SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကျောက်တံခါး သြဂုတ် ၇

ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက် ရွှေမန်းတောရကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ဓမ္မစကူး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ချက်နှင့် အညီ လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို အစဉ်တစိုက် ကျင့်သုံးလျက်ရှိသည်။ အိမ်နီးချင်း နိုင်ငံများနှင့် လည်းကောင်း၊ ဒေသတွင်း နိုင်ငံများနှင့်လည်းကောင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံအဖြစ် အသိအမှတ်ပြု ခံခဲ့ရပြီးဖြစ်သည်။

နေပြည်တော် သြဂုတ် ၇

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အဖြစ် မေတ္တသုတ် ပရိတ်တော် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိ သီလရှင် စာသင်တိုက်ကြီး၌ ပြုလုပ်ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မဟာဝိနယာ လင်္ကာရ ကျောင်းတိုက်၏ ပဓာန နာယက ဆရာတော် မဟာဂန္ထ ဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဝိနယာ လင်္ကာရ အမှူးပြုသော သံဃာတော်များ၊ သီလရှင် စာသင်တိုက်ကြီး၏ ပဓာန နာယက သီလရှင် ဆရာကြီး ဒေါ်ဆေကဝတီ အမှူးပြုသော သာသနာ့ အနွယ်ဝင် သီလရှင်များ ကြွရောက်တော် မူကြပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

နေပြည်တော် သြဂုတ် ၇

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီး ဌာနနှင့် ကိုရီးယား သစ်တောဌာန (KFS) တို့ ပူးပေါင်းဖွင့်လှစ်သည့် ကျေးလက်နေ ပြည်သူများ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အထောက်အကူပြု ဝါးအခြေခံ လက်မှုပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်ရှိ သစ်တော သုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ ကျင်းပသည်။

၈-၈-၂ဝ၁၇

စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊

ကရင်တိုင်းရင်းသား တို့၏ ရိုးရာဓလေ့များ မပပျောက်စေရန်၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အကြောင်းကို သိရှိနားလည် လာစေရန်၊ ကရင်ရိုးရာ ဓလေ့များကို ထိန်းသိမ်းမြတ်နိုး တတ်လာစေရန်နှင့် ပွဲတော်တွင် ပူးပေါင်းပါဝင် ဆင်နွှဲလာစေရန် အတွက် နှစ်စဉ်နှစ်တိုင်း ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ နှစ်ကာလအားဖြင့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကျိုင်းတုံ သြဂုတ် ၇

ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကြီးမှူး၍ စံပြမိခင်ပြိုင်ပွဲ    ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးပြိုင်ပွဲများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့ အမှတ်(၃) ရပ်ကွက်   မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးရှိ ကျန်းမာရေး ဌာန၌ ယမန်နေ့  နံနက် ၉ နာရီက ကျင်းပသည်။

ဝက်လက် သြဂုတ် ၇

ဝက်လက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရာသီတုပ်ကွေးရောဂါ H1N1 ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို စစ်ကိုင်းတိုင်း ဒေသကြီး ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း၌ ယမန်နေ့က ဆောင်ရွက်ကြကြောင်း သိရသည်။

တိုကျို သြဂုတ် ၆

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အက်တမ်ဗုံး အကြဲခံရသည့် ၇၂ နှစ်မြောက် အထိမ်းအမှတ်အား ဟီရိုရှီးမား ငြိမ်းချမ်းရေး အထိမ်းအမှတ် ပန်းခြံ၌ သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ကျင်းပသည်။ ဟီရိုရှီးမားမြို့သည် ကမ္ဘာပေါ်တွင် နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ခံရသည့် ပထမဆုံး မြို့ဖြစ်သည်။

ဟနွိုင်း သြဂုတ် ၆

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ပြည်နယ်လေးခု၌ ပြီးခဲ့သည့် သုံးရက်အတွင်း ရေကြီးမှုကြောင့် ရုပ်အလောင်း ၁၆ လောင်းထပ်မံ တွေ့ရှိသည့်အတွက် သေဆုံးသူ အရေအတွက် ၂၃ ဦးအထိ မြင့်တက်လာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Page 550 of 552