SJ WorldNews - шаблон joomla Авто

လွှမ်းမိုးမှု မြင့်တက်လာပြီး တစ်ချိန်ချိန်တွင် ဒေါ်လာ၏ နေရာကိုပါ လွှဲပြောင်းရယူမည့် ယွမ် ငွေကြေး

Saturday, 10 November 2018 09:34 Written by  font size decrease font size decrease font size increase font size increase font size

ပြည်ပနိုင်ငံများ၏ အသုံးပြုလိုသည့် ဆန္ဒ၊ တိုးတက်ဖွံ့ဖြိုး လာသည့်နိုင်ငံ၏ စီးပွားရေးနှင့် စီးပွားရေးအရ လွှမ်းမိုးနိုင်စွမ်းတို့ကြောင့် တရုတ်နိုင်ငံသုံး ယွမ်ငွေကြေး စနစ်သည် မကြာမီနှစ် များ အတွင်းမှစ၍ နိုင်ငံတကာ ကုန်သွယ်ရေး ဈေးကွက်များတွင် ပိုမိုလူသိများ ထင်ရှား လာသည်ကို တွေ့ရသည်။

အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ မိမိအကျိုးစီးပွား ကာကွယ်လိုသည့် မူဝါဒများ ကြောင့်ယခင်က ယင်းနိုင်ငံနှင့် ကုန်သွယ်ရေးကဏ္ဍတွင် ရင်းနှီးစွာ ဆက်ဆံခဲ့ကြသည့် နိုင်ငံ များအနက် တချို့သည် ကမ္ဘာ့ဈေးကွက်၌ ဆယ်စုနှစ်များစွာကြာ လွှမ်းမိုးနိုင်ခဲ့သည့် ဒေါ်လာ ငွေကြေး၏နေရာတွင် တခြားငွေကြေးစနစ် တစ်ခုခုဖြင့် အစားထိုးရန် လုပ်ဆောင်လာခဲ့ကြပြီး နယ်စပ်ဖြတ်ကျော်ပြုလုပ်သည့် ကုန်သွယ်မှု၊ ငွေကြေးလွှဲပြောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု တို့တွင် သာမက ရန်ပုံငွေထူထောင်ခြင်း စသည့်ဆောင်ရွက်ချက်များတွင်ပါ ယွမ်ငွေကြေးအား အသုံး ပြုလာကြသည်ကို တွေ့ရသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ နိုင်ငံခြားတိုင်းပြည်များတွင် မှတ်ပုံ တင်ထားသည့် ကုန်သွယ်ရေး လုပ်ငန်းများ၏ တိုးတက်မှုခိုင်ခံ့ခြင်းကြောင့် တချို့နိုင်ငံများသည် ယခုအခါ ယွမ်ငွေကြေးကို ၎င်းတို့၏ အရန်ငွေကြေးအဖြစ်ပါ အသုံးပြုလာကြပြီ ဖြစ်ကြောင်း တရုတ်ပြည်သူ့ဘဏ် (PBC)မှ ဒုတိယဥက္ကဋ္ဌ ပန်ကုန်းရှန်က ယခုရက် သတ္တပတ်အတွင်း ရှန် ဟိုင်းမြို့၌ ကျင်းပခဲ့သည့် နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် ပြောကြားခဲ့သည်။

