SJ WorldNews - шаблон joomla Авто
ရွှေကူ

ရွှေကူ

နယူးယောက် သြဂုတ် ၂၉

ရုရှား တင်းနစ်မယ် ရှာရာပိုဗာသည် နယူးယောက်၌ ကျင်းပနေသော ယူအက်စ်အိုးပင်း ဂရင်းစလင်း ပွဲစဉ်တွင် ယှဉ်ပြိုင်နေရာ ယနေ့က ကစားခဲ့သည့် ဆီမိုနာဟာလပ်နှင့် ပွဲစဉ်၌ လက်စွမ်းပြကာ ၆-၄၊ ၄-၆၊ ၆-၃ ဖြင့် နိုင်ပွဲရရှိပြီး ဒုတိယ အဆင့်သို့ တက်ရောက်သွားသည်။

လန်ဒန် သြဂုတ် ၂၉

ရီးယဲလ်တွင် မော်ရင်ဟို၏ နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီတွင် တန်းဆင်း သွားရသော မစ်ဒယ်ဘရော့ အသင်းကို နည်းပြခဲ့သည့် စပိန်နိုင်ငံသား နည်းပြ ကရန်ကာက ချယ်လ်ဆီးအသင်း ပေါင်သန်း ၇ဝ ဖြင့်ခေါ်ယူနိုင်သော ရီးယဲလ် တိုက်စစ်မှူး မိုရာတာသည် ပရီးမီးယားလိဂ်၌ ပြီးပြည့်စုံသော ကစားသမား ဖြစ်လာမည်ဟု ချီးကျူးခဲ့သော်လည်း မန်ယူအသင်း ခေါ်ယူခဲ့သော တိုက်စစ်မှူး လူကာကူက မန်ယူအတွက် ပို၍ အကျိုးရှိစေ မည့်သူဟု သုံးသပ်သည်။

လန်ဒန် သြဂုတ် ၂၉

ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ်(၃) ကစားအပြီး လီဗာပူးကို လေးဂိုးပြတ် ရှုံးသည့်ပွဲအပါ နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားသည့် အာဆင်နယ် အသင်းသည် အသင်းမှ စွယ်စုံရ ကစားသမား ချမ်ဘာလိန်ကို လန်ဒန်မြို့ခံ ပြိုင်ဘက် ချယ်လ်ဆီး အသင်းထံ ပေါင် ၃၅ သန်းဖြင့် ရောင်းချရန် သဘောတူခဲ့ကြောင်း သိရသည်။

လီဗာပူး သြဂုတ် ၂၉

လီဗာပူး အသင်းသည် ယခုနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ခေါ်ယူရန် အဓိကထား ကြိုးစားခဲ့သော လိုက်ပဇစ်အသင်းမှ ဂီနီလက်ရွေးစင် ကွင်းလယ် ကစားသမား နာဘီကီတာကို ပေါင် ၅၅ သန်းဖြင့် ခေါ်ယူမှု ပြီးပြတ်သွားပြီ ဖြစ်သည်။ လီဗာပူး အသင်းသည် ကီတာကို အသင်းစံချိန် တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့သော်လည်း ကီတာသည် ယခုရာသီ ကုန်ပြီးမှသာ လိုက်ပဇစ်မှ ပြောင်းရွှေ့ပြီး လီဗာပူးတွင် ကစားမည်ဖြစ်သည်။ ကီတာအတွက် လီဗာပူးသည် ကနဦး အာမခံကြေး ပေါင်ခုနစ်သန်းသာ ပေးထားပြီး ရာသီကုန်ချိန်တွင် ကီတာအတွက် လိုက်ပဇစ်အသင်း သတ်မှတ်ထားသည့် စာချုပ်ဖျက် တန်ကြေးပေါင် ၄၈ သန်းကို ထပ်ပေးပြီး ၂ဝ၁၈-၂ဝ၁၉ ရာသီမှ အသင်းအတွက် ကစားစေမည် ဖြစ်သည်။

ဆစ်ဒနီ သြဂုတ် ၂၉

ဖိလစ်ပိုင် နိုင်ငံတွင် အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိသည့် စစ်သွေးကြွများကို တိုက်ခိုက် ချေမှုန်းရာ၌ ဖိလစ်ပိုင် စစ်ဘက်ကို အကူအညီပေးရန် သြစတြေးလျ အစိုးရက သြဂုတ် ၂၉ ရက်တွင် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ဂျကာတာ သြဂုတ် ၂၉

