SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

စက်တင်ဘာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များနှင့် ကြိုတင် သတိပြု ဖွယ် ရာများ

Monday, 04 September 2017 09:47 Written by  font size decrease font size decrease font size increase font size increase font size

မေး။ ဟုတ်ကဲ့ပါဆရာ။ ပထမဆုံး စက်တင်ဘာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များကို မတင်ပြခင် ပြီးခဲ့တဲ့သြဂုတ်လ အတွင်း မှာဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနဲ့ဇလဗေဒ အခြေ အနေ များ ကို သုံးသပ်ပေးပါဦးဆရာ။

ဖြေ။ မုတ်သုံလယ်ကာလအတွင်း မိုးရွာသွန်းမှုအခြေအနေများဟာ   မုတ်သုံလေအား ကောင်း မှု၊ မုတ်သုံကာလမှာ အဓိကဖြစ်တဲ့ Monsoon Trough လို့ခေါ်တဲ့ မုတ်သုံလေ ဖိအား နည်း မြှောင် တန်းရဲ့ တောင်-မြောက်ရွေ့လျားမှုနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ် ပေါ်တဲ့မုန် တိုင်းများ နဲ့ အများကြီးဆက်စပ်နေပါတယ်။ မုတ်သုံလေအခြေအနေနဲ့ကတော့ ပြီးခဲ့တဲ့သြဂုတ် လ အတွင်း   မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ် သုံ လေအားကောင်းတဲ့ရက်နည်းခဲ့ပြီး    တစ်လလုံးခြုံကြည့်ရင် အများအားဖြင့်  မုတ်သုံ လေ အားအသင့်အတင့်ရှိခဲ့ခြင်း၊   မုတ်သုံလေဖိအားနည်းမြှောင်တန်းကလည်း မြန်မာနိုင် ငံမြောက် ပိုင်းဘက်မှ ရက်အတော်ကြာကြာဖြတ်သန်းတည်ရှိနေခြင်းနဲ့ သြဂုတ် ၂၃ ရက်မှာ တရုတ်နိုင် ငံတောင် ပိုင်းကမ်းခြေကို ဟောင်ကောင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်း မုန် တိုင်း''ဟာတို''ရဲ့ အကြွင်းအကျန်လေပွေလှိုင်းတစ်ခုဟာ မြန်မာနိုင်ငံအရှေ့ပိုင်းမှတစ်ဆင့် အထက် ပိုင်းဒေ သများကိုဖြတ်ကျော်ခဲ့ခြင်းစတဲ့    မိုးလေဝသဖြစ်စဉ်များကို တွေ့ ရှိရ ပါတယ်။

 မိုးရွာ သွန်းမှုကိုကြည့်မယ်ဆိုရင် မုတ်သုံအားကောင်းတဲ့ သြဂုတ်လပထမ ၁ဝ ရက်ပတ်နဲ့ ဒုတိယ ၁ဝ ရက်ပတ်အတွင်း ကမ်းရိုးတန်းဒေသများနဲ့ မြစ်ဝကျွန်းပေါ်ဒေသများမှာ မိုးကောင်း ခဲ့ သလို မုတ်သုံလေဖိ အားနည်း မြှောင်တန်းဖြတ်သန်းခဲ့ရတဲ့ မြောက်ပိုင်းဒေသများမှာလည်းသြဂုတ်လ ဒုတိယ ၁ဝ ရက်ပတ်အတွင်း မိုးရွာသွန်းမှုများခဲ့ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနဲ့ အရှေ့ပိုင်းဒေသများမှာတော့   တိုင်ဖွန်းမုန်တိုင်း''ဟာတို''ကြောင့် သြဂုတ်လ တတိယ ၁ဝ ရက်ပတ်အတွင်း မိုးကောင်းစွာရရှိခဲ့ပါတယ်။ ကျန်ရက်များကတော့ မိုး ရွာသွန်းမှု အသင့်အတင့် သာရှိခဲ့ပါတယ်။

