SJ WorldNews - шаблон joomla Авто

ထရမ့်ကိုဆန့်ကျင်ပြီး ဥရောပကို မက်ခရွန်ဦးဆောင်တော့မှာလား

Monday, 12 November 2018 09:43 Written by  font size decrease font size decrease font size increase font size increase font size

ပထမကမ္ဘာစစ်ဖြစ်ပွားခဲ့သည့် ကာလက တဖြည်းဖြည်း နှစ်ပေါင်း ၁ဝဝ ပြည့်လာခဲ့ပြီဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အထိမ်းအမှတ်ပွဲများကို အရေးတယူ မလုပ်နိုင်ကြသော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ထိုအချိန်က အဓိက ကမ္ဘာစစ်ဒဏ်ကို ခံစားခဲ့ရသော ဥရောပက မေ့ပျောက် နိုင်ကြလိမ့်မည်မဟုတ်ပေ။

ယခု ပထမကမ္ဘာစစ် နှစ် ၁ဝဝ ပြည့်အခမ်းအနားကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပနေပြီဖြစ်ပြီး ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တခြားနိုင်ငံ့ ခေါင်းဆောင်များ တက်ရောက် လာခဲ့ကြသည်။

သို့သော် တခြားနိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ခြင်းက သတင်းမဟုတ်ဘဲ ထရမ့်လာ တော့မှ သတင်းတစ်ပုဒ် ထွက်လာသည်။ ထရမ့်က မည်သည့် နေရာသွားသွား New Maker ဟုခေါ်သော သတင်းဖန်တီးသူ တစ်ဦးဖြစ်နေပြီဖြစ်သည်။ ပြင်သစ်နိုင်ငံသို့ သွားရောက်ပြီး Air Force One လေယာဉ်ပေါ်က ဆင်းဆင်းချင်း ပြင်သစ်သမ္မတ မက်ခရွန်ကို ဝေဖန်တိုက်ခိုက် သည်။

အကြောင်းမှာ လွန်ခဲ့သောတစ်လကျော်က မက်ခရွန် ပြောထားသော ဥရောပတို့ ကိုယ့်ကိုယ် ကိုယ်ကာကွယ်ဖို့ ကိုယ်ပိုင်စစ်တပ် တစ်ခုတည်ထောင်ရန် လိုသည့်စကားလုံးကို ထရမ့်မကြိုက် ခြင်းဖြစ်သည်။ NATOဆိုသည်မှာ အမေရိကန်၏ အများဆုံးရန်ပုံငွေဖြင့် လည်ပတ်နေရသော ဥရောပ အခြေစိုက် ကမ္ဘာ့အင်အားကြီး အဖွဲ့အစည်းဖြစ်သည်။

ထိုအဖွဲ့အစည်းကို အမေရိကန်တို့က ဒုတိယကမ္ဘာ စစ်ပြီးနောက် ဆိုဗီယက်တို့ရန်မှ ကာကွယ် ရန် တစ်ဖက်လှည့်ဖြင့် ဖွဲ့စည်းပေးထားခြင်းဖြစ်ကာ ဥရောပသမဂ္ဂနိုင်ငံများကလည်း ထိုအချိန် က အမေရိကန်တို့ ပြောသည့်အတိုင်း နှစ်စဉ် ရန်ပုံငွေ ထည့်ဝင်ရသည်။

သို့သော် ယခုထရမ့် လက်ထက်တွင် အမေရိကန် ပထမ၊ အမေရိကန် စီးပွားရေးပြန်လည် ခေါင်းထောင်လာစေရမည်ဆိုသည့် စကားများအတိုင်း ပြည်ပကိုပေးသည့် အကူအညီများ အားလုံးကိုရပ်ဆိုင်းကာ ယခု NATO ကို စစ်အသုံးစရိတ် ထည့်နေရသည်ကိုပင် ထရမ့်မြင်လာ နေပြီဖြစ်သည်။ ထို့နောက် NATO ကိုသာ ဥရောပသမဂ္ဂနိုင်ငံများက ၎င်းနှင့်တန်းတူ ရန်ပုံငွေ အညီအမျှမထည့်ပါက ၎င်းကလည်း မထည့်နိုင်တော့ဟုဆိုသည့် ခြိမ်းခြောက် စကားလုံးများ ကိုလည်း ထရမ့်ပြောထွက်ခဲ့သည်။

