SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အမေရိကန်နဲ့ စစ်အေးတိုက်ပွဲကို ရှောင်လွှဲဖို့ အိမ်နီးချင်းနိုင်ငံတွေ လိုအပ်တဲ့တရုတ်

Tuesday, 13 November 2018 09:46 Written by  font size decrease font size decrease font size increase font size increase font size

လက်ရှိ စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကဆိုရင် တရုတ်နိုင်ငံ ရဲ့သံတမန် ဆက်ဆံရေးအတွက် အခွင့်အရေးရော အန္တရာယ် ပါရရှိစေမယ့် ပွဲတစ်ခုဖြစ်ပါ တယ်။ တရုတ်ဝန်ကြီးချုပ် လီခချန်က ဒီထိပ်သီး ဆွေးနွေးပွဲကနေ အာရှနိုင်ငံတွေရဲ့ ထောက်ပံ့ မှုကို ရရှိနိုင်ဖို့ ဆွဲဆောင်စည်းရုံးမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံအနေနဲ့ အမေရိကန်က ဖိအားပေးနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကို တုံ့ပြန်နိုင်ဖို့ အာရှနိုင်ငံတွေရဲ့ ထောက်ပံ့မှုကို မဖြစ်မနေ လိုအပ်တာကြောင့် ဖြစ်ပါ တယ်။ ဒါပေမဲ့ တောင်တရုတ် ပင်လယ်အရေးအပြင် ဒေသတွင်းမှာ လုပ်နေတဲ့ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ် သက်ပြီး တရုတ်နိုင်ငံအနေနဲ့ သံတမန်ဆက်ဆံရေး ကပြောင်းကပြန် ဖြစ်မှုတွေနဲ့ ကြုံရနိုင် ပါတယ်။

၁၉၈၉ ခုနှစ် တီယန်မင်ရင်ပြင် ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ချမှတ် ခဲ့ပါ တယ်။ ဒါ့ပြင် တရုတ်နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ သံတမန် ဆက်ဆံရေးကနေ တစ် နှစ် ကျော်လောက် ကင်းကွာခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက အရှေ့တောင်အာရှ နိုင်ငံ တွေနဲ့ ဆက်ဆံရေး တိုးတက်လာအောင် လုပ်ခြင်းအားဖြင့် ဒီလိုသံတမန်ရေး ပိတ်ဆို့မှုကို ကျော်လွှားနိုင်ခဲ့ပါတယ်။

၁၉၉ဝ ပြည့်နှစ် သြဂုတ်လမှာ တရုတ်နိုင်ငံက အင်ဒိုနီးရှားနဲ့သံတမန်ဆက်ဆံရေး ရပ်ဆိုင်း ထားမှုကို ပြန်လည်စတင်ခဲ့ပါတယ်။ အဲဒီနှစ် အောက်တိုဘာလမှာပဲ စင်ကာပူနဲ့ သံတမန် ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို စီးပွားရေးအရအရေး ယူပိတ်ဆို့မှုတွေ ဖယ်ရှား ပေးခဲ့တာက ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ဒီလိုအချက်တွေကိုပြန်ပြီး ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ် ၃ဝ အတွင်း အနောက်နိုင်ငံရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ရင်ဆိုင်နိုင်ဖို့ တရုတ် နိုင်ငံကို ကူညီခဲ့တာက အာရှနိုင်ငံတွေပဲ ဖြစ်ပါတယ်။