စံချိန်တင်မိုးရွာသွန်းမှုကတော့ ဇောင်းတူမြို့မှာ နှစ်ပေါင်း ၂၉ နှစ် အတွင်း စံချိန်တင်မိုးရွာသွန်းခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် သြဂုတ်လအတွင်း ရွာသွန်းခဲ့ တဲ့မိုး ရေချိန်များနဲ့နှိုင်းယှဉ်ပါက ကချင်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ရခိုင်၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာ ရီတိုင်းဒေသကြီးတို့မှာ မိုးပိုရွာသွန်းခဲ့ပါတယ်။ သြဂုတ်လအတွင်းမြစ်များအလိုက် စိုးရိမ် ရမှတ်ရောက်ရှိခဲ့မှုကတော့  ဧရာဝတီမြစ်တစ်လျှောက်မှာ ရွှေကူမြို့၊ ကသာမြို့၊ သပိတ် ကျင်း မြို့၊ မန္တလေးမြို့၊စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ အောင် လံမြို့၊ ဟင်္သာတမြို့တို့မှာ စိုးရိမ်ရေမှတ် အထက် ကျော်လွန်ခဲ့ပါတယ်။   ချင်းတွင်းမြစ် တစ် လျှောက်မှာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာမြို့၊ ဒုဋ္ဌဝတီမြစ်မှာမြစ်ငယ်မြို့၊ စစ်တောင်းမြစ်မှာ မဒေါက်မြို့၊ သံလွင်မြစ် မှာ ဘားအံမြို့၊   ငဝန်မြစ် မှာ ငသိုင်းချောင်းနဲ့ သာပေါင်းမြို့၊ တိုးမြစ်မှာ မအူပင်မြို့တို့မှာ စိုးရိမ်ရေမှတ်အထက်သို့ ကျော် လွန်ရောက်ရှိခဲ့ပါတယ်။

မေး။ ဟုတ်ကဲ့ပါဆရာ။ စက်တင်ဘာလအတွင်းဖြစ်ပေါ်နိုင်တဲ့ မိုးလေဝသအခြေအနေနဲ့ မြစ်ကြီးများရဲ့မြစ်ရေအခြေအနေများကရော ဘယ်လိုရှိနိုင်တယ်ဆိုတာ သုံးသပ်ပေးပါဦး ဆရာ။

ဖြေ။ ဟုတ်ကဲ့ပါ။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း  နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ် မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါတယ်။ မုတ်သုံလေ အင် အား အခြေအနေကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံ လေ အားအသင့်အတင့်ရှိနိုင်ပါတယ်။

စက်တင်ဘာလအတွင်း အနောက်တောင် မုတ်သုံ လေဟာ မြန်မာနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းမှု မိုးရွာရက်များနဲ့မိုးလေဝသအခြေအနေခန့်မှန်းချက်အနေဖြင့် ရန်ကုန် တိုင်းဒေ သကြီး၊   ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည် နယ်တို့မှာ  ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေ သကြီး၊   တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၁ ရက်မှ  ၂၆ ရက်ခန့်နဲ့ စစ်ကိုင်း တိုင်း ဒေ သကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ က ယားပြည်နယ် တို့မှာ ၁၅ ရက် မှ ၂ဝ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။မေး။ ဆရာပြောသွားတဲ့အထဲမှာ စက်တင်ဘာလအတွင်း မုတ်သုံလေဆုတ်ခွာမယ်လို့သိရ ပါ တယ်။ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးပေး ပါလား ဆရာ။

ဖြေ။ ၂ဝ၁၇ ခုနှစ်အတွက် အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမှဆုတ်ခွာနိုင်မှုအခြေ အနေ ကတော့ အနောက်တောင်မုတ်သုံလေဟာ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၁၅-၂ဝ ရက် အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာလ ၂၁-၂၆ ရက် အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာ ၂၇ ရက်မှ အောက် တို ဘာ ၂ ရက် အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိပါတယ်။မေး။ ယခုဆိုရင် မိုးနှောင်းကာလထဲကိုဝင်ရောက်ပြီလို့  သိရပါတယ်။ ဒါကြောင့် မိုးနှောင်းကာလသတ်မှတ်ချက်နဲ့ ဖြစ်ပေါ် တတ် တဲ့ မိုးလေ ဝသဖြစ်စဉ်များကို ဆွေး နွေးပေးပါဦး။

