SJ WorldNews - шаблон joomla Авто

လူသားချင်းစာနာမှုဖြင့် ယီမင်သို့ ပေးပို့သည့် အကူအညီများကို ရပ်ဆိုင်းပစ်မည်ဟု သတိပေး လိုက်သည့် ကုလသမဂ္ဂ

Saturday, 25 May 2019 12:20 Written by  font size decrease font size decrease font size increase font size increase font size

၂၁ ရာစုခေတ်တွင် အစာရေစာငတ်ပြီး သေဆုံးကြရသည့် အရေအတွက်က နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိကာ အကြီးမားဆုံး ငတ်မွတ်မှုဒဏ်ကို ခံစားနေရသည့်နိုင်ငံမှာ ယီမင်နိုင်ငံဖြစ် သည်။ ယခုလည်း ယီမင်နိုင်ငံအတွက် ငတ်မွတ်မှုဘေးထက် ပိုမိုဆိုးရွားသော ထိုးနှက်ချက် တစ်ရပ်ကို ထပ်မံခံစားနေရပြီဖြစ်သည်။ ယင်းမှာ တစ်ခုတည်းသော အကူအညီဖြစ်သည့် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဉ်မှ အကြီးအကဲ ဒေးဗစ်ဘတ်စ်လေ က ကူညီထောက်ပံ့နေမှုများကို ဆက်လက်နှောင့်ယှက် နေမည်ဆိုလျှင် ယီမင်သို့ထောက်ပံ့ပေးနေ သည့် ကုလသမဂ္ဂအကူအညီများကို ရပ်ဆိုင်းပစ်မည်ဟူသည့် သတိပေးချက်ဖြစ်သည်။

ယီမင်ပြည်တွင်းစစ်စတင်ပြီး အမေရိကန် ကျောထောက်နောက်ခံ ပေးထားသည့် ဆော်ဒီ မဟာမိတ်အဖွဲ့က ယီမင်နိုင်ငံအတွင်း စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်နှင့် တစ်ပြိုင်နက် ပြည်တွင်းစစ်ကြောင့် ပြည်သူ ၁၂ သန်းကျော် အငတ်ဘေးကျရောက်ခဲ့ရသည်။ ဆော်ဒီအာရေ ဗျတို့၏ နေ့စဉ် လေကြောင်းမှ ဗုံးဒါဇင်နှင့်ချီပြီး ကြဲချမှုကြောင့် အပြစ်မဲ့ ပြည်သူအများအပြား သေဆုံးကြရသည်။

ထိုအပြစ်မဲ့ပြည်သူများကြား ကလေးငယ်များသေဆုံးမှုက တစ်နေ့တခြား ပိုမိုတိုးပွားလာသည်။ လက်ရှိအချိန်ထိ ယီမင်ကလေးငယ် သေဆုံးသူဦးရေ တစ်ထောင်ကျော်သွားပြီဖြစ်ကာ ပြည်သူ ၁၂၅ဝဝ ကျော်မှာ အကူအညီများ ချက်ချင်းလိုအပ်လျက်ရှိသည်။ အကယ်၍၎င်းတို့အတွက် ကုလသမဂ္ဂ၏ အကူအညီများမရရှိတော့ပါက အသက်အန္တရာယ်နှင့် ရင်ဆိုင်ကြရတော့မည်ဖြစ် သည်။ အခြေအနေအားလုံးကိုခြုံကြည့်လျှင် ကလေးငယ်ပေါင်းနှစ်သိန်းကျော် အာဟာရ ပြတ် တောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း၊ အစာရေစာ ပြတ်တောက် ခြင်းဒဏ်ကို ခံစားနေရကာ ထိုဖြစ်စဉ်၏ အဓိကတရားခံကို Made in American ဟု အများစုက လက်ခံထားကြသည်။

သမ္မတအိုဘားမား လက်ထက်ကတည်းက စတင်ခဲ့သည့် ကြားဝင်မှုက ထရမ့်လက်ထက် တွင်လည်း ပြီးဆုံးမသွားဘဲ ယီမင်အရေးဆိုလျှင် ထရမ့်က သိသိသာသာပင် ရှောင်ဖယ်နေ သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ဆော်ဒီအာရေဗျက လွတ်လပ်စွာ လူ့အခွင့်အရေး ချိုးဖောက်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့ ဂရုမစိုက်သည့် အတွက် ယီမင်နိုင်ငံက အမေ့ပျောက်ခံဖြစ် နေရတော့သည်။

ယီမင်အရေးတွင် ရှောင်ဖယ်နေသော ထရမ့်က ဆီးရီးယားသူပုန်များအား အကူအညီအ ထောက်အပံ့များပေးအပ်မှုကို ရပ်တန့်လိုက်သည်။ အဆိုးရွားဆုံးမှာ ဆော်ဒီတို့ စည်းဘောင်မရှိ ထင်ရာစိုင်းနေသည့် လုပ်ရပ်များကြောင့်ဖြစ် သည်။ စစ်တမ်းများအရ ဆော်ဒီတို့၏ဗုံးကြဲမှု ကြောင့် သေဆုံးရသူများထဲမှ ၆၅ ရာခိုင်နှုန်းက ပြည်သူများဖြစ်သည်။ ထို့ကြောင့် ကုလသမဂ္ဂက ဆော်ဒီကို နာမည်ပျက်စာရင်း သွင်းခဲ့သော်လည်း နောက်ကွယ်တွင် အမေရိကန်ရှိနေ သည့် အတွက် မည်သည့်လုပ်ဆောင်ချက်မျှ အရာမထင်ခဲ့ပေ။

