SJ WorldNews - шаблон joomla Авто

လက်ယာစွန်းခွဲထွက်ရေးသမားတို့ အနိုင်ရနေသည့် ဥရောပသမဂ္ဂရွေးကောက်ပွဲများ

Sunday, 02 June 2019 12:20 Written by  font size decrease font size decrease font size increase font size increase font size

လတ်တလော ကမ္ဘာ့မီဒီယာများကြား အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ဂျပန်သို့သွား သည့်သတင်းနှင့်အပြိုင် နာမည်ကြီးလာသည့် သတင်းက ဥရောပသမဂ္ဂ ရွေးကောက်ပွဲ များအကြောင်း ဖြစ်သည်။ ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ဥရောပသမဂ္ဂ ရွေးကောက်ပွဲ တွင် ၂ဝ၁၉ ခုနှစ် ရွေးကောက်ပွဲကတော့ ထူးခြားသည့် ရွေးကောက်ပွဲဟု ဆိုရမည်ဖြစ် သည်။

ဗဟိုလက်ဝဲယိမ်းနှင့် လက်ယာယိမ်းတို့ နေရာတဖြည်းဖြည်း ကွယ်ပျောက်လာပြီး လက် ယာစွန်းတို့ ပိုမိုနေရာယူ လာသည်။ ကနဦး ခန့်မှန်းချက်ကတော့ လက်ဝဲများကသာ အားသာသည်ဟု ဆိုသော်လည်း လက်ရှိတွင် ပြောင်းပြန် လက်ယာစွန်းတို့ အောင်မြင် နေသည်။ ထိုအချက်က ဗြိတိန်၏ ဥရောပသမဂ္ဂမှ ခွဲထွက်မည့် အရေးနှင့် ၂ဝ၁၅ ခုနှစ် အရှေ့ အလယ်ပိုင်းမှ ရွှေ့ပြောင်းလုပ်သား ပြဿနာများ ကြောင့်ဖြစ်သည်။

အဆိုးဆုံး လက်ယာစွန်းရောက်သွားသော နိုင်ငံကိုပြပါဆိုလျှင် အီတလီကိုပြရမည်ဖြစ် သည်။ ၎င်းကိုယ်တိုင် စီးပွားရေး အားနည်းနေသည့်ကြားထဲ အရှေ့အလယ်ပိုင်းမှ ဝင်ပေါက်ဝင်လမ်းသဖွယ် ၎င်း၏ နိုင်ငံကို ဒုက္ခသည်များက ပစ်မှတ်ထားသည့်အခါ အခြေအနေက ပိုဆိုးခဲ့သည်။ သိန်းချီသော လူများကို လက်ခံထားရသည့် အချိန် နောက်ထပ် ထောင်ချီသော လှေစီးဒုက္ခသည်များက လည်း ဥရောပမှ ထပ်ရောက်လာ ကြပြန်သည်။ မည်သို့ပင် လက်မခံနိုင်ဟု ပြောပြော ဥရောပနိုင်ငံများ ခွဲတမ်းနှင့် လက်ခံရမည်ဟု ဆိုသောအခါ အီတလီလည်း မလွတ်တော့ပေ။

အီတလီက ထိုပြဿနာများနှင့်ပင် ပြီးမသွား၊ ထောင်ချီသောလူများကို လက်ရှိအချိန်ထိ ပင် ကယ်ဆယ်နေရ သေးသည်။ ဥရောပသမဂ္ဂက တူရကီကို လျော်ကြေးပေးပြီး ဒုက္ခသည် တားဆီးရေး လုပ်ခြင်းကလည်း သိပ်အောင် မြင်ပုံမရ။ တူရကီက ဥရောပသို့ ဒုက္ခသည်များ မဝင်စေရန် တားဆီးပေးမည်ဆိုသဖြင့် ပေးနေရသည့် ငွေက နှစ်စဉ် ယူရို ၂ ဘီလီယံခန့်ရှိသည်။

သို့သော် တူရကီတို့က ဒုက္ခသည်များကို အမှန်တကယ် တင်းတင်းကျပ်ကျပ် တားဆီး နေခြင်းမဟုတ်။ ၎င်း၏ စီးပွားရေးအရသာ အဆင်ပြေရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး တူရကီ အစိုးရသည် IS တို့နှင့် ပူးပေါင်းကာ ရေနံဈေးကွက်ကို အသုံးချပြီး သန်းရာချီ အမြတ်ထုတ်ခဲ့ကြသည်။ ယခုနောက်ပိုင်း ဥရောပသမဂ္ဂနှင့် တူရကီတို့ အဆင်မပြေသည့်အခါ ဒုက္ခသည် တားဆီးရေးအတွက် ငွေကိုပိုတောင်းခဲ့ပြီး ကိုယ်တိုင် ကတော့ ရုရှားဘက်သို့ ရောက်သွားခဲ့သည်။ ထို့ကြောင့် တူရကီ၏ ဥရောပသမဂ္ဂသို့ ဝင်ရန် အိပ်မက်က ပယ်ဖျက်လိုက်ပြီဟု ဆိုနိုင်သည်။

