SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံ၏ အကြီးမားဆုံး အာဆီယံကုန်သွယ်ဖက်ဖြစ်လာသည့် စင်ကာပူ

Thursday, 15 November 2018 10:15 Written by  font size decrease font size decrease font size increase font size increase font size

အာဆီယံ၌ ကုန်သွယ်ရေးကို အကောင်းဆုံး အသုံးချပြီး ကြားနေပွဲစား နိုင်ငံအဖြစ်နေကာ ကုန်သွယ်ရေး စစ်ပွဲဖြစ်နေသည့်ကြားက တရုတ်နှင့် အမေရိကန်ကြား ပါဝါချိန်ခွင် လျှာထိန်း ညှိပြီး ကုန်သွယ်ရေးကို အကောင်းဆုံး ထိန်းညှိထားနိုင်သည့် နိုင်ငံကို ပြပါဆိုလျှင် စင်ကာပူကို ညွှန်ပြရမည်ဖြစ်သည်။

စင်ကာပူအနေဖြင့် အမေရိကန်နှင့်လည်း အဆင်ပြေ၊ တရုတ်နှင့်လည်း အဆင်ပြေသည်။ ဒေါ် နယ်ထရမ့် လက်ထက် အာဆီယံရှိ တော်ရုံနိုင်ငံများနှင့် အဆင်ပြေဖို့ဆိုသည် မှာမဖြစ်နိုင်ပေ။ ထိုအချိန်မှာပင် စင်ကာပူက အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအွန်တို့ တွေ့ဆုံရန် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးခဲ့သည်။ ထိုတွေ့ဆုံပွဲ အတွက် စင်ကာပူအစိုးရက အမေရိကန်ဒေါ်လာ သန်းဆယ်နှင့်ချီ အကုန်အကျခံကာ လက်ခံ ကျင်းပပေးခဲ့ပြီး သမိုင်းဝင်သည့် ဆွေးနွေးပွဲတစ်ခုကို ကျင်းပခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

တစ်ပြိုင်တည်းမှာပင် တောင်တရုတ် ပင်လယ်ပြင်အရေးကို ထရမ့် အဖြေရှာရန် ကြိုးစား သည့်ဖြစ်စဉ်တွင်လည်း စင်ကာပူ ပါဝင်ခဲ့ပြန်သေးကာ အမေရိကန်နှင့် ဆက်ဆံရေးကို အကောင်းဆုံး ထိန်းထားနိုင်သည်။ ထို့ကြောင့် အမေရိကန်နှင့် ကုန်သွယ်ရေး တန်ဖိုး အမေရိကန် ဒေါ်လာ၎ဝ ဘီလီယံကျော်အထိ တက်လာခဲ့ကာ တရုတ် နှင့်ကုန်သွယ်ရေး တန်ဖိုး အမေရိကန်ဒေါ်လာ ၉ဝ ဘီလီယံကျော်အထိ တက်လာခဲ့သည်။

လက်ရှိတွင် စင်ကာပူက တရုတ်၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်နေပြီး ၂ဝ၁၇ ခုနှစ်က ဗီယက်နမ်၏ ပထမဆိုသည့် နေရာကို ယူသွားခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်နှင့် တရုတ်သည် ၂ဝ၁၄ ခုနှစ် တရုတ်ရေနံတူးစင် ဗီယက်နမ် ကမ်းလွန်၌ သွားချခဲ့ပြီး ကတည်းက စီးပွားရေးအရ ဆက်ဆံရေး အနည်းငယ် တင်းမာသွားကာ နိုင်ငံရေးအရလည်း အတော်ရှင်း ယူလိုက်ရသည်။