ဖြေ။ ဟုတ်ကဲ့ပါ။ မိုးနှောင်းကာလအပိုင်းအခြားကတော့ စက်တင်ဘာ ၁ ရက်နေ့မှ အနောက် တောင် မုတ်သုံလေ မြန်မာတစ်ပြည်လုံးကနေ ဆုတ်ခွာသွားတဲ့ရက်အထိကို မိုးနှောင်းကာလ လို့ သတ်မှတ်ထားပါတယ်။ မိုးလယ်ကာလလို ရက်အတိအကျတော့မရှိပါဘူး။  များသောအား ဖြင့် မိုးနှောင်းကာလအစပိုင်းဖြစ်တဲ့ စက်တင်ဘာလလဆန်းပိုင်းကစလို့ အနောက် တောင် မုတ် သုံလေ ဟာ အားလျော့နည်းလာတတ်ပြီး    မုတ်သုံလေပြန်လည်ဆုတ်ခွာတတ်ပါတယ်။ အနောက် တောင်မုတ်သုံလေဆုတ်ခွာမှုအခြေအနေကတော့ ပထမဦး ဆုံးမြောက် ပိုင်းဒေ သများ ဖြစ်ပါတယ်။ ဆက်ပြီးတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသများ နောက် ဆုံးမြန်မာနိုင်ငံတောင်ပိုင်းဒေသများ တစ်နည်းပြောရရင်တော့ မြန်မာနိုင်ငံတစ်ဝန်းမှ ဆုတ်ခွာ သွား မှာဖြစ်ပါတယ်။အနောက်တောင်မုတ်သုံလေဆုတ်ခွာမှုဟာ  စက်တင်ဘာလအတွင်း မြန် မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာမယ်ဆိုရင် မိုးနှောင်းကာလအပိုင်းအခြားဟာ စက်တင်ဘာလ တစ်လ ပဲရှိပါတယ်။ အကယ်၍ အောက်တိုဘာလလယ်မှာမှဆုတ်ခွာခဲ့ရင်တော့ မိုးနှောင်း ကာလ အပိုင်း အခြားဟာ စက်တင်ဘာလနဲ့အောက်တိုဘာလလယ်ပိုင်းအထိဖြစ်ပါတယ်။

စက်တင်ဘာလဆန်းပိုင်းကစလို့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားလျော့ နည်းလာ တတ် သော်လည်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ မုတ်သုံမုန်တိုင်းငယ်များ ဖြစ်ပေါ်လာ ပါ က  ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းလာပြီး မြန်မာနိုင်ငံ အနှံ့အပြား မိုးရွာစေပါတယ်။ မုန်တိုင်းဟာကုန်းတွင်းသို့  ဝင်ရောက်တဲ့တိုင်အောင်  သုံးရက် ခန့် ဆက်၍ မုတ် သုံလေ အားကောင်းနေတတ်ပါတယ်။ စက်တင်ဘာလအတွင်း ဖြစ်ပေါ်တဲ့မုန် တိုင်းများဟာ   မြန်မာနိုင်ငံကိုဖြတ်ကျော်ဝင်ရောက်မှု  ရာခိုင်နှုန်းနည်းပါတယ်။ သို့သော်လည်း အားနည်း နေတဲ့ မုတ် သုံကို အားပြန်ကောင်းစေကာ မုတ်သုံမိုးပိုမိုရရှိစေပါတယ်။ မြန်မာနိုင်ငံ အလယ် ပိုင်းဒေသတွေမှာတော့ စက်တင်ဘာလအတွင်း အရှေ့ ဘက်မှမုန် တိုင်းအကြွင်း အကျန် များ၊ လေပွေ လှိုင်းများ၊ ဖိအားနည်းရပ်ဝန်းများဝင်ရောက် ဖြတ်သန်းသွား တတ်ခြင်း တို့ကြောင့် မိုးနှောင်းကာလအတွင်းရွာသော   မိုးရေချိန်ဟာ မိုးဦးနဲ့ မိုးလယ်ကာလ တို့မှာရွာ သွန်းသောမိုးရေချိန်ထက် ပိုများ တတ်ပါတယ်။

မိုးနှောင်းကာလအတွင်း မိုးပိုမိုရရှိစေတဲ့ အချက်ငါးချက်ရှိပါတယ်။ အဲဒါတွေကတော့ မုတ်သုံ လေပြန် လည်ဆုတ်ခွာမှုနောက်ကျခြင်း၊ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်ခြင်း၊ အရှေ့ ဘက်မှ လေပွေလှိုင်းများ၊ လေဖိအားနည်းရပ်ဝန်းများနဲ့မုန်တိုင်းအကြွင်းအကျန်များ မြန်မာနိုင်ငံသို့ဖြတ်ကျော်ခြင်း၊  အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ဖိအား နည်းရပ်ဝန်း များအ ရှေ့ ဘက်သို့ ရွေ့လျားခြင်းနဲ့ ဟိမဝန္တာမြောက်ဘက်မှ လေစိုင်ဆုံများအရှေ့တောင်ဘက်သို့ ရွေ့လျားတဲ့ အခါမှာ မိုးကောင်းစေပါတယ်။