အင်ဒိုနီးရှား အစိုးရသည် နိုင်ငံ၏ ကုန်ထုတ်စွမ်းအား မြှင့်တင်ရန်အတွက် ဟက်တာ ၄ ဒသမ ၇ သန်းတွင် ဆီအုန်းပင်များ ပြန်လည်စိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနက သြဂုတ် ၂၉ ရက်တွင် ပြောသည်။

ပေကျင်း သြဂုတ် ၂၉

မြောက်ကိုရီးယား နိုင်ငံသည် သြဂုတ် ၂၉ ရက်တွင် ဂျပန်နိုင်ငံကို ကျော်လွန်၍ ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ပဲ့ထိန်း ဒုံးကျည်တစ်စင်း ပစ်ခတ်ပြီးနောက် ကိုရီးယားကျွန်းဆွယ် အရေးနှင့် ပတ်သက်၍ သဘောထား တင်းမာမှုများမှာ ပဋိပက္ခအသွင် နီးစပ်လာပြီဖြစ်ကြောင်း တရုတ်က သတိပေး ပြောဆိုထားသည်။

အစ္စလာမ်မာဘတ် သြဂုတ် ၂၉

အမေရိကန် သမ္မတ၏ ပြောဆိုမှုကို ကန့်ကွက်သည့် အနေဖြင့် ပါကစ္စတန် အစိုးရက နှစ်နိုင်ငံအကြား အပြန်အလှန် လည်ပတ်မှုနှင့် ဆွေးနွေးမှုကို ရပ်ဆိုင်းလိုက်သည်ဟု ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြောင်း ဒေသတွင်း မီဒီယာ တစ်ခုက ထုတ်ပြန်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃)လီဗာပူးရဲ့ အန်းဖီးလ်ကွင်းမှာ အာဆင်နယ်ကို မထင်မှတ်ဘဲ လေးဂိုးပြတ် အနိုင်ရခဲ့သည်။ အာဆင်နယ်၏ ရာသီအဖွင့်ပွဲမှာ လက်စတာကို ၄ ဂိုး-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။ သို့သော် ထိုပွဲတွင်လည်း လက်စတာ အသင်းက နှစ်ကြိမ်တိုင် ဦးဆောင်ခဲ့ပြီးမှ လူစားဝင်လာသည့် ဂီရော့ဒ်သွင်းဂိုးကြောင့် သုံးမှတ်ရခဲ့ခြင်း ဖြစ်သည်။ ပွဲစဉ် (၂) တွင် အာဆင်နယ် အသင်း စတုတ်ကို တစ်ဂိုးတည်းဖြင့် ရှုံးခဲ့သည်။ ယခု နှစ်ပွဲဆက် အရှုံးအဖြစ်   လီဗာပူးကို ရုပ်ပျက်ဆင်းပျက် ရှုံးရခြင်းကြောင့် ဝေဖန်မှုများ ရှိလာသည်။ ဂယ်ရီနဗီးက တစ်သင်းလုံးကို အရောင်းစာရင်း တင်သင့်သည်ဟု ဆိုသည်။ ဝင်းဂါးက ကပ်ဆိုက်ခြင်း၊ အံ့သြမှင်တက် ရခြင်းဟုသာ ပြောပြီး ပရိသတ်၏ ထွက်သွားဆိုသော အသံကို ပရိသတ်များ၏ တစ်စိတ်တစ်ပိုင်းသော စိတ်လှုပ်ရှားမှုဟုသာ တုံ့ပြန်ခဲ့သည်။ မိမိရာထူးဖြင့် ပရိသတ် တောင်းဆိုမှုများ အတွက် အဖြေမပေးဟု တုံ့ပြန်ခဲ့သည်။ ထိုအခြေအနေတွင် ဒေးလီးမေးလ် သတင်းစာက ''ရာသီသစ်မှာ အိုဟောင်းမြဲ အာဆင်နယ်'' ဆိုသည့် ခေါင်းစဉ်ဖြင့် အာဆင်နယ် အသင်း၏ လက်ရှိပြဿနာ ခုနစ်ရပ်ကို ထုတ်ဖော်တင်ပြ ခဲ့သည်။

ရန်ကုန် သြဂုတ် ၂၉ 

(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ အမျိုးသမီး ဟော်ကီအသင်းနှင့် ပီတန်း အားကစားအဖွဲ့ တို့သည် ပြိုင်ပွဲများ ပြီးဆုံး၍ ယနေ့နံနက် ၁၁ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ လာကြသည်။

Page 509 of 555