တရုတ်အစိုးရက လုပ်ဆောင်လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှုကို ဆက်လက်တိုးမြှင့် လုပ် ဆောင်လျက်ရှိသောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် တရုတ်နိုင်ငံ၏ မှန်မှန်ဖွံ့ဖြိုး တိုးတက်လာသည့် စီးပွားရေးတိုးတက်မှုအပေါ် ယုံကြည်မှု ပိုမိုမြင့်မားလာသည့်အပြင် ယွမ်ကို နိုင်ငံတကာသုံးငွေကြေးအဖြစ် အသုံးပြုလိုသည့် ဆန္ဒကိုပါ ဖြစ်ပေါ်စေလျက်ရှိသည်။ တရုတ် နိုင်ငံသည် လက်ရှိတွင် နိုင်ငံအတွင်းမှ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်း ကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ်ရေး စစ်ပွဲအတွင်း ပါဝင်လျက်ရှိသည်။ အမေရိကန်နှင့်ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲသည် တရုတ်ပို့ကုန်များအပေါ် အကျိုးသက်ရောက်မှု အနည်းနှင့်အများဆိုသလို ဖြစ်ေ ပ်ါစေခဲ့သော်လည်း တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့်မတူသည့် အချက်တစ်ချက်ကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယင်းအချက်မှာ တရုတ်အစိုးရသည် ၎င်းတို့၏ စီးပွားရေးအရ လွှမ်းမိုးမှုကို အာဖရိကဒေသ၊ တောင်အာရှ၊ အရှေ့တောင်အာရှဒေသ အပါအဝင် နိုင်ငံအများအပြားသို့ တိုးချဲ့ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။ တောင်အာရှရှိ လုပ်ဖော်ကိုင်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ပါကစ္စတန်နှင့် တရုတ်တို့ကြား ဆက်ဆံရေးကို ကြည့်မည် ဆိုပါက တရုတ်နိုင်ငံသည် အဆိုပါနိုင်ငံကို စီးပွားရေးအကူအညီများ ပေးအပ်ခြင်းအားဖြင့် လွှမ်းမိုးမှုချဲ့ထွင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်၏ တင်သွင်းကုန်များအနက် ၈၇ ရာခိုင်နှုန်းကို တင်ပို့လျက်ရှိ သည့်အပြင် နှစ်နိုင်ငံကြားကုန်သွယ်ရာတွင်လည်း ဒေါ်လာငွေကြေးကို စွန့်လွှတ်၍ ယွမ်ငွေ ကြေးကိုအသုံးပြုရန် သဘောတူညီချက် တစ်ရပ် ချမှတ်နိုင်ခဲ့သည်။ ထို့ပြင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံစီမံကိန်းကို အကောင်အထည်ဖော်ရာတွင်လည်း တရုတ်နိုင်ငံ အနေဖြင့် အမေရိ ကန်ဒေါ်လာ ၆ဝ ဘီလီယံတန်ဖိုးရှိ အခြေခံ အဆောက်အအုံ စီမံကိန်းများ အတွက် ရန်ပုံငွေ ထောက်ပံ့ပေးရန်စီစဉ်ထားသည်။ တရုတ်အစိုးရ၏ ရည်ရွယ်ချက်မှာ ပါကစ္စတန်ရှိ ဂွါဒါဆိပ် ကမ်းမြို့နှင့် တရုတ်နိုင်ငံရှိ ရှင်းကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့ကို ပိုမိုကောင်းမွန်စွာ ဆက်သွယ်နိုင်ရေး အတွက် သယ်ယူပို့ဆောင်ရေး ကွန်ရက်များ တည်ဆောက်ရန်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အဆိုပါ လုပ်ဆောင်ချက်သည် ပါကစ္စတန်နှင့် လုပ်ဆောင်နေသည့် ကုန်သွယ်ရေးကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် အဓိက ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ တစ်ချိန်တည်းမှာပင် တရုတ် အစိုးရသည် ရုရှားနိုင်ငံနှင့် လုပ်ဆောင်နေသည့် နယ်စပ်ကုန်သွယ်မှုတွင် ရူဘယ်နှင့် ယွမ်ငွေကြေးများကို အသုံးပြုရန် စီစဉ်လျက်ရှိသည်။ အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် တရုတ်နှင့် ရုရှားအစိုးရ အဖွဲ့များသည် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးလွှဲပြောင်းပေးမှု စနစ်တစ်ရပ်ကို တည် ထောင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ရုရှားနိုင်ငံ အနေဖြင့် ၎င်းတို့၏အမျိုးသား ငွေကြေး စနစ်များကို အသုံးပြုခြင်းအားဖြင့် အမေရိကန် အစိုးရ က ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို အနည်းငယ်သက်သာစေမည်ဖြစ်သော ကြောင့်တရုတ်နှင့်ရုရှား နှစ်နိုင်ငံကြားနယ်စပ် ကုန်သွယ်မှုတွင် ရူဘယ်နှင့် ယွမ်ကို အသုံးပြု ရေးကြိုးပမ်းခြင်းသည် ရုရှားအတွက် အရေးတယူ လုပ်ဆောင်ရန် လိုအပ်နေသည့် ကိစ္စရပ် တစ်ခုဖြစ်လာသည်ဟု ရုရှားအစိုးရ အဖွဲ့မှ ဒုတိယ အရာရှိချုပ် ဆာဂျီပရီခေါ့ဒိုက ပြောသည်။

နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်မှု လုပ်ဆောင်ရာတွင် ရူဘယ်နှင့်ယွမ်ကို အသုံးပြုခြင်းသည် အထူးသဖြင့် အမေရိကန်၏ ပိတ်ဆို့မှုကို ခံထားရသည့် နိုင်ငံများနှင့် ကုန်သွယ်ရေး အငြင်းပွား နေသည့် နိုင်ငံများအတွက် ကုန်သွယ်ရေး တွင် ဒေါ်လာငွေကြေးအပေါ် အမှီသဟဲပြုနေရခြင်း ကိုပါ အကြီးအကျယ် လျှော့ချနိုင်မည့် အလားအလာရှိသည်။

ဒေါ်လာငွေကြေးသည် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်အတွင်း နှစ်ပေါင်းများစွာ လွှမ်းမိုးနိုင်ခဲ့သော်လည်း ကမ္ဘာပေါ်၌ ရေနံစိမ်းအဓိက ဝယ်ယူနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံက ယွမ်အခြေပြုငွေကြေး လွှဲပြောင်းပေး အပ်ခြင်း စနစ်ကို ယခုနှစ်ဆန်းပိုင်းက စတင်အသုံးပြုခဲ့ ခြင်းကြောင့် ဒေါ်လာငွေကြေး၏ လွှမ်းမိုးမှု အခန်းကဏ္ဍအတွက် အဓိကထိုးနှက်ချက် တစ်ရပ်ဖြစ်လာခဲ့သည်။ တခြားတစ်ဖက်တွင် အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့နိုင် ငံရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်လျက် ရှိသော်လည်း ၎င်းတို့၏ ပိတ်ဆို့မှုချ မှတ်ရေးမူဝါဒများ၊ နိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းများ၏ အကျိုးစီးပွားကိုသာ ရှေးရှုသည့် မူဝါဒများ၊ အမေရိကန်သာ ပထမ ဟူသော ကြွေးကြော်သံများနှင့် ထပ်ဆောင်းခွန်ကောက်ခံမှုများကြောင့် နိုင်ငံအတော်များများနှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ ကြောင့် အမေရိကန်အစိုးရနှင့် သဘောထားကွဲလွဲနေသည့် နိုင်ငံအတော်များ များက ယခုအခါ နိုင်ငံများကြား ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာ၏ နေရာ၌ တခြားငွေကြေးစနစ် တစ်မျိုးမျိုးကို အသုံးပြုရန်စဉ်းစား လာကြခြင်းဖြစ်သည်။

အလားတူ အာရှအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့်လည်း စွမ်းအင်ကဏ္ဍ နှင့် ကာကွယ်ရေး ကဏ္ဍများတွင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရုရှားမှ လက်နက် ပစ္စည်းများဝယ်ယူရာတွင် ဒေါ်လာအစား ရူပီးကို အသုံးပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထို့ပြင် အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုများကိုခံထားရသည့် ဗင်နီဇွဲလားနိုင်ငံ အနေဖြင့်လည်း ဒေါ်နယ်ထရမ့်အစိုးရ၏ ပိတ်ဆို့မှုများကို တုံ့ပြန်သည့် အနေဖြင့် စီးပွားရေး ကျဆင်းနေခြင်း အပေါ် ကိုင်တွယ်ဖြေရှင်းရေး အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ဒေါ်လာ ၂ ဘီလီယံရှိ ငွေကြေးများကို ယူရို သို့မဟုတ် တရုတ်ယွမ်ငွေကြေးသို့ပြောင်းလဲ၍ နိုင်ငံ့စီးပွားရေးအတွင်းသို့ ဖြည့်သွင်းရန် စီစဉ်လျက်ရှိသောကြောင့် ယွမ်ငွေကြေး အခန်းကဏ္ဍသည် နိုင်ငံ တကာကုန် သွယ်ရေးနှင့် ဘဏ္ဍာရေး ဈေးကွက်များတွင် လွှမ်းမိုးနိုင်မှု မြင့်တက်လာသည့်အပြင် တစ်ချိန် ချိန်တွင် ဒေါ်လာငွေကြေး၏ နေရာကိုပါ လွှဲပြောင်းရယူမည့် အလားအလာ ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။ ဇေယျဘုန်း

Read 105 times
Rate this item
(0 votes)
Last modified on Saturday, 10 November 2018 09:45