ထိုစကားလုံးကို ပထမဆုံးတုံ့ပြန်ခဲ့သူမှာ ပြင်သစ်သမ္မတ မက်ခရွန်ပင်ဖြစ်သည်။ မက်ခရွန်က ဥရောပ သမဂ္ဂနိုင်ငံများအနေဖြင့် အမှီအခိုကင်းစွာ လွတ်လွတ်လပ်လပ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် လိုပြီဆိုသည့် စကားလုံးနှင့် ကမ္ဘာကို အသိပေးခဲ့ခြင်းဖြစ်ကာ နောက်ဆုံး ဂျာမနီပင် ပြောမထွက်သည့် စကားလုံးများကို မက်ခရွန်ပြောခဲ့သည်။ ယခုနောက်ပိုင်း ဥရောပ ဆိုသည်မှာ ထရမ့် တက်လာပြီးနောက်ပိုင်း အမေရိကန်ကို ဝေဖန်မှုမရှိတော့ဘဲ ထရမ့်၏ အရိပ် အခြည်ကိုသာ စောင့်ကြည့်နေရသည်။

ထို့ကြောင့် မာကယ်ကိုယ်တိုင် ဝေဖန်ခံရမှုများရှိလာခဲ့ပြီး ထရမ့်ကတော့ ၎င်း၏ဗီဇအတိုင်း လုပ် ချင်တိုင်း လုပ်နေသည်။ ထို့ပြင် ၁၉၇ဝ ပြည့်နှစ်က အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ လက်မှတ်ရေးထိုးထားကြသည့် နျူကလီးယား လက်နက်ထိန်းချုပ်ရေး သဘောတူ စာချုပ်မှ လည်း ထရမ့်က အမေရိကန်ကို ဆွဲထုတ်မည်ဟု ဆိုနေပြန်သည်။

ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်ကို ကမ္ဘာ့ရေးရာများမှ ဆွဲထုတ်သည့်ဖြစ်စဉ်က အဆန်းမဟုတ် တော့သော်လည်း ယခုနျူကလီးယား လက်နက်ထိန်းချုပ် ရေးစာချုပ်မှ ဆွဲထုတ်မည်ဆိုသည်ကတော့ စိုးရိမ်စရာ အခြေအနေဖြစ်သည်။ ထိုဆုံးဖြတ်ချက်က နျူကလီး ယား လက်နက်ရရှိရန် ကြိုးပမ်းနေသည့်နိုင်ငံများကို အားပေးရာ ရောက်သကဲ့သို့ လက်ရှိ ထိပ်တိုက် ရင်ဆိုင်နေရသည့် တရုတ်နှင့်ရုရှားတို့၏ နျူကလီးယား လက်နက်အင်အား ကို လည်း ပိုမိုတိုးပွား လာစေမည်ဖြစ်သည်။

လတ်တလောတွင် အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေးစစ်ပွဲတွင် အမေရိကန်က အသာစီးဖြင့် ဖိထားသည်ဟု ဆိုနိုင်ပြီး တဖြည်းဖြည်းနှင့် အတက်ဘက် ကိုသာရှိလာသည့် တရုတ်နှင့် ရုရှားတို့ အင်အားနှစ်ခုက အချိန်အတိုင်းအတာ တစ်ခုကြာလာပါက အမေရိကန်တို့ ခံနိုင်ရည် အင်အားရှိမည် မဟုတ်နိုင်ပေ။ ထို့ပြင် ထရမ့်၏ အားနည်းချက်တစ်ခုက မဟာမိတ် များကို ပစ်ပယ်နေခြင်းဖြစ်သည်။ တစ်ချိန်က မက္ကဆီကိုနှင့် ကနေဒါဆိုလျှင် အမေရိကန်တို့ လက်ညှိုးညွှန်ရာ ရေဖြစ်ခဲ့သည့်နိုင်ငံများဟုဆိုလျှင် မှားနိုင်မည်မဟုတ်ပေ။ ယခု ထရမ့်ကြောင့် ထိုနှစ်နိုင်ငံစလုံးက တရုတ်ဘက်သို့ ပြေးကပ်နေပြီး ကနေဒါဝန်ကြီးချုပ် ထရပ်ဒေါဆိုလျှင် ထရမ့်နှင့်ပတ်သက်သမျှ ယခုအခါ ခါးခါးသီးသီး ဖြစ်နေပြီဖြစ်သည်။

ယခု ဥရောပသမဂ္ဂနိုင်ငံများလည်း ထိုအတိုင်းပင်ဖြစ်သည်။ လက်ရှိ ဥရောပ၌ အင်အားအကြီး ဆုံး နိုင်ငံသည် ဂျာမနီဖြစ်ပြီး ဂျာမနီ၏နောက်တွင် ပြင်သစ်ဖြစ်သည်။ သို့သော် ထရမ့်၏ ဆုံးဖြတ်ချက်ကို မကြိုက်ဘဲ ရဲရဲဝံ့ဝံ့နှင့် ၎င်း၏စိတ်ကြိုက် ရှေ့ဆက်နေသည့်နိုင်ငံက ပြင်သစ် ဖြစ်သည်။ ထို့ကြောင့် ဥရောပကို လက်ရှိအချိန်တွင် ဦးဆောင်နေသူမှာ ပြင်သစ်ဟု ဆိုရမည် ပင်ဖြစ်သည်။

