SJ WorldNews - шаблон joomla Авто

နိုင်ငံတကာမှ စောင့်ကြည့်နေကြသည့် ထရမ့်၏ အာရှ ၁၁ ရက်ခရီးစဉ်

Wednesday, 04 October 2017 11:55 Written by  font size decrease font size decrease font size increase font size increase font size

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကတည်းက တရားဝင်အာဏာရလာခဲ့သည့် ထရမ့်၏ ဒုတိယမြောက်ခရီးစဉ်က လုံးဝပစ်ပယ်မရနိုင်သော အာရှဘက်ခြမ်းသို့ ဆိုက် ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီဖြစ်သည်။နိုဝင်ဘာလတွင်

အာရှခရီးစဉ် ၁၁ ရက် သွားမည်ဟုစက်တင်ဘာ ၂၈ ရက်က အိမ်ဖြူတော်မှ တရားဝင်ထုတ်ပြန်ခဲ့ပြီး လူတိုင်း က ပထမခရီးစဉ်ကကဲ့သို့ ထရမ့်အနေဖြင့် ဘယ်လိုအံ့သြစရာများကို လုပ်ပြမ လဲ ဆိုပြီးစောင့်ကြည့်နေကြပြန်ပြီဖြစ်သည်။

ပထမဆုံးပြည်ပခရီးအဖြစ် ထရမ့်က အရှေ့အလယ်ပိုင်းဒေသရှိ ဆော်ဒီသို့သွားခဲ့ပြီး အမေရိကန်ဒေါ်လာ၁ဝဝ ဘီလီယံကျော်တန် လက်နက်ရောင်းချရေးစာချုပ်ကို ဆော်ဒီ ဘုရင်နှင့် ချုပ်ဆိုခဲ့သောကြောင့် နိုင်ငံတ ကာက အံ့အားသင့်ခဲ့ရသည်။ ယခုအာရှခရီးစဉ်၌လည်းထိုအတိုင်းပင်ဖြစ်သည်။ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ဗီယက် နမ်နှင့် ဖိလစ်ပိုင်ငါးနိုင်ငံခရီးဖြစ်ပြီး ထရမ့်ခရီးမထွက်ခင်ကတည်းက ပစ်နေ သည့်လေ သံ ကမြောက် ကိုရီးယားဖြစ်သည်။

ဂျပန်ကို ပထမဆုံးသွားရသည့်အကြောင်းက ၎င်း၏စစ်တပ်အင်အားကို အကောင်းဆုံးအခြေစိုက်ထားသည့်နေရာဖြစ်ပြီး မြောက်ကိုရီးယားကိုထိန်းချုပ်ရန် ဂျပန်နှင့် မဖြစ် မနေပူးပေါင်းမှလည်းဖြစ်မည်။ သို့သော်ဂျပန်က ထရမ့်နှင့်ပတ်သက်ပြီး အဖွင့်မှာတင် အထိနာထားရသည်။ နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်သည့် ပစိဖိတ်ဖြတ်ကျော် စီးပွားရေး (TPP) မှ ထရမ့်ထွက်သွားပြီးကတည်းကစတင်ရန် ယခုအချိန်ထိ အကောင် အထည် မဖော်နိုင်သေး သည့်အခြေအနေဖြစ်နေကာ အမေရိကန်တို့၏နေရာကို ဂျပန်တို့ က ဝင်ယူထားရသည်။

အမေရိကန်သာမထွက်ခဲ့ပါက ပစိဖိတ်ဖြတ်ကျော်စီးပွားရေး (TPP )မှာ ယခုအချိန်လောက်ဆိုလျှင်အကောင်အထည်ဖော်ပြီးဖြစ်လောက်ကာ ယခုကျန်သည့် ၁၁ နိုင်ငံ နှင့် ကောင်းမွန်စွာမလှုပ်ရှားနိုင်ဖြစ်နေရသည်။ ထို့ကြောင့် ဂျပန်တို့ ထရမ့်ကို အမြင်မကြည်ဖြစ်နေကာ တစ်ဖက်တွင်လည်း အမေရိကန်ကိုဂျပန်တို့ လုံးဝပစ်ပယ် မရဖြစ်နေ သည်။ ထို့ကြောင့်ဂျပန်ဝန်ကြီးချုပ် အာဘေးက TPP ကိစ္စကို ဘေးချိတ်ပြီး ထရမ့်နှင့် အိမ်ဖြူတော်၌ ပထမဆုံး တွေ့ဆုံ သည့်နိုင်ငံခြား ခေါင်း ဆောင်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ယခု ထရမ့်၏ခရီးစဉ်တွင် ဂျပန်တို့၏ ကုန်သွယ်ရေး၊ စစ်ရေးအပါအဝင် မြောက်ကိုရီးယားအရေးကိုလည်း အဓိကထားဆွေးနွေးကြမည်ဖြစ်ပြီး တရုတ်ကိုလည်း စီးပွားရေး ထက် မြောက်ကိုရီးယားအရေးကြောင့်သာ အဓိ က ထားပြီးသွားမည်ဖြစ်သည်။

