SJ WorldNews - шаблон joomla Авто

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု အောက်မှာ အီရန်ပြိုလဲ သွားမှာလား

Tuesday, 06 November 2018 10:00 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်ပြည်ထောင်စုက ၂ဝ၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူစာချုပ်ကနေ နုတ်ထွက်ပြီးနောက်ပိုင်း အီရန်နိုင်ငံ အပေါ် ချမှတ်တဲ့ အပြင်းထန်ဆုံးသော အရေးယူပိတ် ဆို့မှုက နိုဝင်ဘာ ၅ ရက်မှာ စတင်အသက် ဝင်လာပြီဖြစ် ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုကို အပိုင်းနှစ်ပိုင်းနဲ့ချမှတ်ခဲ့ တာဖြစ် ပါ တယ်။ ပထမပိုင်းက   အီရန်နိုင်ငံရဲ့ ရွှေကုန်သွယ်ရေး၊ အဖိုးတန် ကျောက်မျက်များ ကုန်သွယ် ရေးနဲ့ မော်တော် ယာဉ် ကဏ္ဍတို့အပေါ် အဓိက ဦးတည်ပြီး  ဒုတိယပိုင်းက ရေနံတင်ပို့မှုနဲ့ ဘဏ်လုပ်ငန်းကို ဦးတည် တာဖြစ် ပါတယ်။

အရေးယူ ပိတ်ဆို့မှု ပထမပိုင်းက   အီရန် အပေါ်ကို  အကျိုးသက်ရောက်မှု သိပ်မရှိပါဘူး။ ဒါပေမဲ့  အရေးယူပိတ်ဆို့မှု ဒုတိယပိုင်းက ရေနံပို့ကုန်ကနေ အဓိက ဝင်ငွေရရှိနေတဲ့  အီရန်နိုင်ငံကို တော်တော်လေး အထိနာစေ မှာဖြစ်ပါတယ်။

အီရန်နိုင်ငံကနေ  ရေနံတင်သွင်းနေတဲ့ နိုင်ငံတွေအနေနဲ့ နိုဝင်ဘာ ၅ ရက်မတိုင်မီ ရေနံတင်သွင်းမှုကို  သုညအထိ လျှော့ချဖို့ အမေရိကန် ပြည်ထောင်စုက ကြိုတင်သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့ မှုကနေဖြစ်ပေါ်လာမယ့် အကျိုးဆက်နဲ့ ပတ်သက်ပြီး ကောင်းစွာ ကိုင်တွယ်နိုင်တဲ့ အတွက် သိပ်ပြီးစိုးရိမ် ထိတ်လန့်နေတာမျိုး မရှိဘူးလို့ အီရန်အစိုးရက ပြောပါတယ်။ ဒါ့ပြင် အီရန် နိုင်ငံကနေ ရေနံတင်သွင်းမှု မလုပ်ဖို့တားမြစ်တဲ့ အမေရိကန်ရဲ့လုပ်ဆောင်ချက်က အောင် မြင်မှုမရှိဘဲ ကျဆုံးမှာဖြစ် တယ်လို့  အီရန်အစိုးရက ထပ်ပြောပါတယ်။ အခုလိုအရေးယူ ပိတ်ဆို့မှုအသက်မဝင်ခင် အီရန်နိုင်ငံကနေ ရေနံတင် သွင်းနေတဲ့ နိုင်ငံတွေထဲက  နိုင်ငံ ရှစ်နိုင်ငံကို အရေးယူ ပိတ်ဆို့မှုကနေ ယာယီ ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။ ဒီနိုင်ငံ တွေထဲ မှာ အီတလီ၊ အိန္ဒိယ၊ ဂျပန်နဲ့တောင်ကိုရီး ယားတို့လို အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေ ပါဝင်ပါတယ်။ သူတို့အနေနဲ့ အချိန်အတိုင်း အတာတစ်ခုအတွင်း  အီရန် ကနေ  ရေနံတင်သွင်းမှုကို သုညအထိ လုံးဝလျှော့ချရမှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိ သူတွေက စိတ်မပူဘူး ဆိုပေမယ့်လည်း  သာမန်ပြည် သူတွေကတော့  ငွေကြေးဈေးနှုန်း အတက်အကျဖြစ် ခြင်းနဲ့ ကုန်ဈေးနှုန်းမြင့် တက်ခြင်းတို့ဖြစ်လာမှာကို  စိုးရိမ် နေကြပါတယ်။ အီရန်နိုင်ငံအတွင်းမှာ အမေရိကန် ဒေါ်လာပြတ်လပ်မှု၊ လုပ်အားခတွေ ရှင်းမပေးနိုင်မှုနဲ့  ကုန်ဈေး နှုန်းတွေမြင့်တက်လာမှုတို့ကြောင့်  မကြာ သေးမီလပိုင်းကပဲ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီးပါပြီ။ ဒါကြောင့် အခုတစ်ကြိမ် ကုန်ဈေးနှုန်းတွေ ထပ်တက်မယ်ဆိုရင် ပြည်သူ တွေရဲ့ဆန္ဒပြမှုတွေကလည်း ထပ်မံပေါ်ထွက် လာဦးမှာဖြစ်ပါတယ်။

အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေအပေါ် စိုးရိမ်ကြောင့်ကြမှုတွေ  အများဆုံး ဖြစ် နေရတဲ့ ကဏ္ဍတစ်ခုက အီရန်ကျန်းမာရေးကဏ္ဍဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ ဆေးဝါးထောက်ပံ့မှု ပြတ်လပ် သွားမယ်ဆိုရင် နိုင်ငံအတွင်းရှိ သွေးလည်ပတ်မှုပုံမှန်မဟုတ်တဲ့ ဝေဒနာ ခံစားနေရတဲ့လူနာ အနည်းဆုံး ၁၂ဝဝဝ က အသက် အန္တရာယ်နဲ့ ချက်ချင်းတွေ့ကြုံနိုင်ပါတယ်။

''အရေးယူပိတ်ဆို့မှုတွေ ချမှတ်တာက သမားရိုးကျစစ်ပွဲဆင်နွှဲတာထက် ပိုမိုဆိုးဝါး တဲ့လုပ်ရပ်ဖြစ်ပါတယ်။ သမားရိုး ကျ စစ်ပွဲ ဆင်နွှဲမယ်ဆိုရင် လူနေအဆောက်အအုံတွေ နဲ့ ပစ်မှတ်တွေကို တစ်ပြိုင်နက်တည်းမချေ မှုန်းနိုင်ပါဘူး။ အကယ်၍ အခုလိုမျိုး အရေးယူ ပိတ်ဆို့မှု သာချမှတ်လိုက်မယ်ဆိုရင် တစ်နိုင်ငံလုံးက  ပစ်မှတ်တစ်ခုတည်းဖြစ်သွားပါ

ပြီ'' လို့ ဆေးပညာ အဖွဲ့တစ်ဖွဲ့က ခေါင်းဆောင် အာမက်ဂါဗီဒက်က ပြောပါတယ်။

ဒါ့ပြင် အီရန်ပြည်သူတွေ အနေနဲ့ အသက် ကယ်ဆေးတွေနဲ့ ဆေးဝါးထောက်ပံ့မှုတွေကို မရရှိတာက ဘေးအန္တရာယ် တစ်ခု အနေနဲ့ ဖြစ်ပေါ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာစိတ် ကျန်းမာရေး ဆရာဝန်များက လက်မှတ်ရေး ထိုးထုတ်ပြန် ထားတဲ့ စာတစ်စောင်မှာ ဖော်ပြ ထားပါတယ်။

