SJ WorldNews - шаблон joomla Авто
ရွှေကူ

ရွှေကူ

နေပြည်တော် သြဂုတ် ၁၂

ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိနေသေးသည့် လေယာဉ် အစိတ်အပိုင်း များအား တပ်မတော် စစ်ရေယာဉ်များမှ ဆိုနာစနစ်ဖြင့် ရှာဖွေရရှိသည့် ပုံရိပ်များအပေါ် မူတည်၍ လေယာဉ်အမြီးပိုင်း ရှာဖွေတွေ့ရှိခဲ့သည့် နေရာ အနီးတစ်ဝိုက် ပင်လယ်ပြင်အတွင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများ ပူးပေါင်းပြီး ရှာဖွေရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။

နေပြည်တော် သြဂုတ် ၁၂

သြဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီမှ သြဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီအထိ ရာသီ တုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 2009 သံသယလူနာ ၄၈ ဦးအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ ၁၇ ဦးတွေ့ရှိခဲ့ကြောင်း၊ ဇူလိုင် ၂၁ ရက်မှ ယနေ့မွန်းလွဲ ၂ နာရီအထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်းလူနာ ၅၈၃ ဦးအနက် H1N1 ပိုးတွေ့ လူနာစုစုပေါင်း ၂၂၁ ဦးရှိပြီး တစ်နိုင်ငံလုံး၌ ယနေ့အထိ သေဆုံးသူစုစုပေါင်း ၂၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

တောင်တွင်းကြီး သြဂုတ် ၁၂

မကွေးတိုင်း ဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ များက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် တိုက်ပွဲကျေးရွာ အုပ်စု တိုက်ပွဲ ကျေးရွာသို့ သြဂုတ် ၁ဝ ရက်က သွားရောက်၍ မြစိမ်းရောင် စီမံကိန်းဆိုင်ရာ အချက် အလက်များ ရှင်းလင်းခြင်းနှင့် ကျေးရွာ မြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေပြည်တော် သြဂုတ် ၁၂

ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း(ထက်ခွဲ)၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း (ကန်သာယာ-၁) နှင့် အခြေခံပညာ မူလတန်းကျောင်း (ကန် သာယာ-၂)တို့၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင်

နေပြည်တော် သြဂုတ် ၁၂

မန္တလေးတိုင်း ဒေသကြီး၊ နန်းမြို့တွင်းရှိ ဆုတောင်းပြည့် စေတီနှင့် နန်းမြို့ရိုးတစ်လျှောက် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင်

နေပြည်တော် သြဂုတ် ၁၂

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ဒေါနတောင် တောရကျောင်းတိုက်၌ ယနေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သား များက

မုံရွာ သြဂုတ် ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ JICA ချေးငွေ အထောက်အပံ့ဖြင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ချေးငွေအဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်သော တောင်သူများသို့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် အထိချေးငွေ ငွေကျပ် သန်း ၁၉ဝ၉၂ ဒသမ ၅ဝ ကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပုသိမ် သြဂုတ် ၁၂

ငဝန်မြစ်ကြောင်း တူးဖော်မှုများ ပြန်လည် လုပ်ကိုင်နိုင်‌ရန်‌ နယ်သာလန်နိုင်ငံမှ Royal Haskoning ကုမ္ပဏီနှင့် ပူးပေါင်း၍ ဆာဗေးများ လုပ်ဆောင်လျက်ရှိ‌ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရန်ကုန် သြဂုတ် ၁၂

ပြည်တွင်း၌ အင်တာနက် သုံးစွဲသူ သန်း ၂ဝ  နီးပါးရှိသော်လည်း စီးပွားဖြစ် အင်တာနက် သုံးစွဲသူ အရေအတွက်မှာ နည်းပါးနေသေးကြောင်း အွန်လိုင်း ဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။

မြန်မာနိုင်ငံသည် သဘာဝအလျောက် ပေါက်ရောက်သော ဝါးတောများရှိသည့် နည်းတူ ယင်းဝါးများကို အသုံးပြု၍ လူတို့နေထိုင်ရာ အိမ်များနှင့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်မှု သည်လည်း ရှေးယခင်ကပင် ရှိခဲ့သည်။ ယခုအခါ ဝါးဖြင့်ပြုလုပ်သည့် လူသုံးကုန် ပစ္စည်းများသည် ပြည်တွင်းဈေးကွက် ရရှိရုံသာမက ပြည်ပနိုင်ငံများ ကပါ ကြိုက်နှစ်သက်မှု ရှိသဖြင့် တင်ပို့နေရသည့် အခြေအနေ တစ်ရပ်အထိ ဈေးကွက်ရရှိလာပြီ ဖြစ်သည်။

Page 546 of 555