SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရန်ကုန် သြဂုတ် ၇

တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့၌ သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပမည့် ကမ္ဘာ့အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲ (Mrs Myanmar Universe 2017) သို့ အလှမယ် ကေခိုင်နှင်းက မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၈၄ နိုင်ငံမှ အသက် ၂၅ နှစ်မှ ၄၅ နှစ်ကြားရှိသည့် အိမ်ထောင်ရှင် အလှမယ်များ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ရန်ကုန် သြဂုတ် ၇

သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)၌ သီတဂူ ကမ္ဘာ့ဗုဒ္ဓ သာသနာပြုအဖွဲ့၊ အိန္ဒိယနိုင်ငံ ဝိဝေကနန္ဒ အပြည်ပြည်ဆိုင်ရာ ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့တို့က ဂျပန်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ သြဂုတ် ၅ ရက်မှ ၆ ရက်အထိ ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံ ညီလာခံ ကြီးတွင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် သုတေသီများက သဘောတူ ထုတ်ပြန် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ပဲခူး သြဂုတ် ၇

ပဲခူးမြို့၌ ရာသီတုပ်ကွေး H1N1 နှင့် H5N1 သတင်းများကြောင့် ကြက်သား၊ ကြက်ဥ၊ ဝက်သားစားသုံးသူ နည်းလာကာ ဈေးနှုန်းကျဆင်းလာပြီး ငါးဈေးနှုန်းမှာ ယခင်ထက် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

နေပြည်တော် သြဂုတ် ၇

ရာသီတုပ်ကွေးရောဂါ သံသယလူနာ ၂၂ ဦးအား သြဂုတ် ၆ ရက် မွန်းလွဲ ၂ နာရီမှ ယနေ့မွန်းလွဲ ၂ နာရီအထိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ H1N1 ပိုးတွေ့လူနာ ရှစ်ဦးတွေ့ရှိ ခဲ့ကြောင်း၊ ထို့ကြောင့် ဇူလိုင် ၂၁ ရက် မှ ယနေ့မွန်းလွဲ ၂ နာရီအထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုး ဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်းလူနာ ၄ဝ၉ ဦးအနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း ၁၅၄ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးရှိကြောင်း၊ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင် ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ များ၏ သေဆုံးမှုနှုန်းမှာ ၃ ဒသမ ၉၁ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ယနေ့သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်တံခါး သြဂုတ် ၇

ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက် ရွှေမန်းတောရကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ဓမ္မစကူး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ချက်နှင့် အညီ လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို အစဉ်တစိုက် ကျင့်သုံးလျက်ရှိသည်။ အိမ်နီးချင်း နိုင်ငံများနှင့် လည်းကောင်း၊ ဒေသတွင်း နိုင်ငံများနှင့်လည်းကောင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံအဖြစ် အသိအမှတ်ပြု ခံခဲ့ရပြီးဖြစ်သည်။

နေပြည်တော် သြဂုတ် ၇

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အဖြစ် မေတ္တသုတ် ပရိတ်တော် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိ သီလရှင် စာသင်တိုက်ကြီး၌ ပြုလုပ်ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မဟာဝိနယာ လင်္ကာရ ကျောင်းတိုက်၏ ပဓာန နာယက ဆရာတော် မဟာဂန္ထ ဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဝိနယာ လင်္ကာရ အမှူးပြုသော သံဃာတော်များ၊ သီလရှင် စာသင်တိုက်ကြီး၏ ပဓာန နာယက သီလရှင် ဆရာကြီး ဒေါ်ဆေကဝတီ အမှူးပြုသော သာသနာ့ အနွယ်ဝင် သီလရှင်များ ကြွရောက်တော် မူကြပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

နေပြည်တော် သြဂုတ် ၇

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီး ဌာနနှင့် ကိုရီးယား သစ်တောဌာန (KFS) တို့ ပူးပေါင်းဖွင့်လှစ်သည့် ကျေးလက်နေ ပြည်သူများ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အထောက်အကူပြု ဝါးအခြေခံ လက်မှုပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်ရှိ သစ်တော သုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ ကျင်းပသည်။

၈-၈-၂ဝ၁၇

စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊

ကရင်တိုင်းရင်းသား တို့၏ ရိုးရာဓလေ့များ မပပျောက်စေရန်၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အကြောင်းကို သိရှိနားလည် လာစေရန်၊ ကရင်ရိုးရာ ဓလေ့များကို ထိန်းသိမ်းမြတ်နိုး တတ်လာစေရန်နှင့် ပွဲတော်တွင် ပူးပေါင်းပါဝင် ဆင်နွှဲလာစေရန် အတွက် နှစ်စဉ်နှစ်တိုင်း ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ နှစ်ကာလအားဖြင့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

Page 553 of 555