တစ်ပြိုင်နက်တည်းမှာပင် ဥရောပသမဂ္ဂ၏ ဖိအားများကလည်း တူရကီအတွက် သိပ် အရာထင်တော့မည် မဟုတ်ပေ။ သို့သော်လည်း မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး) ဝင်ဖြစ်ခြင်း၊ မဝင်ဖြစ်ခြင်းနှင့် ပတ်သက်ပြီးတူရကီက မည်သည့် စကားသံမျှ ထွက်မလာသေးဘဲ နေတိုးဆိုသည်မှာ ဥရောပခြမ်းကို စစ်ရေးအရ ကာကွယ်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့ထဲတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ မဟုတ် သည့် တူရကီကလည်း ပါဝင်ချင်သည်။

ယခု တူရကီက ဥရောပသမဂ္ဂသို့ မဝင်ချင်တော့။ ထိုအချိန် ဗြိတိန်တို့ကလည်း ဥရောပ သမဂ္ဂမှ ခွဲထွက်ရန် ကြိုးစားနေသည်။ အီတလီတို့ကလည်း ဥရောပသမဂ္ဂ၏ သဘော ထားကို သိပ်အမြင် မကြည်ပေ။ ထိုအချက်က အီတလီတို့ One Belt One Road ၌ ပါဝင်ရန် လက်မှတ်ရေးထိုးသည့် အချိန် ကြေညာသော ထုတ်ပြန်ချက်ကို ကြည့်ခြင်း အားဖြင့် သိနိုင်သည်။ ဥရောပသမဂ္ဂက တရုတ်နှင့် စီးပွားရေးအင်အား တိုးမြှင့်ခြင်းကို တော့ အီတလီကို ကန့်ကွက်သည်။ တခြား ဥရောပနိုင်ငံကြီးများ တရုတ်နှင့် ချစ်ကြည်ရေး ပိုတိုးလာသည်ကိုတော့ လက်ခံသည်။ ထို့ပြင် ကုန်သွယ်ရေးပင် ပိုတိုး လုပ်နေသေးသည် ဟုဆိုကာ ပိုးလမ်းမ သဘောတူညီချက်ကို အီတလီတို့ လက်မှတ် ထိုးလိုက်ခြင်းဖြစ်သည်။

ယင်းအတွက် ဥရောပသမဂ္ဂဆိုသည့် ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းကြီးတစ်ခုက ၂၁ ရာစုတွင် လူကြိုက်နည်း လာသည်။ ဗြိတိန်၌ဆိုလျှင် Brexit ပါတီကို ဦးဆောင် သည့် နီဂယ်ဖာရေး အနိုင်ရပြီး ဂျာမနီ၌လည်း အိန်ဂျဲလာမာကယ်၏ ပါတီနောက် ရောက်သွား ကာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ Green ပါတီက အနိုင်ရထားသည်။

ဂရိ၌လည်း ထိုအတိုင်းပင်ဖြစ်ကာ လက်ယာစွန်း အမျိုးသားဝါဒီတို့ကသာ အားသာနေ သည်။ ဂရိသည် မကြာသေးမီက စီးပွားပျက်ကပ်ကို ရင်ဆိုင်ထားရသည့် နိုင်ငံဖြစ်ကာ နာလန်ထူရန် အသည်းအသန် ကြိုးစားနေရသည့် နိုင်ငံဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နှင့် ဥရောပသမဂ္ဂဆီမှ ချေးငွေဘီလီယံနှင့် ချီယူပြီးသည် အထိ ဂရိစီးပွားရေးက ထင်ထားသလောက် အားမကောင်းလာသေးပေ။ ထို့ကြောင့် လက်ဝဲ မဟုတ်သည့် အပြောင်းအလဲတစ်ခုကို ဂရိတို့ လိုချင်နေကြသည်။