အခုတစ်ခါ တရုတ်နိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာက လွန်ခဲ့တဲ့နှစ် ၃ဝ က အခြေအနေနဲ့ ကွဲပြားသယောင်ရှိပေမယ့် အနည်းငယ် ဆင်တူနေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် နိုင်ငံတို့ကြားမှာ ကုန်သွယ်ရေး စစ်ပွဲတင်းမာမှု အရှိန်မြင့်လာတာက အဲဒီနှစ်နိုင်ငံကြား မှာ စစ်အေးတိုက်ပွဲ အသစ်ကိုအစပြုမှု ဖြစ်လာနိုင်ပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံက သံတမန် ရေးအရ သီးခြားခွဲထားမှု ပုံစံအသစ်နဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အမေ ရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို ပြိုင်ဘက်လို သဘောထားပြီး သဘောတရားရေးနည်း နဲ့ ပြောဆိုမှုတွေ လုပ်လာတာကြောင့်ဖြစ်ပါတယ်။ ဒီအချက်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ကုလသမဂ္ဂ မိန့်ခွန်းနဲ့ ဒုတိယ သမ္မတမိုက်ပန့်ရဲ့ ဟက်ဆန် တက္ကသိုလ် ပြောဆိုမှု တို့မှာ တွေ့နိုင်ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံ အနေနဲ့ ဖြစ်လာနိုင်တဲ့ အမေရိကန်နဲ့ စစ်အေးတိုက်ပွဲကို ရှောင်လွှဲဖို့ ဆိုရင် လွန်ခဲ့တဲ့နှစ် ၃ဝ ကလိုပဲ အာရှ အိမ်နီးချင်းနိုင်ငံတွေရဲ့ လက်ကမ်းကူညီမှုကို လိုအပ်မှာ ဖြစ်ပါတယ်။ တရုတ်ဝန်ကြီးချုပ် လီခချန်က စင်ကာပူမှာလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲ သုံးခုကို တက်ရောက်မှာ ဖြစ်ပါတယ်။

အဲဒီထိပ်သီး ဆွေးနွေးပွဲ သုံးခုက အာဆီယံနှင့် တရုတ်ဆွေးနွေးပွဲ၊ အာဆီယံနှင့် သုံးနိုင်ငံ (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား)ဆွေးနွေးပွဲ၊ နဲ့ အရှေ့အာရှထိပ်သီးညီလာခံတို့ပဲဖြစ်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ စစ်အေးတိုက်ပွဲက အာရှရဲ့အကျိုးစီးပွား မဟုတ်ပေမယ့်လည်း လီခချန် အနေနဲ့ အာရှခေါင်းဆောင်တွေကို ဆွဲဆောင် စည်းရုံးရမယ့် အချိန်ဖြစ်ပါတယ်။

တစ်ဖက်မှာဆိုရင်လည်း တရုတ်နိုင်ငံက အရေးပါတဲ့ ဈေးကွက်ဖြစ်ကြောင်းနဲ့ ယုံကြည် စိတ်ချ ရတဲ့ မဟာဗျူဟာ မြောက်မိတ်ဖက် နိုင်ငံဖြစ်တယ်ဆိုတာ ကမ္ဘာက သိအောင်လုပ်ရမှာ ဖြစ်ပါ တယ်။ တရုတ် တာဝန်ရှိသူတွေကတော့ အမျိုးမျိုးသော အခမ်းအနားတွေ ဖွင့်လှစ်ပေး သွား မယ်လို့ အကြိမ်ကြိမ် ကတိပြုထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ လိုလားချက်က အပြော မဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့ လုပ်ဆောင်ချက် တချို့ဖြစ်ပါတယ်။