''လူသားတွေအပေါ် သွယ်ဝိုက်တဲ့နည်းနဲ့ ဆိုးကျိုးတွေသက်ရောက်စေနိုင်တဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေက လူတွေကို ဗုံးတွေ၊ ကျည်ဆန်တွေနဲ့ သတ်စရာမလိုဘဲ ကျန်းမာရေးစောင့်ရှောက်မှုမရရှိအောင် လုပ် လိုက်ရုံနဲ့သေဆုံး စေပါတယ်။ သာမန်အီရန် ပြည်သူတွေက  အမေရိကန်ပြည်ထောင်စု ရဲ့အရေးယူပိတ်ဆို့မှုကို ဆိုးဆိုးရွားရွားခံစား ရတဲ့သူ တွေဖြစ်ပါတယ်။ ဒီလိုခံစားရမှုတွေ ကြောင့်  သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုလည်း ဆိုးရွားစေပါတယ်'' လို့ အဲဒီစာထဲမှာ ရေးသားထားပါတယ်။

အီရန်နိုင်ငံက ၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူစာချုပ်ပါအချက်တွေကို လိုက်နာ ခြင်းမရှိဘဲ ဖောက်ဖျက်တယ် လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကစွပ်စွဲပြီး အဲဒီ စာချုပ်ကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒီ စာချုပ်အရ အီရန်အပေါ် ဖြေလျှော့ပေးထား တဲ့အရေးယူပိတ်ဆို့မှုတွေကိုလည်း အမေရိ ကန်က ပြန်လည်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စာချုပ်မှာပါဝင် လက်မှတ်ထိုးခဲ့ကြတဲ့ ကျန်ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ကတော့ အီရန်နိုင်ငံက သဘောတူ စာချုပ်ပါအချက် တွေကို လိုက်နာမှုရှိတယ်ဆိုပြီးပြောပါတယ်။

စာချုပ်ချုပ်ဆိုဖို့ အဓိကကျတဲ့အခန်းကဏ္ဍ ကနေပါဝင်တဲ့ နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီကလည်း   အလားတူပဲ ပြောခဲ့ပါ တယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက အီရန်အပေါ်  အရေးယူပိတ်ဆို့မှုပြန်လည် ချမှတ်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးမှာ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကြောင့် အမေရိကန်က  အီရန်အပေါ်  အရေးယူပိတ် ဆို့မှုတွေ ပြန်လည်ချမှတ်ပြီဆိုကတည်းက အီရန်နိုင်ငံမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီတွေက သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေကို အလျှိုအလျှို ရုပ်သိမ်း သွားကြပါတယ်။

အမေရိကန်ရဲ့  အခုပိတ်ဆို့မှုတွေ ထဲမှာ အီရန်နဲ့စီးပွားရေး လုပ်တဲ့ အမေရိကန်ပြည် ထောင်စုမှာရှိတဲ့ကုမ္ပဏီတွေကို   တားမြစ် ပိတ်ပင်မှုလည်းပါဝင်ပါတယ်။ ဒါ့ပြင် ဆင့်ပွားပိတ်ဆို့မှုအနေနဲ့ အီရန်နဲ့စီးပွားရေးလုပ်တဲ့  ဘယ်လိုအမေရိကန် ကုမ္ပဏီမဆို  အစိုးရရဲ့ အရေးယူပိတ်ဆို့မှုကိုခံရမှာဖြစ်ပါတယ်။

လက်ရှိမှာ အီရန်နိုင်ငံက ဥရောပသမဂ္ဂရဲ့ထောက်ပံ့မှုအပေါ်   မှီခိုနေရပါတယ်။  ဒါကြောင့်  ဥရောပသမဂ္ဂက  အီရန် အပေါ် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု တွေရှိနေ ပေမယ့်လည်း ဒီပိတ်ဆို့မှုတွေကို ရှောင်ရှားပြီး   အီရန်ရဲ့ စီးပွားရေးကို ကယ်တင်နိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့  နည်းလမ်းတစ်ခုကိုရေးဆွဲထားပါတယ်။ ဒီနည်းလမ်းကို Special Purpose Vehicle(SPV) လို့  နာမည်ပေး ထားပါတယ်။