ထို့ကြောင့် လက်ယာစွန်း အမျိုးသားဝါဒီတို့ ခေါင်းထောင်လာကြကာ အလယ်အလတ် နှင့် လက်ဝဲတို့ နောက်ရောက်သွားကြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဒုက္ခသည် ဝင်လာမှုကို အားမပေးသည့် နိုင်ငံပိုများလာသည်ဟု ဆိုရမည်ဖြစ်သည်။ ဟန်ဂေရီဆိုလျှင် ပြောစရာပင်မလို။ ယခင်က ကိုယ့်တာကိုယ်လုံရန် ခြံစည်းရိုးခတ်ကာ ဥရောပသမဂ္ဂကို ဂရုမစိုက်ဘဲ ၎င်းလုပ်ချင်တာလုပ်ခဲ့သည်။ တစ်ဖန် ပြင်သစ်၌လည်း မရင်းလီပန် ဦးဆောင်သည့် အမျိုးသားရေး မဟာမိတ် ပါတီကအနိုင်ရပြီး မက်ခရွန် နောက်ရောက်သွားပြန်ကာ အီတလီ၏ အနိုင်ရပါတ Lega က ဥရောပသမဂ္ဂကို ပြောင်းလဲပစ်ရန် ၎င်းကို ပြည်သူများက အခွင့်အာဏာ ပေးအပ်ခဲ့ပြီဟု ရွေးကောက်ပွဲ အောင်မြင်မှု မိန့်ခွန်း၌ ပြောခဲ့သည်။

ဘရပ်ဆဲနှင့် စတားဘတ်ကဲ့သို့ နေရာများကိုသာ လက်ဝဲဝါဒီအများစု ထိန်းချုပ်ထားနိုင် သော်လည်း အများစု လက်ယာအားကောင်းသည့် ခွဲထွက်ရေး သမားများ၊ ဒုက္ခသည် ဝင်ရောက်မှု ဆန့်ကျင်ရေးသမား များကသာ အနိုင်ရနေသည်။ ထို့ကြောင့် ဥရောပ သမဂ္ဂ၏ စည်းလုံးမှုမှာ တဖြည်းဖြည်း ယိုယွင်းလာသည် ဆိုသည့်အချက်က ငြင်းမရဖြစ် သည်။ ၁၉၆ဝ ပြည့်နှစ် တစ်ဝိုက်က ဥရောပသမဂ္ဂ ညီညွတ်ရေးဆိုပြီး လှုပ်ရှားမှုများ ပြုလုပ်ကာ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း နားလည်မှုရှိစေရန် လူထုခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများက ကြိုးစားခဲ့ဖူးသည်။ ထိုညီညွတ်မှုက ၂ဝ၁၄ ခုနှစ် ဒုက္ခသည် ဝင်ရောက်မှု သန်းချီလာသည့် အချိန် စတင်ပျက်ပြားလာသည်ဟုဆိုနိုင်ကာ ယခုဆို လျှင် ဥရောပသမဂ္ဂတို့ သွေးကွဲလာမှုက ငါးနှစ်ထဲကိုပင် ရောက်လာနေပြီဖြစ်သည်။

ထို့ကြောင့် ဥရောပသမဂ္ဂအဖွဲ့ကြီး ပြန်လည်အားကောင်းလာပြီး ညီညွတ်ရန် ဥရောပတို့ ကိုယ်တိုင် စိုးရိမ်စရာ အခြေအနေ တစ်ခုအထိ ရောက်လာနေပြီဖြစ်ကာ ယနေ့မဲပေးပွဲ များက အနာဂတ်ဥရောပ၏ အဆုံးအဖြတ်များ ဖြစ်သည်။ မဲပေးသူပေါင်း သန်း ၄ဝဝ နီးပါးအထိရှိခဲ့ပြီး သက်တမ်းတစ်လျှောက် ပြည်သူတို့ စိတ်ဝင်စားမှုအရှိဆုံး ရွေးကောက် ပွဲအဖြစ်လည်း သတ်မှတ်ခံထားရသည်။ လူထုစိတ်ဝင်စားဆုံး ဆိုသည့်အချက်ကလို ချင်တာရရန် ပြင်းပြင်းထန်ထန် သဘောထားရှိသူများ ပိုမိုများပြားလာသည် ဆိုသော အချက်ကို သဘောဆောင်နေသည်။ အခြေခံ စည်းမျဉ်းအရ ဥရောပသမဂ္ဂ ၂၈ နိုင်ငံ၌ ငါးနှစ်တစ်ကြိမ် တာဝန်ထမ်းဆောင်နိုင်သည့် ကိုယ်စားလှယ်ပေါင်း ၇၅၁ ဦး ရွေး ကောက်တင်မြှောက် ရမည်ဖြစ်ကာ ထိုအမတ်များက တစ်ဖန် ဥက္ကဋ္ဌနေရာကို ရွေးချယ် တင်မြှောက် ရမည်ဖြစ်သည်။

သို့ဖြစ်၍ ဥရောပ၏ စည်းလုံးမှု ပျက်ပြားလာခြင်းနှင့် ခွဲထွက်ရေးသမားတို့အောင်ပွဲက နောက်ဆုံးတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအောက် ရောက်သွားမည်ကို နိုင်ငံရေး လေ့လာ သုံးသပ်သူများက စိုးရိမ်နေကြပါကြောင်း တင်ပြလိုက်ရပါသည်။ ။

Ref;BBC

Read 16 times
Rate this item
(0 votes)
Last modified on Sunday, 02 June 2019 12:22