မဟာဗျူဟာ နည်းအရဆိုရမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းမှာဖြစ်ပေါ်နေတဲ့ မယုံ သင်္ကာမှုတွေနဲ့ မြင့်တက်လာတဲ့ သူ့ရဲ့စီးပွားရေးနဲ့ စစ်ရေးအင်အားပေါ် စိုးရိမ်မှုတွေကို ဖြေ လျှော့ပေးရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင် လေးနိုင်ငံကြား ဖြစ်ပွားနေတဲ့ တောင်တရုတ် ပင်လယ်အငြင်းပွားမှုကဆိုရင် ဒေသတွင်းလုံခြုံရေးအရ စိုးရိမ်နေရတဲ့ အခြေ အနေဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုက လုပ်နေတဲ့ လွတ်လပ်စွာ ရေကြောင်းသွား လာမှု စစ်ဆင်ရေးတွေကလည်း တရုတ်နိုင်ငံရဲ့လက်ရှိ ရေကြောင်း ပိုင်ဆိုင်မှုကို ခြိမ်း ခြောက်နေရုံသာမက ဒေသတွင်း တင်းမာမှုတွေကို မီးလောင်ရာ လေပင့်ဖြစ်စေပါတယ်။ တောင်တရုတ် ပင်လယ်အတွင်း အငြင်းပွားမှုတွေကို ဖြေလျှော့နိုင်ရေး လုပ်ဆောင်နေစဉ် သူ့ရဲ့ ကိုယ်ကျိုးစီးပွားကို ဘယ်လိုကာကွယ်မလဲ ဆိုတဲ့အချက်က တရုတ်နိုင်ငံအနေနဲ့ အရှေ့ တောင်အာရှ နိုင်ငံတွေရဲ့ထောက်ပံ့မှုနဲ့ ဒေသတွင်း ယုံကြည်မှုကို ရရှိဖို့ အဓိက ကျတဲ့အချက် ဖြစ်နေပါတယ်။

တရုတ်နိုင်ငံက သံတမန်ရေးနည်းနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အချိန်မှာ အကောင်း ဆုံးတွေ မရခင် အဆိုးဆုံးတွေနဲ့ အရင်တွေ့ကြုံရနိုင်ပါတယ်။ လက်ရှိ အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံ ကတွေ့ ကြုံရမယ့် စိန်ခေါ်မှု နှစ်ခုရှိပါတယ်။ ပထမစိန်ခေါ်မှု တစ်ခုကတော့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို တောင်တရုတ် ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တွန်းအားပေးမှုဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်အရေးက တရုတ်နိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနိုင်ငံတွေကြားမှာ အရင် က ထက်စာရင် ပိုပြီးငြိမ်းချမ်းမှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စုက သူ့ရဲ့လွတ်လပ်စွာ ရေကြောင်း သွားလာမှု စစ်ဆင်ရေးကို ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ကြားက ရေတပ်တင်းမာမှုတွေကဆိုရင် တောင်တရုတ် ပင်လယ်အတွင်းမှာ ပုံမှန်ကိစ္စ တစ်ခုလို ဖြစ်နေပါတယ်။ ဒါကြောင့် အရှေ့အာရှ ထိပ်သီး ညီလာခံမှာ တောင်တရုတ် ပင်လယ်အရေးက အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်ရဲ့ မိန့်ခွန်း ထဲမှာ မဖြစ်မနေ ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့ပြင် ညီမျှမှုမရှိတဲ့ကုန်သွယ် ရေးစနစ် ကျင့်သုံးမှု တွေကလည်း တရုတ်နိုင်ငံကို ထိုးနှက်တိုက်ခိုက်မယ့် မိုက်ပန့်ရဲ့ နောက်ထပ် လက်ညှိုး ထိုးစရာ ဖြစ်လာနိုင်ပါတယ်။

