SJ WorldNews - шаблон joomla Авто
ရွှေကူ

ရွှေကူ

တိုကျို သြဂုတ် ၁ဝ

မပေါက်ကွဲသေးသော ဒုတိယ ကမ္ဘာစစ် ကျန်ဗုံးတစ်လုံးကို ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယား စက်ရုံ၌ သြဂုတ် ၁ဝ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဝါရှင်တန် သြဂုတ် ၁ဝ

ရုရှားနိုင်ငံမှ လေ့လာစောင့်ကြည့်ရေး လေယာဉ်တစ်စင်းသည် သတင်းအချက်အလက်များ စုဆောင်းရန်အတွက် အမေရိကန် ပြည်ထောင်စုရှိ ပင်တဂွန် စစ်ဌာနချုပ်၊ လွှတ်တော်နှင့် အခြားအစိုးရ အဆောက်အအုံများ အပေါ်မှ ပျံသန်းကြောင်း သိရသည်။

ဝါရှင်တန် သြဂုတ် ၁ဝ

အမေရိကန် ရေတပ်မှ ဖျက်သင်္ဘော တစ်စင်းသည် တောင်တရုတ် ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံက တည်ဆောက်ထားသော လူလုပ်ကျွန်းတု၏ ရေမိုင် ၁၂ မိုင် အကွာမှနေ၍ လွတ်လပ်စွာ ရေကြောင်းသွားလာမှု ပုံမှန်လေ့ကျင့်ခန်းကို သြဂုတ် ၁ဝ ရက်တွင် လုပ်ဆောင်ကြောင်း အမေရိကန် တာဝန်ရှိသူများ Reuters သတင်းဌာနသို့ ပြောသည်။

အန်ကာရာ သြဂုတ် ၁ဝ

တူရကီ အာဏာပိုင်များသည် အင်စာလစ် လေတပ်အခြေစိုက် စခန်းရှိ အမေရိကန် လေယာဉ်တစ်စင်းကို မောင်းသူမဲ့လေယာဉ် အသုံးပြု၍ ဖျက်ဆီးရန် စီစဉ်သည့် ရုရှားနိုင်ငံသား IS စစ်သွေးကြွဟု သံသယရှိသူ တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း Dogan သတင်းဌာနက သြဂုတ် ၁ဝ ရက်တွင်ပြောသည်။

သောကြာနေ့ညမှာ ပြင်သစ် လီဂူးဝမ်းပွဲစဉ် နှစ်ပွဲကစားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဘာလော့တယ်လီ အစွမ်းနဲ့ အဆင့်(၃) နေရာရခဲ့ပေမယ့် အဖွင့်ပွဲမှာ စိန့်အက်တီယန်ကို ရှုံးခဲ့တဲ့ နိစ်ကတန်းတက် ထရိုယက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လိုင်ယွန်ကတော့ ရင်းနက်စ်နဲ့ ယှဉ်ပြိုင်ရမှာပါ။

ပရီးမီးယားလိဂ် ၂ဝ၁၇-၂ဝ၁၈

ဘောလုံးရာသီကိုတော့ ခါတိုင်းလို စနေနေ့မှာ မစဘဲ ပထမဆုံးသော သောကြာနေ့မှာ စတင်ကစားပြီး အာဆင်နယ်- လက်စတာပွဲစဉ်နဲ့  အစပြုမှာပါ။

မြဝတီ သြဂုတ် ၁ဝ

မြို့နယ်အဆင့် ကျားမရေးရာ အခြေပြု အကြမ်းဖက်မှု ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပွဲကို မြဝတီမြို့ စုပေါင်း ရုံးခန်းမ၌ ယမန်နေ့  နံနက် ၁ဝ နာရီက ကျင်းပသည်။

တောင်ကြီး သြဂုတ် ၁ဝ

ပထမအကြိမ် ကြက်ခြေနီနှင့် ရှေးဦးသူနာပြု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး ကွင်းရှိ ခန်းမ၌ ကျင်းပသည်။

ရေတာရှည် သြဂုတ် ၁ဝ

ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် အင်ဒိုင်းကျေးရွာ၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲက မီးဖိုချောင်အတွင်း ထမင်း ချက်ပြုတ်ရာမှ အနီးရှိ ဝါးထရံကို မီးစွဲလောင်ကျွမ်းကာ လူနေအိမ်နှစ်လုံး မီးလောင် ဆုံးရှုံးကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ပေါ် ရပ်ကွက်များဖြစ်သည့် အမှတ်(၂) ရပ်ကွက်နှင့်  အမှတ်(၃) ရပ်ကွက်ကြား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ရုံးပေါင်းစုံရှေ့ရှိ ကတ္တရာလမ်းမှာ ယခုအခါ လမ်းမျက်နှာပြင် ပေါက်ပြဲကာ ချိုင့်ခွက်များ ဖြစ်ပေါ်နေပါသည်။

Page 549 of 555