ယီမင်၌ အပစ်အခတ်ရပ်စဲရေးကို မကြာခဏ ပြုလုပ်လေ့ရှိသော်လည်း နောက်ဆုံးဆော်ဒီတို့ ဗုံးကြဲမှုနှင့်ပင် ထိုအပစ်အခတ်ရပ်စဲမှုက အဆုံးသတ်သွားပြီး စစ်ပွဲများ တစ်ကျော့ပြန်ဖြစ်လာ သည်။ ထို့ကြောင့် ဆော်ဒီကို ဖိအားေ ပးနိုင်သည့် အမေရိကန်တို့ ယီမင်အရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရန် လိုအပ်လာသည်။ အကယ်၍ အမေရိကန်သာ အာရုံစူးစိုက်မှုမရှိ လျှင် ယီမင်အရေးက ယခုအတိုင်းပင် အဆိုးရွားဆုံး အနေအထားတွင် ဆက်ရှိနေဦး မည်ဖြစ်သည်။ ယခုအခါ ကုလသမဂ္ဂကလည်း ယီမင်ထံပေးအပ်နေသော အကူအညီများကို ဖြတ်တောက်မည်ဟု ဆိုနေပြန်သည်။ ထိုအကူအညီများသာ မရှိတော့လျှင် ယီမင်နိုင်ငံ၌ အစာငတ် သေဆုံးသူအရေအတွက်က တစ်ရက်လျှင် ရာချီအထိ ဖြစ်လာနိုင်သည်။

ထိုအခြေအနေဖြင့် ရင်ဆိုင်နေရသည့်တိုင် ယီမင်၌ ဆော်ဒီတို့ ဗုံးကြဲမှုများက ရပ်တန့်မသွားဘဲ ကုလသမဂ္ဂ၏ အကူအညီပေးရေး အစီအစဉ်များကိုပင် ပိတ်ဆို့မှုများ လုပ်ဆောင်လိုက်သေး သည်။ ထို့ပြင် အစားအသောက် သယ်ဆောင်လာသည့် ယာဉ်တန်းကို ပိတ်ဆို့သွားစေရန် ဗုံးကြဲမှုမျိုး ဆော်ဒီတို့ ပြုလုပ်ခဲ့ကြသည်။ ၂ဝ၁၈ ခုနှစ်က အစားအစာယာဉ်တန်း ဗုံးကြဲမှုဆို လျှင်ကုလသမဂ္ဂဝန်ထမ်းများ သေဆုံးရသည် အထိဖြစ်ခဲ့ပြီး မည်သူ၏လက်ချက်ဖြစ်သည်ကို ယခုအချိန်ထိ အဖြေရှာနေရဆဲဖြစ်သည်။

အများစုကတော့ ဆော်ဒီမှလွဲ၍ တခြားတရားခံမည်သူမှ မရှိဟု ဝေဖန်ကြသည်။ အကြီးအကဲ ဒေးဗစ်ဘတ်စ်လေကိုယ်တိုင်ပင်၂ဝ၁၈ ခုနှစ်က အစိုးရ၏ အကူအညီများ ပေးနေမှုကို ဆော်ဒီတို့ပိတ်ဆို့ရန်ကြိုးစားနေသည်ဟု ဆိုထားဖူးသည်။ ဆော်ဒီ၌ စားနပ်ရိက္ခာကို လက်နက် တစ်ခုသဖွယ်အသုံးပြုမှုက ၂ဝ၁၇ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး မြို့တော်ရေပေးဝေရေး လမ်း ကြောင်းများကိုပင် အစိုးရသစ္စာတော်ခံတပ်များက ဖြတ်တောက်ပစ်ကာ သူပုန်ထိန်း ချုပ်ရေး နယ်မြေများကို ပစ်မှတ်ထားခဲ့သည်။

ထိုအချိန်ကတည်းက ယီမင်ပြည်တွင်းစစ်မှာ ပိုမိုဆိုးရွားလာပြီး ပြည်ပလူသားချင်းစာနာ ထောက်ထားမှု အကူအညီများအပေါ်ကိုသာ အားထားလာရတော့သည်။ စစ်တမ်းများအရ ဟူသီသူပုန်တို့ထိန်းချုပ်ထားသည့် လူဦးရေ ၁ဝ သန်းကျော်ရှိသည့်မြို့များမှာ အရေးတကြီး အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ အဓိကအကြောင်းရင်းမှာ အဆိုပါမြို့များသို့ နေ့စဉ်လေကြောင်းမှ ဗုံးကြဲနေသော ဆော်ဒီကြောင့်ပင်ဖြစ်သည်။

