SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သံတောင်ကြီး သြဂုတ် ၈

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ရွာကြီးကျေးရွာ အုပ်စု ပျားစခန်း ကျေးရွာရှိ တောင်သူ ဦးအုန်း၏ လယ်ကွင်းအတွင်း ယနေ့ နံနက်ပိုင်းတွင် ထွန်တုံးပိတ်ပွဲနှင့် တစ်ဧက အထွက်နှုန်း တိုးစေမည့် BMP စနစ်ဖြင့် စိုက်ပျိုးနည်း သရုပ်ပြပွဲ ကျင်းပသည်။

လွိုင်ကော် သြဂုတ် ၈

တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကယားပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

နေပြည်တော် သြဂုတ် ၈

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျေးရွာတာဝန်ခံ တစ်ဦးအား အစွန်းရောက် အကြမ်းဖက် သမားများက ဓားဖြင့်ဝိုင်းခုတ် ခဲ့ကြောင်း သိရသည်။

လားရှိုး သြဂုတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၌ ဟိုတယ် သုံးလွှာအထပ်၏ ပြတင်းပေါက်မှ ယမန်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ပြုတ်ကျ၍ သေဆုံးကြောင်း သိရသည်။

နေပြည်တော် သြဂုတ် ၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းစစ်ဆေးရေး ဂိတ်၌ ယမန်နေ့ နံနက်ပိုင်းက စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ခရီးသွား ပြည်သူများ နေ့စဉ်တွေ့ကြုံ နေရသော အခက်အခဲ တစ်ခုမှာ  ယာဉ်ကြော ကျပ်တည်းမှုပင်ဖြစ်သည်။ ခရီးသွား ပြည်သူဟု ဆိုရာ၌ ဈေးရောင်း၊ ဈေးဝယ်၊ ကိုယ်ရေး ကိစ္စများဖြင့် ခရီးသွားလာနေသူ များသာမက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အရေးပေါ် လူနာတင်ယာဉ် များပါမကျန် ယာဉ်ကြော ပိတ်ဆို့မှုကြောင့် သွားလာရေး အခက်အခဲများ တွေ့ကြုံရလျက် ရှိသူများဖြစ်သည်။

ပလိပ် သြဂုတ် ၇

မန္တလေးတိုင်း ဒေသကြီး ပလိပ်မြို့နယ်၌ တောင်သူများအတွက် အကျိုးရှိစေမည့် အပင်ဖျက် ပိုးများကို နှိမ်နင်းနိုင်သော နကျယ်ကောင်များအား မွေးမြူရေးခြံ ပြုလုပ်ကာ မွေးမြူ ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန် သြဂုတ် ၇

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူးကျင်းပသည့် မေတ္တာ အခါတော်နေ့ ပန်းပေါင်း ၈၄ဝဝဝ ဖြင့် ပြုလုပ်ထားသော ပန်းစေတီ ပူဇော်ပွဲနှင့် သီလခံယူပွဲကို ယနေ့ နံနက်ပိုင်းတွင်   ရွှေတိဂုံ စေတီတော် ရင်ပြင်တော်ရှိ သတ်မှတ်နေရာ အသီးသီး၌  ကျင်းပသည်။

ရန်ကုန် သြဂုတ် ၇

သြဂုတ်လ ပထမပတ်သည် (World Breastfeeding Week) မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် ဖြစ်သည့်အတွက် မိခင်နို့ တိုက်ကျွေးခြင်းနှင့် ပတ်သက်သည့် အကြောင်း အရာများ ဆွေးနွေးခြင်းကို ရန်ကုန်မြို့ရှိ ဝိတိုရိယ ဆေးရုံ၌ သြဂုတ် ၅ ရက်နှင့် ပန်းလှိုင် စီလုံဆေးရုံ၌ သြဂုတ် ၆ ရက်တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အစားအသောက်၊ အလှကုန်၊ ဟင်းသီးဟင်းရွက်နှင့် သားငါးများ ဈေးကွက်ထောက်လှမ်း စောင့်ကြည့်နိုင်ရန် Master Plan ရေးဆွဲထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ထံမှ သိရသည်။

Page 548 of 552