SJ WorldNews - шаблон joomla Авто

Grand Theft Auto GTA ဂိမ်းသည် ခုအခါဆန်းသစ်မှု များနှင့်အတူ တစ်ကျော့ ပြန်လာပြီဖြစ်သည်။ လူငယ်များ နှစ်ခြိုက်သည့်နည်းတူ ယခုနှစ် ဒုတိယ လပတ်ကာလအတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၄ဝဝ အထိ ရရှိထားသည်။ ယင်း GTA Online ကို အောက်တိုဘာလကုန်တွင် စတင်မိတ်ဆက် သွားဖွယ်ရှိသည်။ ဂိမ်းအတွင်း တည်နေရာအဖြစ် လော့ဆန်တို့ လမ်းမများ၊ ဆိပ်ကမ်းများနှင့် ဝေဟင်တို့ကို အသုံးပြုထားခြင်း ဖြစ်သည်။

Pixel 2 နှင့် Pixel 2 XL တို့တွင် Google က ထုတ်ပြန်ကြေညာထားပြီး ဖြစ်သော လုပ်ဆောင်မှုများအပြင် ၎င်း၏ Software အတွင်း အံ့အားသင့်စရာများ ကျန်ရှိနေသည်။ ထိုအံ့အားသင့်စရာ အချက်မှာ ဖုန်းအသုံးပြုသူသည် ကားမောင်းနေသည့် အချိန်တွင် ဖုန်းက မနှောင့်ယှက်ရ စနစ်သို့ အလိုအလျောက် ပြောင်းလဲပေးနိုင်ခြင်း ဖြစ်သည်။ ထိုအချက်ကို Play Store တွင်တင်ထားသည့် Google Application သစ်၏ Screenshotမှတစ်ဆင့် သိရှိရခြင်း ဖြစ်သည်။

ဘိုးရင်းလေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီနှင့် ဂျက်ဘလူးလေကြောင်းလိုင်းတို့ ပူးပေါင်း၍ ဇူနမ်အေရိုအမည်ရှိ လေယာဉ် ကိုထုတ်လုပ်ရန် လုပ်ဆောင်လျက်ရှိသည်။

Google ကုမ္ပဏီသည် ၎င်း၏ Laptop ထုတ်လုပ်မှု လုပ်ငန်းကို ပြန်လည်စတင်လိုက်ပြီး ယခုထုတ်လုပ်လိုက်သည့် Pixelbook က Google က ထုတ်လုပ်ခဲ့သော Laptop များအနက် အရည်အသွေး အကောင်းဆုံး Laptop တစ်လုံးအဖြစ်နေရာယူနိုင်ခဲ့သည်။

Page 9 of 18