SPV က ဘဏ်တစ်ခုလို လုပ်ငန်းဆောင် ရွက်မှာဖြစ်ပြီး အီရန်နိုင်ငံ အပြင် အဲဒီနိုင်ငံနဲ့  စီးပွားရေး လုပ်နေတဲ့   ကုမ္ပဏီ တို့ကြား ငွေကြေး လွှဲပြောင်းပေးမှုကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။  ဒီလိုနည်းနဲ့ အီရန်အပေါ် တိုက် ရိုက် ငွေကြေး ပေးချေမှုကို ရှောင်လွှဲတာ ဖြစ်ပါတယ်။ ဥပမာဆိုရရင် အီရန်နိုင်ငံက ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ကို  ရေနံ တင်ပို့လိုက်တယ်ဆိုပါစို့။ ဒီရေနံကို လက်ခံ ရရှိတဲ့ကုမ္ပဏီကှ SPV  ကိုသာ ငွေပေးသွင်း ရမှာဖြစ်ပါတယ်။  ဒီငွေကို အီရန် က ထုတ်ယူ ခြင်းမပြုဘဲ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ကနေ လိုချင်တဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူ နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်  အမေရိကန်ပြည်ထောင်စု အနေနဲ့   အင်အား ကျဆင်းလာပြီဖြစ်တယ်လို့ အီရန် ဦးသျှောင် အယာတိုလာခါ မေနီက ပြောကြားခဲ့ပါတယ်။

''အမေရိကန်ပြည်ထောင်စုက အီရန်ကို အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ရတဲ့ ရည်ရွယ်ချက်က နိုင်ငံရဲ့စီး ပွားရေးကို အင်အားချည့်နဲ့ စေပြီး တိုးတက်မှုမရှိအောင်လုပ်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုအရေးယူပိတ်ဆို့ မှုရဲ့ရလဒ်က အီရန်နိုင်ငံ အတွက် ကောင်းမွန်တဲ့အရာတွေသာဖြစ်လာမှာဖြစ်တယ်'' လို့ အယာတိုလာခါမေနီက ဆက်ပြော ပါတယ်။

ဒါပေမဲ့လည်း အီရန်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘဲ အနည်းနဲ့အများ ဆိုသလို ဆုံးရှုံးမှု တွေရှိနေတုန်းပဲဖြစ်ပါတယ်။  ဒီလိုဆုံးရှုံးမှု တွေနည်းပါးစေဖို့ အီရန်နိုင်ငံ အနေနဲ့  ရေနံ တင်ပို့ရောင်း ချ နိုင်မယ့်  နည်းလမ်း အသစ် တွေကိုရှာဖွေရမှာဖြစ်ပါတယ်။ ဒါ့ပြင် ဥရောပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံး လိုက်ရတာကြောင့် ဖြစ်ပေါ်လာတဲ့  စီးပွားရေးကွာဟမှု ကို ဖြည့်ဆည်းဖို့   ရုရှားနဲ့ တရုတ်လိုမျိုး  ကမ္ဘာ့အရှေ့ခြမ်း မှာရှိတဲ့ နိုင်ငံတွေနဲ့   ချိတ်ဆက်မှု အသစ်တွေကို  လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါမှသာ အီရန်နိုင်ငံက အမေရိကန် ရဲ့  အရေးယူပိတ်ဆို့မှုကြောင့် ပြိုလဲသွားမှာမဟုတ်ဘဲ အခြေအနေတစ်ခုအထိ ဟန်မပျက်  ရပ်တည်နိုင်မှာဖြစ် ပါကြောင်း  ရေးသား တင်ပြ လိုက်ရပါတယ်။    

ဆောင်းပါးရှင်-မင်းခန့်တင်

 

Read 97 times
Rate this item
(0 votes)
Last modified on Tuesday, 06 November 2018 10:15

Latest from စကားဝါ