SJ WorldNews - шаблон joomla Авто

မူးယစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေပြီဖြစ်သည့် ဖိလစ်ပိုင်

Monday, 16 October 2017 09:54 Written by  font size decrease font size decrease font size increase font size increase font size

အာဆီယံနိုင်ငံများထဲ၌ ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက   နာမည်အကြီး ဆုံးနိုင်ငံကိုပြပါဆိုလျှင်   ဖိလစ်ပိုင်သမ္မတ ဒူတာတေတက်လာခဲ့သည့် ဖိလစ်ပိုင်နိုင်ငံကို ကျိန်းသေလက်ညှိုးထိုးရမည်ဖြစ်သည်။

မူးယစ်နှိမ်နင်းရေးကို  အပြင်းထန်ဆုံးကိုင် တွယ်ခဲ့ပြီး ဆေးစွဲသူများကို ကိုယ်တိုင်အဖမ်း မခံလျှင် ပစ်သတ်သည်အထိ ကြမ်းခဲ့ သည့် ဒူတာတေကြောင့်ဖြစ်သည်။

မူးယစ်နှိမ်နင်းရေးစစ်ပွဲကြောင့် ဖိလစ်ပိုင်၌ ခြောက်လအတွင်း  သေဆုံးသူ ထောင်နှင့် ချီရှိခဲ့ပြီး  ဒူတာတေက၎င်းနှိမ်နင်းသည့် အစီအစဉ်ကို  နိုင်ငံတကာက ဘယ်လိုပင်  ဝေဖန်ဝေဖန် လက်လျှော့မည့်သူမဟုတ်ပေ။  နောက်ဆုံး  အမေရိကန်နှင့် ကုလသမဂ္ဂက လာရောက်နားချသည်ကိုပင် ဂရုမစိုက်ဘဲ ကုလ သမဂ္ဂ အတွင်း ရေး မှူး ဟောင်း ဘန်ကီမွန်း ကိုပင်  မျက်နှာချင်းဆိုင်ကာ သတိပေးခဲ့သည်။

ဒူတာတေ၏  လက်သုံးစကားသည် ၎င်း၏နိုင်ငံကောင်းစားရေး အတွက် ၎င်း၏ လုပ်ရပ်အား တခြားနိုင်ငံများဝင်ရောက် စွက်ဖက်ခြင်းကိုမခံနိုင်ကြောင်း  မာမာတင်း တင်းဆိုထားသည်။ ထို့ကြောင့်  တစ်ကမ္ဘာလုံး၏ စောင့်ကြည့် မှုကိုခံခဲ့ရပြီး  ဒူတာတေသည် လည်း ကမ္ဘာကျော်ခဲ့သည်။ ဒူတာတေကိုယ် တိုင်က   မူးယစ်ဆေး စွဲသူ များကိုတွေ့လျှင် သတ် ပစ် ရန်အထိ တိုက်ရိုက်အမိန့်ပေး ထားပြီး တရားရင်ဆိုင်ရလျှင်တောင်၎င်း ကိုယ် တိုင်ရင်ဆိုင်မည်ဟု   ပြောကြားထား သည်။

နောက်ဆုံး ၎င်း၏ဆွေမျိုးသားချင်းများဆေးစွဲခဲ့လျှင်၎င်းကိုယ်တိုင်သတ်ပစ်မည်ဟု မည်သူမျှမထင်ထားသည့် ရဲရဲတောက်စကား များကို သမ္မတဖြစ်ဖြစ်ချင်းမှာပင် ပြောကြား ခဲ့သူဖြစ်ကာ လူ့အခွင့် အရေး သမားများ၏ ပစ်မှတ်ဖြစ်ခဲ့သည်။  သို့သော်  မည်သည့် လူ့အခွင့်အရေးအဖွဲ့ကမျှ ဒူတာတေကို ရပ်တန့်အောင်မလုပ်ဆောင်နိုင်ခဲ့ပေ။ ၎င်းကိုဝေဖန် ခဲ့သည့်   ရဲတပ်ဖွဲ့အကြီးအကဲကို ပင် ရာထူးမှချက်ချင်းထုတ်ပစ်ခဲ့ရုံသာမက အို ဘား မား က ၎င်းကိုဝေဖန်ခဲ့သောကြောင့်    အမေရိကန်ကိုခွာ၍ တရုတ်ဘက်သို့ ပြေး ကပ်ခဲ့ သူဖြစ်သည်။