ဒေသတစ်ခုမှာ အနောက်တောင်မုတ်သုံလေစတင်ဆုတ်ခွာတဲ့အချိန် ဒါမှမဟုတ် မုတ်သုံရာသီ ဥတု ကုန် ဆုံးတော့မယ့်အချိန်မှာတွေ့ရမယ့် မိုးလေဝသဖြစ်စဉ်များကတော့ မိုးထစ်ချုန်းခြင်း၊ လျှပ်ပြက်ခြင်းတွေများပြားလာပြီး  မြေပြင်မှာတိုက်ခတ်တဲ့လေဟာ မုတ်သုံကာလ တိုက်ခတ်မြဲ အရပ်ဖြစ်တဲ့ တောင် သို့မဟုတ် အနောက်တောင်အရပ်မှ တိုက်ခတ်နေရာမှ မြောက် သို့ မဟုတ် အရှေ့မြောက်ဘက်မှ မကြာခဏတိုက်ခတ်လေ့ရှိခြင်းတို့ဖြစ်ပါတယ်။

မိုးနှောင်းကာလများတွင် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းများဖြစ်ပေါ်တတ်သလို  တောင် တရုတ်ပင် လယ်ပြင်မှာ ဖြစ်ပေါ်လေ့ရှိသော မုန်တိုင်းများ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော် ဝင်ပြီး နောက် မုန်တိုင်းအကြွင်းအကျန်များအနောက်ဘက်အရပ်သို့ ရွေ့လျားရာမှ ကပ္ပလီပင် လယ်ပြင် သို့ရောက်ရှိလာပြီးမုန်တိုင်းအဖြစ်ပြန်လည်အားပျိုးလာတတ်ပါတယ်။

အနောက်တောင်မုတ်သုံလေ  ဆုတ်ခွာသွားပြီး မကြာမီကာလအတွင်း အိန္ဒိယနိုင်ငံဘက်မှ  မြန်မာနိုင် ငံမြောက်ဘက်သို့ ဦးတည်ရွေ့လျားလာတဲ့ လေပွေလှိုင်းများ၊ ဖိအားနည်း ရပ်ဝန်း များ အပြင် အထက်လေထုလွှာများအတွင်း အနောက်ဘက်မှရွေ့လျားလာသည့် လေအေးလှိုင်းများကြောင့် မြန်မာပြည်မြောက်ပိုင်း၊ အလယ်ပိုင်းတို့မှာ မိုးဆက် ရွာနိုင် သလို ဟိမဝန္တာတောင် တန်းမြောက်ပိုင်းဘက်ရှိ အနောက်မှအရှေ့သို့ရွေ့ လျားတဲ့လေ စိုင်ဆ များကြောင့်လည်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာ မိုးရွာနိုင်ပါတယ်။အရှေ့ဘက်မှ လေပွေ လှိုင်းများကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတို့မှာ မိုးဆက် ရွာတတ်ပါတယ်။

မေး။ စက်တင်ဘာလမှာ ကြိုတင်သတိပြုဖွယ်ရာမိုးလေဝသနဲ့ဇလဗေဒအခြေအနေများကို   မိဘပြည် သူတွေပိုမိုသိရှိအောင် ဆွေးနွေးပေးပါဦးဆရာ။

ဖြေ။ ဟုတ်ကဲ့ပါ။ ကြိုတင်သတိပြုဖွယ်ရာများအနေနဲ့ကတော့ စက်တင်ဘာလဟာ မိုးနှောင်း ကာ လဖြစ်ပြီး မုတ်သုံလေဆုတ်ခွာတော့မယ့်အချိန်ကာလများဖြစ်ပါတယ်။

စက်တင်ဘာလအတွင်းဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းများနဲ့ မုန် တိုင်း များဖြစ် ပေါ်နိုင်ပါတယ်။ စက်တင်ဘာလမှာဖြစ်ပေါ်တတ်တဲ့ မုန်တိုင်းများဟာ ပင်လယ် အတွင်းမှာ ရက်အတော်ကြာကြာတည်ရှိနေတတ်တဲ့အတွက် မုန်တိုင်းအရှိန် ကြောင့် မြန် မာနိုင်ငံမှာ မိုးရွာသွန်းမှုများလာပြီး မြစ်ရေကြီးမှုများကိုသတိပြုဖို့လိုပါတယ်။ စက်တင်ဘာ လ အတွင်း မြစ်ကြီးများ မှာစိုး ရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိမှုဟာ မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင် နဲ့သြဂုတ်တို့ထက် ရာခိုင်နှုန်းအားဖြင့် နည်းပါတယ်။