မက်ခရွန်နှင့် ထရမ့်တို့ကလည်း ပုဂ္ဂိုလ်ရေးအရ တစ်ဦးနှင့်တစ်ဦး အမြင်ကြည်သူများမဟုတ်။ ထရမ့်၏ စည်းမစောင့်သည့် စကားလုံးများကို မက်ခရွန်က အဓိက မကြိုက်ဆုံးဖြစ်သည်။ သို့သော် ထရမ့်က ပြင်သစ်သို့ ရောက်နေသော်လည်း ပြင်သစ်မကောင်းကြောင်းပြောပြီး မက်ခရွန်ကို ချိုးခဲ့သူဖြစ်သည်။ အကြမ်းတမ်းဆုံး စကားလုံးက မက်ခရွန်ပြောသည့် ကိုယ်ပိုင် ဥရောပ ကာကွယ်ရေး တပ်မတော် တည်ထောင်မည်ဆိုလျှင် ဥရောပအနေဖြင့် အမေရိကန် တို့ ပိုပေးထားခဲ့သည့် NATO ရန်ပုံငွေများကို အရင်ဆုံး ပြန်ဆပ်ပါဆိုသည့် စကားလုံးဖြစ် သည်။

လက်ရှိအချိန်ထိ ဥရောပခေါင်းဆောင်များ ပြင်သစ်၌ ရောက်နေသော်လည်း ထရမ့်ကိုဝေဖန် သည့် စကားလုံး တစ်လုံးမျှမဟရဲဘဲ ကုလသမဂ္ဂဆိုသည်ကတော့ ထရမ့်နှင့် ပတ်သက်လာ လျှင် ငြိမ်နေရသည့် အဖွဲ့အစည်းဆိုလျှင် မှားမည်မဟုတ်ပေ။ ထရမ့်က ၎င်းကို တိုက်ခိုက် လာမည့် စကားလုံးတစ်လုံး ဟလိုက်သည်နှင့် လက်ရှိထောက်ပံ့ပေးနေသည့် နှစ်စဉ် အမေရိ ကန် ဒေါ်လာ ၈ ဘီလီယံကို ဖြတ်တောက်ပစ်မည်ဖြစ်သည်။

ထရမ့်ကလည်း ရှေ့တွင်ပြောသည့်အတိုင်း လုပ်ခဲ့သူဖြစ်သည်။ ပါကစ္စတန်ဆိုလျှင် အမေရိ ကန် ဒေါ်လာ သန်း ၂၅ဝ ကျော် အထိဖြတ်ထားခဲ့သူဖြစ်သည်။ ယခုထရမ့် အကြောင်း သိသူများက ထရမ့်အကြိုက်လိုက်ကာ နေရာဝင်ယူနေသည်။ ဥပမာ အစ္စရေးပင်ဖြစ်သည်။ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် ထရမ့်က တရားဝင်သတ်မှတ် ပေးလိုက်ပြီဖြစ်ပြီး ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကာ ဆုံးဖြတ်သတ်မှတ်ပေးခြင်းဖြစ်သည်။ ထိုဆုံးဖြတ် ချက်အတိုင်း ထပ်လိုက်လာခဲ့သူက သြစတြေးလျဖြစ်သည်။

အားလုံးနှင့် ဆန့်ကျင်နေသူကတော့ မက်ခရွန်ဖြစ်သည်။ သို့သော် ထရမ့်နှင့် မက်ခရွန် တွေ့ ဆုံသည့်အချိန်မှာတော့ စိုးရိမ်ခဲ့သည့် အတိုင်းဖြစ်မလာခဲ့ဘဲ အားလုံး အဆင်ပြေပြေပြီးဆုံး သွားခဲ့သည့်အတွက် မက်ခရွန်နှင့် ထရမ့်တို့ ထိပ်တိုက်တွေ့ဆုံမည့်ဖြစ်စဉ်က တစ်ခန်းရပ် သွားခဲ့ရပါကြောင်း တင်ပြလိုက်ရပါသည်။ ။

Ref;CNN

ရှိန်းထက်

Read 106 times
Rate this item
(0 votes)
Last modified on Monday, 12 November 2018 09:47