ယခု ဖိလစ်ပိုင်၏မဟာမိတ်အဖြစ် အမေ ရိကန်က  နောက်ရောက်နေပြီး  တရုတ်နှင့် ရုရှားက ၎င်း၏သွေးသောက်အဖြစ် အစား ရောက်နေပြီဖြစ်သည်။ယခုအချိန်ထိ  ဒူတာတေက  မူးယစ်နှိမ်နင်းရေးစစ်ပွဲကို ဆင်နွှဲနေ ဆဲဖြစ်ကာ လူမသိသူမသိ မူးယစ် ဆေးနှင့်ပတ်သက်သည့် လုပ်ရပ်တစ်ခုက  ဆေးစွဲနေသူများကို ပြန်လည် ထူ ထောင်ပေးရေး အစီအစဉ်ဖြစ်သည်။  နိုင်ငံအတွင်း သန်းနှင့်ချီသည့်  ဆေးစွဲနေသူများကို ဆေး ဖြတ်ပြီး   ပြန် လည်ထူထောင်ရေးလုပ်ငန်းများ  လုပ်ဆောင်နေ သော် လည်း  မီဒီယာအများစု က  ဒူတာတေ ဆေးစွဲသူများအားသတ်သည့် ဘက်ကိုသာ   ဦးစားပေးရေးနေကြသော ကြောင့်  ယင်းလုပ်ရပ်ကို   လူ သိပ်မ သိခြင်း ဖြစ်သည်။

ပြန်လည်ထူထောင်ရေးရုံတစ်ခုလျှင် လူ သောင်းချီဆံ့ပြီး  ယခုအချိန်ထိ  ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေ သည်။  လူအများစုက ထိုအစီအစဉ်ကို သဘောကျကြသည်။ ထိုအထဲ၌နေရသည့် ဘဝက  ၎င်းတို့အတွက်  အန္တရာယ်ကင်းကာ ပိုလုံခြုံပြီး အပြင်မှာဆိုလျှင်  ဘယ်အချိန် အသတ်ခံရမလဲ စိတ်တထင့် ထင့် နှင့် နေရ သည့်ဘဝဖြစ်သည်။

နေ့စဉ် နံနက် ၅ နာရီထကာ ဘုရားဝတ် ပြု၊ အားကစားလုပ်ချိန် အားကစားလုပ်၊ ထို့နောက် တကယ်လက်တွေ့ဘဝကို ပြန် လည်ဝင်ရောက်တွေးတောနိုင်မည့်   အစီ အစဉ်အဖြစ် နံရံကိုကြည့်ကာ  အတိတ်နှင့် အနာ ဂတ် ကိုလက်တွေ့ဘဝနှင့်ယှဉ်ပြီး တွေးတောစေသည်။  တစ်ဦး၏အခြေအနေ ကို တစ်ဦးချင်းစီပြန်လည်စုံစမ်းစေပြီး ပုံမမှန် သည့်အခြေအနေများကို  ပြန်လည်ပြောပြ စေသည်။ အကြံပေးလိုသည့်အရာများကို လွတ် လပ်စွာအကြံပေး၍ရစေရန် စာတိုက်ပုံး လေးများလုပ်ကာ ထည့် ခွင့်ပေး ထားပြီး ယခု အချိန်ထိ  ထွက်ပြေးရန်ကြိုးစားသူ အနည်း ငယ်သာရှိသည်။