သို့သော်လည်း သြဂုတ်လအတွင်း စိုးရိမ်ရေမှတ်ရောက်ခဲ့တဲ့ မြို့များမှာလည်း ရေခံ ကောင်းနေတဲ့အတွက် စိုးရိမ်ရေမှတ်ကို နောက်တစ်ကြိမ်ပြန်လည်မြင့်တက်လာပြီး စိုးရိမ်ရေ မှတ်များကို   ကျော်လွန်နိုင်သလို သြဂုတ်လကုန်ပိုင်းအထိ စိုးရိမ်ရေမှတ်အောက် မရောက် သေး တဲ့ မြို့များမှာလည်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေနိုင်တဲ့အတွက် မြစ်ရေကြီးခြင်း သတိပေးချက်ထုတ်ပြန်မှုများကို အထူးဂရုပြုစေလိုပါတယ်။

နောက်သတိထားရမယ့်မိုးလေဝသဖြစ်စဉ်တစ်ခုကတော့ စက်တင်ဘာလအတွင်း မုတ်သုံလေ ဆုတ် ခွာချိန်နဲ့ ဆုတ်ခွာသွားပြီးတဲ့အချိန်များမှာဖြစ်ပေါ်လေ့ရှိတဲ့ မိုးတိမ်တောင်များကြောင့် မိုးကြိုး ပစ်ခြင်း၊လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခြင်းစတဲ့ သဘာဝဘေးများဖြစ်ပါတယ်။ လူနှင့် တိရစ္ဆာန်တို့ကို မိုးကြို၊မိုးဦးမှာ အန္တရာယ်ပေးနိုင်သလို မိုးနှောင်းကာလများမှာလည်း အန္တ ရာယ်ပေးသောဖြစ် စဉ်ဖြစ်ပါတယ်။

နောက်ဆုံးတင်ပြလိုတဲ့အချက်အနေနဲ့ကတော့ စက်တင်ဘာလအတွင်း မုတ်သုံ ဆုတ်ခွာသွား တဲ့ ဒေသများမှာ မုတ်သုံမိုးမဟုတ်သော်လည်း အခြားသောမိုးလေဝသဖြစ်စဉ်များကြောင့် မိုးများရ ရှိနိုင်သော် လည်း မုတ်သုံမိုးကဲ့သို့ အချိန်မှန်မှန်နဲ့အချိန် ကြာကြာရွာ သွန်းမှု မရှိတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အောင်ရေရရှိ အောင်ဆောင် ရွက် ထားဖို့ လိုပါတယ်။

မုတ်သုံအထွက်မှာဖြစ်ပေါ်တဲ့မိုးတိမ်တောင်များကြောင့် အချိန်တိုတိုနဲ့ မိုးသည်းထန်စွာ ရွာသွန်း မှုဖြစ်ခဲ့ရင် ချောင်းငယ်များမှာ လျှပ်တစ်ပြက်ရေကြီးမှုများကိုလည်း သတိထား ရမှာဖြစ် ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ထူးခြားမိုးလေဝသအခြေအနေများ၊ မုတ်သုံအခြေ အနေ၊ မိုးကြီးမည့်သတိပေးချက်များ၊ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေများ၊ မြစ်များ ရဲ့စိုးရိမ် ရေမှတ်ကိုရောက်ရှိနိုင်မယ့်အခြေအနေများ၊ သတိပေးချက်များကို မိဘပြည်သူများထံ ကြိုတင်အသိပေးတင်ပြပေးသွားမှာဖြစ်ပါတယ်။

ထို့ကြောင့်  ၂ဝ၁၇  ခုနှစ် စက်တင်ဘာလ မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များကို ပြည်သူလူထုသိရှိပြီး မိမိတို့၏စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း များ အတွက် ကြို တင်ပြင် ဆင်ဆောင်ရွက်နိုင်ရန် တွေ့ဆုံမေးမြန်းမှုကို  တင်ပြလိုက်ရပါတယ်။         

Read 1617 times
Rate this item
(0 votes)
Last modified on Monday, 04 September 2017 09:51

Latest from