ဒုတိယစိန်ခေါ်မှုတစ်ခုက တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ် စီမံကိန်းမှာပါဝင်တဲ့ စီးပွားဖက် နိုင်ငံ တွေဆီကဖြစ်နိုင်ပါတယ်။ မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပိုးလမ်းမသစ် စီမံကိန်းနဲ့ ပတ်သက်ပြီး အမေရိကန် ဒေါ်လာ ၂ဝ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စီမံကိန်းနှစ်ခုကို ဖျက်သိမ်းလိုက်ပါတယ်။ ပိုးလမ်း မသစ်စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကနေ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လက်ခံတဲ့ နိုင်ငံတွေအနေနဲ့ အကြွေးထောင်ချောက်မှာ ပိတ်မိမှာကို စိုးရိမ် နေကြပါတယ်။ ဒီစီမံကိန်းကဆိုရင်လည်း အရှေ့အာရှ ထိပ်သီးညီလာခံမှာ အမေရိကန် ပြည် ထောင်စုရဲ့နောက်ထပ် အပြစ်တင် ဝေဖန်မှု တစ်ခုဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ အာရှနိုင်ငံတွေက အမေရိကန် ဘက်ကနေ မရပ်တည်နိုင်တဲ့ အကြောင်းပြချက် နှစ်ရပ် ရှိပါတယ်။ တစ်ခုကတော့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက တောင်တရုတ် ပင်လယ်အတွင်းမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား စစ်ရေး အရတင်းမာမှုတွေကို မလိုချင်ပါဘူး။ ဒါကြောင့် အငြင်းပွား ရေပိုင်နက်မှာ ပူးတွဲကင်းလှည့်မှု လုပ်ဖို့ခေါ်တဲ့ အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို အာဆီယံအဖွဲ့က ဘယ်လိုတုံ့ပြန်မှုမှ မလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ တရုတ်နိုင်ငံက အာရှနိုင်ငံ အားလုံးနီးပါးရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပါတယ်။ ပိုးလမ်းမသစ် စီမံကိန်းက ကောင်းမွန်မှန်ကန်တဲ့ စီမံကိန်းဖြစ်တယ်လို့ တချို့ အာရှနိုင်ငံတေ ကယူဆပေမယ့် သူတို့ရဲ့ အခြေခံ အဆောက်အအုံတွေထဲမှာ အလိုအပ်ဆုံးသော ရင်းနှီး မြှုပ်နှံမှုအတွက် အခွင့်အလမ်းကို မေ့ပစ်လိုက်ရမှာလည်း ချီတုံချတုံဖြစ်နေပါတယ်။ ကုန်သွယ် ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ တရုတ်နိုင်ငံကို ဆန့်ကျင်ပြီး အမေရိကန်ဘက်ကနေ ရပ်တည်တယ်လို့ လူသိရှင်ကြား ကြေညာလိုက်တာက အာဆီယံ နိုင်ငံတွေအတွက် သူတို့ရဲ့ကိုယ်ကျိုးစီးပွားနဲ့ အံဝင်ခွင်ကျ ကိုက်ညီမှုမရှိပါဘူး။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံနဲ့ သူ့ရဲ့အာရှ အိမ်နီးချင်းတွေကြား စီးပွားရေးနဲ့မဟာ ဗျူဟာ ကျတဲ့ အပြန်အလှန် မှီခိုမှုတွေ ပိုမိုတိုးတက်လာပါတယ်။ တောင်တရုတ် ပင်လယ်ပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တရုတ်ရဲ့  အာဆီယံနဲ့ ဆက်ဆံမှုက ပိုမိုငြိမ်းချမ်းမှုကို ရရှိစေတဲ့ မဟာဗျူဟာဖြစ်ပါတယ်။ အာဆီယံဒေသကို အဓိက ပစ်မှတ်ထားတဲ့ နိုင်ငံပေါင်းစုံ ပါအဖွဲ့ အစည်းတွေထဲကမှ တရုတ်နဲ့ အင်အားကြီးနိုင်ငံတွေကို ဘယ်လိုရောရော နှောနှော ရင်းရင်း နှီးနှီး ဆက်ဆံရမယ်ဆိုတာကို သင်ယူတာက အာဆီယံအဖွဲ့အနေနဲ့ အနာဂတ်ဒေသတွင်း အစီအစဉ်တကျရှိမှုမှာ ခေါင်းဆောင်နေရာက ဆက်လက်တည်ရှိနေနိုင်ဖို့ ပဓာနကျတဲ့ အချက် ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။ ။

Ref: SCMP

မင်းခန့်တင်

Read 150 times
Rate this item
(0 votes)
Last modified on Tuesday, 13 November 2018 09:48

Latest from