလင်းဝင်ပေါက် ပါရှိသည့်အပြင် ကင်မရာ အတွင်းပိုင်း ဖွဲ့စည်းမှု တွင်လည်း ဖန်ဖြင့် ပြုလုပ်ထားသော မှန်ဘီလူး ပါဝင်သောကြောင့် ပိုမိုပြတ်သားပြီး မှန်ကန် တိကျသော ဓာတ်ပုံများ ရရှိစေမည် ဖြစ်သည်။

သို့သော် V 30 ပါဝင်မည့် ကင်မရာ နှစ်လုံးစလုံးတွင် ယင်းစွမ်းဆောင်ရည်များ ပါဝင်ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိ ရသေးသော်လည်း LG က V 30 အပေါ် ထားရှိသည့် စိတ်နေသဘောထားကို မြင်တွေ့နေရပြီ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်နှစ်က ထုတ်လုပ်ခဲ့သည့် V 10 စမတ်ဖုန်းသည် ဈေးကွက် အတွင်းရှိ ကင်မရာ ဖုန်းများအနက် ဆွဲဆောင်မှု အရှိဆုံး ဖုန်းတစ်လုံး ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ထုတ်လုပ်သော V 20 စမတ်ဖုန်း သည်လည်း တခြားစမတ်ဖုန်း များနှင့် နှိုင်းယှဉ်လျှင် အကောင်းဆုံး အသံအရည်အသွေးကို ပေးစွမ်းနိုင်သည်။

ထို့ကြောင့် ယခု V 30 တွင် အထက်ပါ အချက်နှစ်ချက် စလုံးကို ထည့်သွင်း ပေးဖွယ် ရှိကြောင်း သိရသည်။

Ref: The Verge

Read 87 times Last modified on Saturday, 12 August 2017 13:44