ယခုအခါ ဟူသီတို့ထိန်းချုပ်ထားသော နယ်မြေ၌ ကုလသမဂ္ဂမှ အကူအညီပေးသည့် အစားအစာများ ခိုးယူခံရခြင်း၊ ပိတ်ဆို့ခံရခြင်းနှင့် တားဆီးခံရခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂက ဟူသီတို့ကို အပြစ်တင်ထားပြီး အကယ်၍ ထိုလုပ် ရပ်များကို ဆက်လုပ်နေမည်ဆိုလျှင် အကူအညီ အထောက်အပံ့များ ရပ်ဆိုင်းပစ်မည်ဟုပင် ကုလသမဂ္ဂအကြီးအကဲ ဘတ်စ်လေက ကြေညာလိုက်သည်။

ဒီဇင်ဘာအပစ်ရပ်ရေး သဘောတူညီချက်တွင် သူပုန်တို့က အဓိက ဆိပ်ကမ်းမြို့ ဟူဒေးဒါး အပါအဝင် နေရာသုံးနေရာကို အကူအညီပေးရေး ဝင်ပေါက်များအဖြစ် ဖွင့်ပေးခဲ့သည်။ ယခု အခါ ထိုဆိပ်ကမ်းများမှ ဝင်ရောက်လာသော အစားအသောက်များကို ခိုးယူခံရသဖြင့် အမှန် တကယ်လိုအပ်နေသူများထံသို့ အစားအသောက်များ မရောက်တော့ဘဲ ဖြစ်နေရသည်။ နိုင်ငံ ရေးနှင့် စစ်ရေးလေ့လာသုံးသပ်သူများက ယီမင်ပြည်သူများ အနေဖြင့် ငတ်မွတ်ဘေးအပြင် အာဏာရလူတစ်စု၏ ခေါင်းပုံဖြတ်မှုနှင့် လာဘ်စားမှုဒဏ်ကို ခံစားနေရသည်ဟုဆိုသည်။

ယခုတော့ နောက်ဆုံးတရားခံက သူပုန်တို့ဖြစ်လာသည်။ သူပုန်တို့ကြောင့် အပြစ်မဲ့ပြည်သူ ၁ဝ သန်းကျော် နိုင်ငံ၏လေးပုံတစ်ပုံသော လူဦးရေတို့ ဒုက္ခရောက်ကြရတော့မည်ဖြစ်သည်။ ထို့ကြောင့် ဟူဒေးဒါးဆိပ်ကမ်းမြို့ အပါအဝင် မြို့သုံးမြို့မှ ဟူသီတို့ ထွက်ခွာသွားရန် ကုလ သမဂ္ဂက တောင်းဆိုထားသည်။ ထိုသို့တောင်းဆိုထားသည့်အတိုင်း ဟူသီတို့ကလည်း လိုက် နာခဲ့ကြကာ ယခုဆိုလျှင် ထွက်ခွာရေး အစီအစဉ်များပင် ဆောင်ရွက်နေပြီဖြစ်သည်။

သို့သော် စဉ်းစားစရာဖြစ်နေသည်က ဟူသီတို့ကိုယ်တိုင် အစားအသောက် ငတ်မွတ်မှုဒဏ်ကို မခံစားနိုင်သည့်အဆုံး အမိန့်လွန်ဆန်ကာ နောက်ကွယ်မှ ကုလသမဂ္ဂ အစားအသောက်များကို ခိုးယူနေသည့်ပုံစံဖြစ်သည်။ ဟူသီတို့ကို လက်ရှိထောက်ခံပေးနေသည့် အနောက်အင်အားကြီး နိုင်ငံဟူ၍ မရှိ၊ အကူအညီပေးမည့် နိုင်ငံလည်းမရှိ၊ ဟူသီထိန်းချုပ်ထားသည့် ဒေသရှိ ပြည်သူ များသို့ပေးမည့် အကူအညီများသာရှိသည်။ လက်ရှိ ဟူသီတို့အနေဖြင့် ပြည်တွင်း စစ်အပြင် ဆော်ဒီအစိုးရကိုပါ တိုက်ခိုက်နေရသည်။ ယင်းအတွက် ဟူသီတို့ကိုယ်တိုင် ရန်ပုံငွေရှားပါးလာ မှုများဖြင့် တွေ့ကြုံရနိုင်သည်။ ထို့ကြောင့်လည်း အစားအသောက်ခိုးယူမှုအထိ ဖြစ်လာကာ သစ္စာတော်ခံအဖွဲ့များ ဘက်ပြောင်းလဲသွားသောကြောင့် ဟူသီတို့ကို ကုလသမဂ္ဂ၏ နာမည် ပျက်စာရင်းသွင်းခံရရန် အကွက်ချလုပ်ဆောင်ချက်များလည်း ဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါ သည်။ရှိန်းထက်

Read 34 times
Rate this item
(0 votes)
Last modified on Saturday, 25 May 2019 12:30