ထွက်ပြေးသူများကိုရိုက်နှက်ခြင်း နှင့် တစ်ဦးတည်းနေခိုင်းထားခြင်းဆိုသည့် ဝေဖန်သံများထွက်နေပြီး  စည်းမျဉ်းပိုင်းတွင် ရိုက်နှက်ခြင်းကိုခွင့်ပြုထားခြင်းမရှိပေ။ သို့သော် တစ်ဦးတည်းသီးခြားခွဲပြီး အခန်း ပိတ် သည့် အရာများ ကအခြေအနေပေါ် မူတည်ပြီး အပြစ်ပေးလေ့ရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့်   ပြန့်နှံ့ အောင်ပြုလုပ်ရန်အထိ ပြန်လည်ထူထောင် ရေးအစီအစဉ်ကို ရည်ရွယ်ထားကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက တရားဝင် ပြောထား ကာ ယခု ထိုအစီအစဉ် အားကောင်း လာ သည်ဟု ဆိုရမည်ဖြစ်သည်။ ရေရှည် စီမံကိန်းတစ်ခုအဖြစ်   ဖိလစ်ပိုင်တို့ မူးယစ် ပြန်လည်ထူထောင်ရေးကိုတစ်ဖက်က အသားပေးလုပ်ဆောင်နေကာ   ထောင်ထဲ၌ ထားပြီး   အပြစ်ပေးခြင်းထက်  ပြန်လည် ထူထောင်ရေး က ပိုကောင်းသည့်လုပ်ရပ်ဆို သည်ကို ဖိလစ်ပိုင်တို့ နား လည် သဘောပေါက် လာပြီဖြစ်သည်။

သို့သော်  ဖိလစ်ပိုင်၌   မူးယစ်ဆေးစွဲ နေသည့် အရေအတွက်ကထင်မှတ်ထား သည်ထက်ပင် ပိုမိုများပြားနေကာ ဒူတာတေ မူးယစ်ဆေးစွဲသူများကို   ပစ်သတ်သည့် အချိန်မှ စ၍ ၎င်းတို့ကိုယ်တိုင်  ရဲစခန်း များ၌ လာရောက် အဖမ်းခံခဲ့သည့် လူအရေ အတွက်က   သုံးပတ်အတွင်း သုံးသိန်း ကျော်ခဲ့သည်။

နိုင်ငံ အတွင်း၌ရှိသည့်   ထောင်များထဲတွင်  ပြည့်ကျပ်သွားသည်အထိ ကိုယ်တိုင် အဖမ်းခံသည့် အရေအတွက်   များပြားခဲ့ကာ သမိုင်း တစ်လျှောက်တွင် ၂ဝ၁၇ ခုနှစ် သည်   အကျဉ်းသား အများဆုံးနှစ် အဖြစ် မှတ် တမ်းဝင်မည်မှာ သေချာသည်။ ဒူတာတေ မူးယစ်သမားများကို မည်မျှသတ်သတ် ယခု အချိန်ထိကိုထောက်ခံသည့် ပြည်သူအင်အားက ကျမသွားသေးဘဲ ဒူတာတေက ပြောသည့်အတိုင်း အမှန် တ ကယ်ဖြစ်အောင် လုပ်နေသောကြောင့်ဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က ပြောခဲ့သမျှကို ဒူတာတေက ဖြစ်အောင်လုပ် နေပြီးပြောစမှတ်တွင်ခဲ့သည့်အရာက ထရမ့်၏ အိမ်ဖြူတော်သို့လာရန် ဖိတ်ခေါ်ခြင်းကို ပင် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင် ဒူ တာတေက ၎င်းကိုယ်တိုင်  တရုတ်နိုင်ငံသို့ လုပ်ငန်းရှင်များနှင့်အတူ သွားရောက်ကာ အမေရိ ကန် ဒေါ် လာ ၂ဝ ဘီလီယံကျော်တန် သဘောတူ စာချုပ်များချုပ်ဆိုခဲ့သည်။ ထရမ့်၏ လာမည့်အာရှခရီးစဉ်တွင် ဖိလစ်ပိုင် ပါဝင် နေပြီး  မူးယစ်ဆေးစစ်ပွဲများအကြောင်းကို ထရမ့်နှင့် ဒူတာတေ မည်သို့ဆွေးနွေးမည် ဆိုသည်မှာ  စိတ်ဝင်စားစရာဖြစ်သည်။

သို့သော် ဒူတာတေ၏ မူးယစ်ဆေးသမား များကိုပစ်သတ်ခြင်းမှာနာမည်ကြီးနေ သလောက် ၎င်း၏ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ မထင်ပေါ်ခြင်းမှာ  နိုင်ငံတကာ မီဒီယာများ၏ မျက်ကွယ်ပြုထားခြင်း တစ်ခု ဖြစ် ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။                      

ရှိန်းထက်

Read 21 times
Rate this item
(0 votes)
Last modified on Monday, 16 October 2017 10:02