ထရမ့်လာမည်ဆိုသည့်အသံကြောင့် တရုတ်နှင့်အမေရိကန်တို့၏ အပြန်အလှန်စကားစစ်ထိုးပွဲများရပ်တန့်နေကြပြီး မကြာသေးမီကပင် တရုတ်တို့က မြောက်ကိုရီး ယားကု မ္ပဏီများကို ပိတ်ခိုင်းခဲ့ကာ ကုန်သွယ် မှုအတော် များများကိုလည်း ရပ်တန့်ပစ်ခဲ့သည်။ ထို့ကြောင့် မြောက်ကိုရီးယားတို့ လောင်စာစွမ်းအင်ပြဿနာနှင့် ရင် ဆိုင်နေ ရကာ တရုတ်ကိုမှီခိုနေရမှုထက် ရုရှားကိုစွမ်းအင်မှီခိုနေရမှုက ပိုမိုအလေး သာလာ မည့် ပုံစံဖြစ်နေသည်။

သို့သော် မြောက်ကိုရီးယား၏ အဓိကကုန်သွယ်ဖက်မှာ တရုတ်ဖြစ်သည်။ ရုရှားနှင့် ကုန်သွယ်မှုထက်တရုတ်နှင့်ကုန်သွယ်မှုက အဆပေါင်းများ စွာသာ ကာတရုတ်နှင့်ကုန်သွယ်မှု အမြတ်အစွန်း များကြောင့် ပင်မြောက် ကိုရီး ယားတို့ နုကလီးယား အထပ်ထပ်အခါခါစမ်းသပ်နေနိုင်ခြင်းဖြစ်သည်ဟု ထရမ့်ကတရုတ်ကို အပြစ် တင်ထားသည်။

တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် ထရမ့်တို့ အမေရိကန်တွင် တွေ့ဆုံမှုက သိပ်အရာမရောက်ခဲ့သကဲ့သို့ယခုတစ်ကြိမ်လည်း မည်သို့ဖြစ်လာဦးမလဲဆိုသည့် စောင့်ကြည့်မှု များ ရှိနေ သည်။ တရုတ်နှင့်ပတ်သက်ပြီး သွေးအေးနေသည့်သတင်းက တောင်တရုတ်ပင်လယ်ပြင်အရေးဖြစ်သည်။ ထရမ့်က တောင်တရုတ်ပင်လယ်ပြင်အရေးကို ပြတ် သားစွာကိုင်တွယ်မည်ဟု ဆိုထားသော်လည်း ယခုအချိန်ထိ တရုတ်တို့တောင် တရုတ် ပင် လယ်ပြင်အရေးတွင် အနိုင်ရနေဆဲဟုဆိုနိုင်သည်။

ထရမ့်၏တတိယမြောက်ခရီးစဉ်က တောင်ကိုရီးယားဖြစ်သည်။ လက်ရှိတွင် အမေရိကန် မရိန်းတပ်သားပေါင်း နှစ်သောင်းကျော် တပ်စွဲထားပြီး မြောက်ကိုရီးယားအရေးကို အနီးကပ်စောင့်ကြည့်နေသည့် အဓိကနေ ရာဖြစ်ကာထရမ့်၏ ယခုအာရှခရီးစဉ်က မြောက်ကိုရီးယားအရေးကိုသာ ဦးစားပေးလာသည်မှာ ကျိန်းသေနေသည်။ ငါးနိုင်ငံခရီး စဉ်အား မြောက်ကိုရီးယားအရေးကိုင်တွယ်မည့် သုံးနိုင်ငံကို အဓိကထား လာရောက်ပြီး ကျန်နှစ်နိုင်ငံက စစ်ရေး၊ စီးပွားရေးနှင့်မဟာမိတ်အရေးဖြစ်သည်။