ထို့ကြောင့် နောက်ပိုင်းတွင် ဗီယက်နမ်နှင့် တရုတ်တို့ ဆက်ဆံရေး အနည်းငယ်အေးသွား သည်ဟုဆိုနိုင်ကာ စင်ကာပူက၂ဝဝ၈ ခုနှစ်တွင် ဗီယက်နမ်၏ နေရာကို ရယူခဲ့ခြင်းဖြစ်သည်။ လက်ရှိ တရုတ်၏ အကြီးမားဆုံး အာဆီယံ ကုန်သွယ်ဖက်သုံးနိုင်ငံက စင်ကာပူ၊ ဗီယက်နမ် နှင့်မလေးရှားတို့ဖြစ်ကာ စတုတ္ထက ထိုင်းဖြစ်သည်။ ထိုင်းကလည်း ယခင်က အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံကို ဂျပန်အဖြစ် သတ်မှတ်ခဲ့ပြီးမှ အာဏာသိမ်းမှုများ ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နှင့်သာ ဆက်ဆံတော့သည်။

ထို့ကြောင့် ကုန်သွယ်ရေးကအစ ဂျပန်အစား တရုတ်လက်သို့ ထိုးအပ်ခဲ့သည်။ နောက်ဆုံး ဗန်ကောက်၌ တည်ဆောက်မည့် ကျည်ဆန်ရထား စီမံကိန်းကိုပင် တရုတ်ကို ပေးခဲ့သည်။ ထိုစီမံကိန်းက အမေရိကန်ဒေါ်လာ ဘီလီယံဆယ်နှင့် ချီသည်အထိ ကုန်ကျနိုင်ကာ တရုတ်တို့ ကချေးငွေဖြင့် တည်ဆောက်ပေးမည်ဖြစ်သည်။

ထိုနိုင်ငံများကိုပင် တရုတ်တို့က အကြီးမားဆုံး ကုန်သွယ်ဖက်အဖြစ် ထိန်းချုပ်ထားသည် မဟုတ်။ အာဆီယံ အသိုက်အဝန်း တစ်ခုလုံးကိုပါ တရုတ်တို့က အကြီးမားဆုံး ကုန်သွယ်ဖက် အဖြစ် ထိန်းချုပ်ထားသည်။ အာဆီယံနှင့် တရုတ်တို့ အပြန်အလှန် ကုန်သွယ်ရေး တန်ဖိုးက အမေရိကန်ဒေါ်လာ ၆ဝဝ ဘီလီယံကျော်အထိ နေရာယူထားကာ အမေရိကန်တို့ လိုက်မီဖို့ဆို သည်မှာမဖြစ်နိုင်ပေ။

အမေရိကန်က စစ်ရေးသြဇာအရ အာဆီယံကို လွှမ်းမိုးရန် ကြိုးစားနေသော်လည်း အဓိက လိုအပ်သည့် စီးပွားရေးကို တရုတ်က ဆက်လက်ချုပ်ကိုင်နိုင်ရန် ကြိုးစားနေသည်။ အမေရိ ကန်တို့ အားထားနေရသည့် အာဆီယံနိုင်ငံများမှာ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ဖြစ် ပြီး ဖိလစ်ပိုင်က တရုတ်ဘက်ကို ပိုမိုအလေးသာ နေသောကြောင့် ထိုစာရင်းထဲကို ထည့်သွင်း ၍ပင်မရတော့ပေ။

ထို့ကြောင့် အဓိကနှစ်နိုင်ငံက စင်ကာပူနှင့် အင်ဒိုနီးရှားတို့အဖြစ် သတ်မှတ်နိုင်သည်။ ထိုအချိန် တွင် စင်ကာပူက တရုတ်၏အကြီးမားဆုံး ကုန်သွယ်ရေးနိုင်ငံအဖြစ် ရပ်တည်နေရာယူ နိုင်ခဲ့ပြီ ဖြစ်သည်။ နိုဝင်ဘာ ၁၂ ရက်က တရုတ်ဝန်ကြီးချုပ်လီက စင်ကာပူနိုင်ငံသို့ ငါးရက်ခရီး အဖြစ် စတင် သွားရောက်ခဲ့ကာ သဘောတူညီချက် ပေါင်းများစွာနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ် အဆင့်မြှင့်တင်ရေးကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ဘဏ္ဍာရေးကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ၊ ကုန်းလမ်းနှင့် ရေလမ်းနှစ်သွယ် ကုန်သွယ်ရေးကဏ္ဍတို့ အပါအဝင် အခွန်အကောက် လျှော့ချရေးကဏ္ဍ၊ လွတ်လပ်သော သဘောတူစာချုပ်တွင် ပိုမို လုပ်ပိုင်ခွင့်ရရှိရေး အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။

