SJ WorldNews - шаблон joomla Авто

အမေရိကန်ဒေါ်လာ ၂၈ဝ ဖြင့် စတင် ဝယ်ယူနိုင်သည့် Acer ၏ Chromebook 11 C771

Saturday, 12 August 2017 13:44 font size decrease font size decrease font size increase font size increase font size

Acer ကုမ္ပဏီက နောက်ဆုံးထုတ်လုပ် လိုက်သည့် တန်ဖိုးသင့် Chromebook တစ်လုံး ဖြစ်သည့် Chromebook 11 C771 ကို အမေရိကန်ဒေါ်လာ ၂၈ဝ ဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်သည်။

မျက်နှာပြင် ၁၁ ဒသမ ၆ လက်မရှိသည့် အဆိုပါ Chromebook သည် Intel ၏ Skylake ဆဋ္ဌမမျိုးဆက် Core Processor များကို အသုံးပြုထားသည်။

ပုံရိပ်ကြည်လင် ပြတ်သားမှုရှိစေရန် သာမန် အဆင့်မျှသာ တပ်ဆင်ပေးထားပြီး RAM 4GB နှင့် Storage 32 GB တို့ကို တစ်ပါတည်း တွဲဖက် ပေးထားသည်။ သို့သော် ယခု Chromebook ၏ထူးခြားသော စွမ်းဆောင်ရည်မှာ ဘက်ထရီ အသုံးခံနိုင်ခြင်း ဖြစ်ပြီး ၁၂ နာရီမှ ၁၃ နာရီအထိ ဆက်တိုက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း Acer က အတည်ပြုပြောကြား ထားသည်။

ထိတွေ့မျက်နှာပြင်နှင့် ထိတွေ့မျက်နှာပြင် မဟုတ်သော မျက်နှာပြင် ပုံစံနှစ်မျိုး ရရှိနိုင်ပြီး ဈေးနှုန်းများ ကွာခြားမည် ဖြစ်သော်လည်း ယင်းပုံစံ နှစ်မျိုးစလုံးတွင် ပါဝင် သည့် မျက်နှာပြင်များကို ၁၈ဝ ဒီဂရီအထိ ချိုးနိုင်မည် ဖြစ်သည်။ Ref: Zdnet

Read 17 times Last modified on Saturday, 12 August 2017 13:46