တောင်တရုတ် ပင်လယ်ပြင်အရေးကြောင့် တရုတ်နှင့်ဗီယက်နမ်တို့တင်းမာခဲ့ကြချိန်တွင် အမေရိကန်တို့ ဗီယက်နမ်ကို အမေရိကန်ဒေါ်လာသန်းရာနှင့်ချီတန်ဖိုးရှိသည့်လက်နက်များအခမဲ့ထောက်ပံ့ပေးခဲ့ကာ ရင်းနှီးမှုပို ရအောင်ယူနိုင်ခဲ့သည်။ သို့သော် တရုတ်နှင့်ကုန်သွယ်ရေးပိုင်းတွင် အကောင်းဆုံးပုံစံဖြင့် ယခုအချိန်ထိ ကျန်ရှိ နေ သေးပြီး ဗီယက်နမ်ကို စီးပွားရေးနှင့်စစ်ရေးကြောင့်သွားမည်ဖြစ်သည်။

နောက်ဆုံးခရီးစဉ်ဖိလစ်ပိုင်ကို သမ္မတဒူတာတေတက်လာခဲ့သည့်အချိန်ကတည်းက ထရမ့်၏ အကောင်းဆုံးမဟာမိတ်အဖြစ်မှ လက်လွှတ်ခဲ့ရကာ သိသိသာသာကြီးပင် ဒူတာတေ က တရုတ်ဘက်ကို ခြေစုံပစ် ဝင်သွား ခဲ့ သည်။ ဒူတာတေက ယခင်ကတည်းက ဖိလစ်ပိုင်ကို အမေရိကန်တို့ ချုပ်ကိုင်ထားခြင်းကို မလိုချင်သောကြောင့် ၎င်းအာဏာရလာသည့်အချိန် အမေရိကန်စစ်အခြေစိုက်စခန်းများကို ၎င်း၏နိုင်ငံထဲမှ ထွက် သွားခိုင်း ရန်အထိ ပြောကြားသည်။

ယခုအမေရိကန်တို့ ဒူတာတေကြောင့် ဖိလစ်ပိုင်၌ ရှိနေသည့် ၎င်းတို့၏ စစ်အခြေစိုက်စခန်းများအဆင့်မြှင့်တင်ခြင်းကို ဆိုင်းငံ့ရသည်။ ထိုအခြေအနေကိုထိန်းချုပ်နိုင်ရန် ထရမ့် က သူသမ္မတဖြစ်ဖြစ်ချင်း ပင်ဒူ တာတေ အား အိမ်ဖြူတော်ကိုလာလည်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် ဒူတာတေကရောက်မလာခဲ့ဘဲ၎င်း၏ဖိတ်ခေါ်မှုကို အရေးပင်မစိုက်ခဲ့ပေ။ယခု ထရမ့်က ¤င်း၏ခရီးစဉ်တွင် ဖိလစ်ပိုင်ကိုထည့်တွက်တော့မည့် အခြေ အနေရောက်လာခဲ့သည်။အိန္ဒိယကဲ့သို့နိုင်ငံမျိုးကိုပင်ချန်ထားပြီး ဖိလစ်ပိုင်ကိုအရောက်သွားမည်ဖြစ်သည်။ ထရမ့်၏ ခရီးစဉ်တွင် အိန္ဒိယနိုင်ငံမပါသော်လည်း ဝန်ကြီးချုပ်မိုဒီနှင့်တော့ သီးခြား တွေ့ဆုံမည်ဖြစ်သည်။

ထရမ့်သည် ဖိလစ်ပိုင်ရောက်လျှင် ¤င်းထက်သဘောထားပိုတင်းမာသည့် ဒူတာတေနှင့် တွေ့ဆုံပွဲက ပိုပြီးစိတ်ဝင်စားစရာကောင်းနေပြန်သည်။ ထရမ့်ကဒူတာတေကို အောင်မြင် စွာဖျောင်းဖျပြီး တရုတ်လက်ထဲမှပြန် လည်ဆွဲ ထုတ်နိုင်မလား သို့မဟုတ် ထရမ့်လာမှပိုဆိုးသွားမလားဆိုသည်ကို လက်ရှိတွင် ထင်မြင်ချက်အမျိုးမျိုး ပေးနေကြ ဆဲဖြစ်သည်။ထို့ကြောင့် ထင်တာလုပ်တတ်သည့်ထရမ့်၏အာရှခရီးစဉ်က နိုင်ငံတကာက စောင့်ကြည့်ခြင်း ခံရသည်မှာ မထူးဆန်းပါကြောင်း တင်ပြလိုက် ရပါ သည်။ ။

Read 23 times
Rate this item
(0 votes)
Last modified on Wednesday, 04 October 2017 12:00