တရုတ်ဝန်ကြီးချုပ်လီက ဝန်ကြီးချုပ် မဖြစ်မီကတည်းက အစိုးရထိပ်ပိုင်း အရေးကြီးဆုံး အာဏာရှိသူစာရင်းထဲ အဓိက ပါဝင်သူဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ သို့သော်လည်း ၂ဝ၁၈ ခုနှစ်အထိ ၎င်း၏ သက်တမ်းငါးနှစ်အတွင်း ကမ္ဘာပတ် ပြီး ခရီးထွက်ခဲ့သော်လည်း စင်ကာပူကို တစ်ကြိမ်မျှ မရောက်ခဲ့ပေ။

ယခုခရီးစဉ်က ဝန်ကြီးချုပ်လီ၏ စင်ကာပူသို့ ပထမဆုံးခရီးဖြစ်သကဲ့သို့ စင်ကာပူကို တရုတ်၏ အကြီးမားဆုံး အာဆီယံ ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည် နေစေရန်လည်း အရေးပါသည့် ခရီးစဉ်ဖြစ်သည်။ လက်ရှိ အနေအထားကို ဥရောပဘက်သို့ မျက်နှာမူနေသည့် ထရမ့် သဘောကျ လိမ့်မည်မဟုတ်ပေ။

၎င်းက တရုတ်အာဏာချိန်ခွင် လျှာထိန်းညှိရေးဆိုပြီး အာရှ-ပစိဖိတ်၌ အော်နေသော်လည်း ၎င်း၏ မဟာမိတ်များက တရုတ်ဘက်သို့ တဖြည်းဖြည်း တိုးကပ်သွားနေကြကာ ဂျပန်လည်း စင်ကာပူနှင့် အဆင်ပြေအောင် ပေါင်းသင်းနေသည့် ကြားထဲပင် တရုတ်လောက် ခရီး မပေါက် ဖြစ်နေသည်။ မကြာမီ တရုတ်နှင့် စင်ကာပူတို့၏ ကုန်သွယ်ရေးတန်ဖိုးက အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလီယံအထိ ရောက်ရှိလာတော့မည်ဖြစ်ကာ အစိုးရချင်း နည်းပညာနှင့် သတင်းအချက် အလက်ဖလှယ်ရေးပင် တရုတ်နှင့် စင်ကာပူတို့က အချိတ်အဆက်ရှိလာသည် အထိဖြစ်သည်။

ထို့ပြင် စင်ကာပူတို့က အကြီးမားဆုံးဖြစ်လာပြီး ဖွံ့ဖြိုးမှုကောင်းလာသည့် တရုတ်ဈေးကွက်၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်လိုသည့်အတွက် တရုတ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး အစီအစဉ်များ လိုအပ်နေသည်။ ထိုအချက်ကိုလည်း တရုတ်ဝန်ကြီး ချုပ်လီနှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ ဆွေးနွေးနေကြကာ တရုတ်ထံ၌ ပိုမိုကျယ်ပြန့် သည့် ဆောင်ရွက်နိုင်စွမ်းအားကို စင်ကာပူတို့ လိုချင်နေသည်။ တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး စစ်ပွဲဖြစ်နေသည့် အချိန်တွင် တရုတ်တို့က ကြိုတင်ပြင်ဆင်မှုအနေဖြင့် တချို့ နိုင်ငံများကိုပင် အလျှော့ပေး ပေါင်းနေကာ စီးပွားရေး သဘောတူညီချက်များစွာ ထွက်လာစေ ရန် ကြိုးပမ်းနေသည်။ ထိုအချိန်တွင် အမေရိကန်တို့က ဥရောပနှင့်လည်း အဆင်မပြေဖြစ် နေပြီး ကနေဒါနှင့်လည်း အဆင်မပြေ၊ ရုရှားနှင့်လည်း အဆင်မပြေ။ နောက်ဆုံး ထရမ့်က ၎င်းအစပြုခဲ့သည့် မြောက်ကိုရီးယားနှင့်လည်း အဆင်မပြေဖြစ်နေသည့်အတွက် ဒီမိုကရက် တစ်တို့ကိုပင် သမ္မတသက်တမ်း တစ်ဝက်ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ် နေရာ အများစုကို ပေးခဲ့ရသည်။

ထို့ကြောင့် နောက်ပိုင်း ထရမ့်လုပ်ချင်သမျှက အောက်လွှတ်တော်၏ ခွင့်ပြုပေးမှုကို လိုအပ် လာနေပြီဖြစ်ကာ လုပ်ချင်တိုင်း လုပ်နေသည့်ထရမ့်ကို ထိန်းကျောင်းရန် တရားဝင်နေရာတော့ ရှိလာပြီဖြစ်သည်။ သို့သော် ယခုအချိန်ထိ ထရမ့်က ပြင်သစ်၌ ပြောချင်သလိုပြောခဲ့ပြီး လုပ်ချင် သလိုထပ်မံလုပ်ခဲ့ကာ ပြင်သစ်သမ္မတ မက်ခရွန်အား နေတိုးအပေါ် တင်နေသည့်အကြွေးကို အရင်ပေးဆိုပြီး တောင်းခဲ့သေးသည်။

ထိုအတွက် ပြင်သစ်သမ္မတနှင့် ထရမ့်တို့ အဆင်မပြေဖြစ်ခဲ့ကာ ထရမ့်၏လုပ်ရပ်များက ၎င်း၏လုပ်ပိုင်ခွင့် အာဏာကိုသုံးကာ ဖိအားပေးသည့် ပုံစံသက်ရောက်နေသည်။ ထိုအချိန် တရုတ်တို့က အာဆီယံ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာများ ဆွေးနွေးနေပြီး အမေရိကန် မဟာမိတ်များကို ၎င်းဘက်ပါလာစေရန် ဆွဲဆောင်နေသည်။ ထို့ကြောင့် လက်ရှိ တရုတ်တို့ အမေရိကန်နှင့် အင်အားယှဉ်ပြီး မည်မျှပင် အားနည်းစေကာမူ ယခုအတိုင်းသာ ဆက်သွား လျှင် အချိန်တန်လျှင် တရုတ်ကို စီးပွားရေးအရ ယှဉ်နိုင်တော့မည်မဟုတ်ပေ။ ထိုအခါ ၂ဝ၃ဝ ပြည့်နှစ်ရောက်လျှင် တရုတ်၏ စီးပွားရေးက အမေရိကန်ကို ကျော်တက်မည် ဆိုသည့် ဟောကိန်းများကလည်း အမှန်တကယ် ဖြစ်လာတော့မည်ဖြစ်သည်။ လက်ရှိ ထရမ့်သွား နေသည့် လမ်းကြောင်းများက ဝေဝါးနေဆဲဖြစ်ကာ ဦးတည်ချက်က မှန်းဆမရဖြစ်နေသည်။ ၎င်း၏ သမ္မတသက်တမ်း တစ်ဝက်သာရှိလာပြီ ဖြစ်သော်လည်း မည်မည်ရရ ချပြစရာဆို၍ မြောက်ကိုရီးယား အရေးသာရှိသည်။

ထို့ကြောင့် မကြာတော့မည့် အချိန်တွင် တရုတ်တို့၏ စီးပွားရေးသည် အမေရိကန်ကိုကျော် တက်သွားရန်ဆိုသည့် သုတေသနစစ်တမ်းများက အမှန်တကယ်ဖြစ်လာ နိုင်ပါကြောင်း တင်ပြ လိုက်ရပါသည်။   

ရှိန်းထက်

Ref;CNA

Read 99 times
Rate this item
(0 votes)
Last modified on Thursday, 15 November 2018 10:16